အဆိုတော် ရဲရင့်အောင်ကတော့ အဆိုတော်တစ်ယောက်ဖြစ်ပြီး လူငယ်တွေကြိုက်နှစ်သက်တဲ့ သီချင်းပေါင်းများစွာကို ဖန်တီးရေးသားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အဆိုတော်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေတဲ့ ရဲရင့်အောင်ဟာ “ငါ့ကိုနမ်းတဲ့မုန်တိုင်း”၊ “ဂျင်ပါတီ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း
ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေပါရိုက်ကူးလျက်ရှိတဲ့ ရဲရင့်အောင်ဟာ MRTV 4 မင်းသမီး မေမီကိုကိုနဲ့လည်း
ပထမဦးဆုံးအကြိမ် ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ ရဲရင့်အောင်နဲ့ မေမီကိုကိုတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “နှလုံးသွေးနဲ့ရေးတဲ့ပန်းချီ” ဇာတ်လမ်းတွဲကို လာမယ့်အောက်တိုဘာလ (၁၃) ရက်နေ့မှာ
Channel K ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရဲရင့်အောင်နဲ့ မေမီကိုကိုတို့ သရုပ်ဆောင်ထားကြတဲ့ “နှလုံးသွေးနဲ့ရေးတဲ့ပန်းချီ” ဇာတ်လမ်းတွဲရဲ့
Triler ဗီဒီယိုအတိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ “နှလုံးသွေးနဲ့ရေးတဲ့ပန်းချီ” ဇာတ်လမ်းတွဲကို ဒါရိုက်တာ ညီညီငြိမ်းမင်းက ရိုက်ကူးပြီး ရဲရင့်အောင်၊ မေမီကိုကို၊ ကြယ်စင်သွန်း
ပိုင်ထူး၊ လင်း၊ မင်းကိုစိုး၊ ထူးမြတ်မင်း၊ ခေဒြာမြင့်မိုရ်၊ မီကိုခန့် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply