ပရိသတ်ကြီးရေ အဆိုလောကမှတစ်ဆင့် ရုပ်ရှင်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ယုန်လေးကိုတော့ အားလုံးပဲသိကြမှာပါ။ ယုန်လေး ဟာ အဆိုပိုင်းမှာနာမည်ကြီးခဲ့ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သီဆိုခဲ့တဲ့ သီချင်းအပုဒ်တိုင်းဟာလဲ အားလုံးလိုလိုအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ မင်းသား မြင့်မြတ် နဲ့အတူ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး
ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြန်ပါတယ်။ အရင်ချိန်တွေတုန်းက ယုန်လေးကို အားပေးတဲ့ပရိသတ်များစွာ ရှိခဲ့ပေမယ့်လဲ လက်ရှိအချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှု့ကို ခံနေရပါတယ်။
သူဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှာ ရှိမနေဘဲ မှားတဲ့ဘက်မှာ ရပ်တည်နေတာကြောင့် ဖြစ်ပါတယ်။ ယုန်လေး ကို ပြည်သူတွေက အားလုံးက Boycott စာရင်းထဲကို ထည့်သွင်းထားပြီးတော့
Unfollow လုပ်တဲ့အထိ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ယုန်လေး ဟာ ပြည်သူတွေရဲ့ဆန့်ကျင်မှု့တွေကို ဂရုမစိုက်ပဲ လုပ်စရာရှိတာကိုသာ တောက်လျှောက်လုပ်နေခဲ့ပါတယ်။ Boycott ကြောင့်
လူမှု့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့တဲ့ ယုန်လေး ဟာ ပရဟိတတွေလုပ်ကိုင်ရင်း ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ယုန်လေး ဟာ ကုန်စျေးနှုန်းနဲ့ပတ်သက်တဲ့
ထင်မြင်ယူဆချက်တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။” ဒေါ်လာစျေး 4300 ကနေ အခု 3000 အောက်ရောက်သွားပါပြီ ရွှေစျေး သိန်း 30 ကျော်ကနေ 26 သိန်းအောက် ရောက်သွားပါပြီ
ကားစျေးတွေ လည်းတောင့်ထားတာပဲရှိတာ အဝယ်မရှိ ကျနေပါပြီ. ဆေး ရောင်းတဲ့ ဆေး ဆိုင်တွေ ဆန်. ဆီ. ဆား. တခြာတခြား ကုန်စျေးနူန်းများရုပ်တည် ကြီးနဲ့ မသိချင်ယောင်ဆောင်မနေပါနဲ့တော့
ကျရင် ကျစျေးအတိုင်း ရောင်းပြီးကုသုလ် ယူလိုက်ပါ ခင်မျာ ” လို့ယုန်လေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ ယုန်လေး ရဲ့ ထင်မြင်ယူဆချက်နဲ့ပတ်သက်ပြီး ဝေဖန်ချင်တာများရှိရင် ကောမန့်မှာရေးသားသွားခဲ့ပါအုန်းနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ကားဈေးတွေ လည်းတောင့်ထားတာပဲရှိတာ အဝယ်မရှိ ကျနေပါပြီ. ဆေး ရောင်းတဲ့ ဆေး ဆိုင်တွေ ဆန်. ဆီ. ဆား. တခြာတခြား ကုန်ဈေးနူန်းများရုပ်တည် ကြီးနဲ့ မသိချင်ယောင်ဆောင်မနေပါနဲ့တော့
Leave a Reply