
ဒေါ်လာဈေးတွေ ပြန်လည်ကျဆင်းလာပေမဲ့ အခြေခံစားသောက်ကုန်တွေ ဒီနေ့အထိ ပြန်ကျဆင်းလာတာ မရှိသေးဘူးလို့ စားသုံးသူတွေက ပြောပါတယ်။
ဒေါ်လာဈေးတက်တုန်းက လက်လီလက်ကား အရောင်းသမားတွေက အခြေခံစားသောက်ကုန်ဈေးတွေ အပြိုင် အဆိုင်တက်ခဲ့ကြပြီး အခု ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးတွေ ပြန်ကျပေမဲ့ လက်ကားလောက်ပဲ အနည်းငယ်ကျဆင်းကာ လက်လီအရောင်းသမားတွေက အတက်ဈေးနဲ့သာ ရောင်းချနေတုန်းပဲလို့ မွန်ပြည်နယ်၊ ရေးမြို့နယ်က စားသုံးသူတွေက ပြောပါတယ်။
ထိုင်းပစ္စည်း သယ်ယူတင်သွင်းနေသူတယောက်က “ဒီဘက် မွန်ပြည်နယ်ထဲက ထိုင်းပစ္စည်းတွေ အဓိက အဝင်များတယ်။ မြဝတီနယ်စပ်ဘက်မှာ မငြိမ်မသက်ဖြစ်တော့ ပစ္စည်းက ခါတိုင်းလို အဝင်မများပေမဲ့ အခု ထိုင်းဘတ်ငွေဈေးတွေ ပြန်ကျတော့ ထိုင်းပစ္စည်း လက်ကားဈေးတော့ အနည်းငယ် ပြန်ကျဆင်းသွားတယ်” လို့ ပြောပါတယ်။
အိမ်ရှင်မတဦးက “ထိုင်းကနေ တင်သွင်းလာတဲ့ စား သောက်ကုန်ဖြစ်တဲ့ စားဆီဈေးတွေသာ ထောင်ဂဏန်းကျသွားတယ်။ ပြည်တွင်းထုတ် စားဆီဈေးကတော့ ကျပ်ရာဂဏန်းသာ ကျသွားတယ်။ ဆန်ဈေးလည်း ဒီအတိုင်းပဲ၊ ဈေးမကျတဲ့အပြင် ဈေးပါ ထောင်ဂဏန်းလောက် ပြန်တက်သွားတယ်” လို့ ပြောပါတယ်။
ဝေးလံခေါင်ဖျားတဲ့ နယ်စွန်းနယ်ဖျားဘက်ကတော့ ဒီနေ့အထိ ဈေးကြီးပေး ဝယ်စားနေရသလို အခုလို နယ်မြေမအေးချမ်းဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသဘက်ကဆို စားစရာ သောက်စရာတွေ ပြတ်လ ပ်နေတယ်လို့ ကျေးလက်နေ ဒေသခံတယောက်က ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်ကတော့ စီးပွား ရေးတွေ ပြန်လည်ဦးမော့လာအောင်၊ ကုန်ဈေးနှုန်းတွေ ပြန်ကျဆင်းသွားအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမဲ့ သိပ်ပြီး ထူးခြားမလာဘဲ စီးပွားရေး သမားတွေမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကိုဗစ်ကာလကနေ ဒီနေ့အထိ တနိုင်ငံလုံးအတိုင်းအ တာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုရပ်တည်ဖို့ ခက်ခဲလာသလို သာမန်လက်လုပ်လက်စားတွေမှာ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံရပြီး တနေ့တခြား ပြည်ပကို ထွက်ခွာနေကြပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေဒၚလာေဈးေတြ ျပန္လည္က်ဆင္းလာေပမဲ့ အေျခခံစားေသာက္ကုန္ေတြ ဒီေန႕အထိ ျပန္က်ဆင္းလာတာ မရွိေသးဘူးလို႔ စားသုံးသူေတြက ေျပာပါတယ္။
ေဒၚလာေဈးတက္တုန္းက လက္လီလက္ကား အေရာင္းသမားေတြက အေျခခံစားေသာက္ကုန္ေဈးေတြ အၿပိဳင္ အဆိုင္တက္ခဲ့ၾကၿပီး အခု ေဒၚလာ၊ ေ႐ႊ၊ စက္သုံးဆီေဈးေတြ ျပန္က်ေပမဲ့ လက္ကားေလာက္ပဲ အနည္းငယ္က်ဆင္းကာ လက္လီအေရာင္းသမားေတြက အတက္ေဈးနဲ႕သာ ေရာင္းခ်ေနတုန္းပဲလို႔ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္က စားသုံးသူေတြက ေျပာပါတယ္။
ထိုင္းပစၥည္း သယ္ယူတင္သြင္းေနသူတေယာက္က “ဒီဘက္ မြန္ျပည္နယ္ထဲက ထိုင္းပစၥည္းေတြ အဓိက အဝင္မ်ားတယ္။ ျမဝတီနယ္စပ္ဘက္မွာ မၿငိမ္မသက္ျဖစ္ေတာ့ ပစၥည္းက ခါတိုင္းလို အဝင္မမ်ားေပမဲ့ အခု ထိုင္းဘတ္ေငြေဈးေတြ ျပန္က်ေတာ့ ထိုင္းပစၥည္း လက္ကားေဈးေတာ့ အနည္းငယ္ ျပန္က်ဆင္းသြားတယ္” လို႔ ေျပာပါတယ္။
အိမ္ရွင္မတဦးက “ထိုင္းကေန တင္သြင္းလာတဲ့ စား ေသာက္ကုန္ျဖစ္တဲ့ စားဆီေဈးေတြသာ ေထာင္ဂဏန္းက်သြားတယ္။ ျပည္တြင္းထုတ္ စားဆီေဈးကေတာ့ က်ပ္ရာဂဏန္းသာ က်သြားတယ္။ ဆန္ေဈးလည္း ဒီအတိုင္းပဲ၊ ေဈးမက်တဲ့အျပင္ ေဈးပါ ေထာင္ဂဏန္းေလာက္ ျပန္တက္သြားတယ္” လို႔ ေျပာပါတယ္။
ေဝးလံေခါင္ဖ်ားတဲ့ နယ္စြန္းနယ္ဖ်ားဘက္ကေတာ့ ဒီေန႕အထိ ေဈးႀကီးေပး ဝယ္စားေနရသလို အခုလို နယ္ေျမမေအးခ်မ္းဘဲ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့ ေဒသဘက္ကဆို စားစရာ ေသာက္စရာေတြ ျပတ္လ ပ္ေနတယ္လို႔ ေက်းလက္ေန ေဒသခံတေယာက္က ေျပာပါတယ္။
အာဏာသိမ္းစစ္အုပ္စု ေခါင္းေဆာင္ကေတာ့ စီးပြား ေရးေတြ ျပန္လည္ဦးေမာ့လာေအာင္၊ ကုန္ေဈးႏႈန္းေတြ ျပန္က်ဆင္းသြားေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုထားေပမဲ့ သိပ္ၿပီး ထူးျခားမလာဘဲ စီးပြားေရး သမားေတြမွာ အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရတုန္းပဲလို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာပါတယ္။
ကိုဗစ္ကာလကေန ဒီေန႕အထိ တနိုင္ငံလုံးအတိုင္းအ တာနဲ႕ စီးပြားေရးလုပ္ငန္းေတြ ပိုမိုရပ္တည္ဖို႔ ခက္ခဲလာသလို သာမန္လက္လုပ္လက္စားေတြမွာ အလုပ္လက္မဲ့ျပႆနာနဲ႕ ႀကဳံရၿပီး တေန႕တျခား ျပည္ပကို ထြက္ခြာေနၾကပါတယ္။
Leave a Reply