မဟာမုနိဘုရားကြီး ဆိုင်ခန်းငှားရမ်းခ ၃ ဆနီးပါးတက်၊ ဈေးသည်များအဆင်မပြေဖြစ်

မန္တလေးမဟာမုနိဘုရားကြီး ဈေးဆိုင်ခန်းငှားခများအား၊ လာမည့်အောက်တိုဘာလကစ၍၊ သုံးဆနီးပါး တိုးမြှင့်ကောက်ခံသွားရန် စစ်ကောင်စီလက်အောက်ခံ ဂေါပကအဖွဲ့က ဆိုင်ခန်းရှင်များအား အကြောင်းကြားထားကြောင်း သိရသည်။

မူလက ကျပ်တစ်သောင်းရှစ်ထောင်ကောက်ခံသည့်နေရာတွင် လေးသောင်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စာထုတ်အကြောင်းကြားခြင်းဖြစ်ပြီး၊ ထိုသို့တိုးမြှင့်ကောက်ခံခြင်းအတွက် အခက်အခဲဖြစ်နေကြရကြောင်း ဆိုင်ခန်းရှင်များက ဆိုသည်။

“အခုလိုကာလကြီးမှာ တိုးကောက်တာအတွက်တော့ လုံးဝကိုအဆင်မပြေတာပါ၊ မတိုးပေးဘူးမပြောဘူး၊ ခုကာလကြီးမှာ ညှာတာဖို့ပဲပြောချင်တာပါ၊ လုပ်နေတာက ဘုရားအလုပ်တရားအလုပ်လုပ်နေပြီး ငွေလိုတိုင်း ဈေးသည်တွေဆီကပဲ နှိုက်ချင်နေတာမတရားဘူးလို့ပဲပြောချင်တယ်” ဟု ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

မဟာမုနိဘုရားကြီး၏ ဘဏ္ဍာတော်ပိုင် ဈေးဆိုင်ခန်းတွေမှာ စောင်းတန်းနဲ့တိုက်တန်းဆိုပြီး ဆိုင်ခန်းပေါင်း ၃၆၀ ကျော်ရှိတာကို ယခုလကုန်ကစ၍ သုံးဆနီးပါးတိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သ ည်။

“ကိုဗစ်ကြောင့် အလုပ်မဖြစ်တော့တဲ့ ဈေးအရောင်း အဝယ်မှာ စစ်အာဏာသိမ်းခံလိုက်ရပြန်တော့လည်း ဆိုင်ကသာဖွင့်ထားရတာ၊ ဈေးဝယ်ပါးတယ်၊ တော်တော်များများက အဆင်မပြေကြဘူး” ဟု ဆိုင်ခန်းရှင်နောက်ထပ်တစ်ဦးက ဆိုသည်။

ဂေါပကအဖွဲ့ကတော့ ဆိုင်ခန်းငှားရမ်းသူများအနေနှင့် လာမည့်အောက်တိုဘာလကစ၍ လစဉ် လဆန်း ၁၀ ရက်မှ ၁၇ ရက်အတွင်းလည်းကောင်း၊ လဆန်း ၁၈ ရက်မှ ၂၅ ရက်အတွင်း ပေးသွင်းခိုင်းထားပြီး၊ ပျက် ကွက်လျှင် ဒဏ်ကြေးအဖြစ် တစ်ရက် ၁၀ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မန္တလေးမဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ဈေးဆိုင်ခန်းများအား မီးကြိုးသွယ်တန်းခဟုဆိုကာ ငွေကျပ်သုံးသိန်းစီ တောင်းခံထားကြောင်းလည်း သိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မဟာမုနိဘုရားႀကီး ဆိုင္ခန္းငွားရမ္းခ ၃ ဆနီးပါးတက္၊ ေစ်းသည္မ်ားအဆင္မေျပျဖစ္

မႏၲေလးမဟာမုနိဘုရားႀကီး ေစ်းဆိုင္ခန္းငွားခမ်ားအား၊ ​လာမည့္ေအာက္တိုဘာလကစ၍၊ သုံးဆနီးပါး တိုးျမႇင့္ေကာက္ခံသြားရန္ စစ္ေကာင္စီလက္ေအာက္ခံ ေဂါပကအဖြဲ႕က ဆိုင္ခန္းရွင္မ်ားအား အေၾကာင္းၾကားထားေၾကာင္း သိရသည္။

မူလက က်ပ္တစ္ေသာင္းရွစ္ေထာင္ေကာက္ခံသည့္ေနရာတြင္ ေလးေသာင္းက်ပ္အထိ တိုးျမႇင့္ေကာက္ခံရန္ ေဂါပကအဖြဲ႕က စာထုတ္အေၾကာင္းၾကားျခင္းျဖစ္ၿပီး၊ ထိုသို႔တိုးျမႇင့္ေကာက္ခံျခင္းအတြက္ အခက္အခဲျဖစ္ေနၾကရေၾကာင္း ဆိုင္ခန္းရွင္မ်ားက ဆိုသည္။

“အခုလိုကာလႀကီးမွာ တိုးေကာက္တာအတြက္ေတာ့ လုံးဝကိုအဆင္မေျပတာပါ၊ မတိုးေပးဘူးမေျပာဘူး၊ ခုကာလႀကီးမွာ ညွာတာဖို႔ပဲေျပာခ်င္တာပါ၊ လုပ္ေနတာက ဘုရားအလုပ္တရားအလုပ္လုပ္ေနၿပီး ေငြလိုတိုင္း ေစ်းသည္ေတြဆီကပဲ ႏွိုက္ခ်င္ေနတာမတရားဘူးလို႔ပဲေျပာခ်င္တယ္” ဟု ဆိုင္ခန္းရွင္တစ္ဦးက ေျပာသည္။

မဟာမုနိဘုရားႀကီး၏ ဘ႑ာေတာ္ပိုင္ ေဈးဆိုင္ခန္းေတြမွာ ေစာင္းတန္းနဲ႕တိုက္တန္းဆိုၿပီး ဆိုင္ခန္းေပါင္း ၃၆၀ ေက်ာ္ရွိတာကို ယခုလကုန္ကစ၍ သုံးဆနီးပါးတိုးျမႇင့္ေကာက္ခံရန္ ေဂါပကအဖြဲ႕က စီစဥ္ခဲ့ျခင္းျဖစ္သ ည္။

“ကိုဗစ္ေၾကာင့္ အလုပ္မျဖစ္ေတာ့တဲ့ ေစ်းအေရာင္း အဝယ္မွာ စစ္အာဏာသိမ္းခံလိုက္ရျပန္ေတာ့လည္း ဆိုင္ကသာဖြင့္ထားရတာ၊ ေစ်းဝယ္ပါးတယ္၊ ေတာ္ေတာ္မ်ားမ်ားက အဆင္မေျပၾကဘူး” ဟု ဆိုင္ခန္းရွင္ေနာက္ထပ္တစ္ဦးက ဆိုသည္။

ေဂါပကအဖြဲ႕ကေတာ့ ဆိုင္ခန္းငွားရမ္းသူမ်ားအေနႏွင့္ လာမည့္ေအာက္တိုဘာလကစ၍ လစဥ္ လဆန္း ၁၀ ရက္မွ ၁၇ ရက္အတြင္းလည္းေကာင္း၊ လဆန္း ၁၈ ရက္မွ ၂၅ ရက္အတြင္း ေပးသြင္းခိုင္းထားၿပီး၊ ပ်က္ ကြက္လွ်င္ ဒဏ္ေၾကးအျဖစ္ တစ္ရက္ ၁၀ရာခိုင္ႏႈန္းေပးေဆာင္ရမည္ဟု ေၾကညာခ်က္ထုတ္ျပန္ထားသည္။

မႏၲေလးမဟာမုနိဘုရားႀကီးေဂါပကအဖြဲ႕က ေစ်းဆိုင္ခန္းမ်ားအား မီးႀကိဳးသြယ္တန္းခဟုဆိုကာ ေငြက်ပ္သုံးသိန္းစီ ေတာင္းခံထားေၾကာင္းလည္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*