စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ် မြေခံရဲတွေ စကားများရန်ဖြစ်ရာကနေ စစ်တပ်က သရက်ကန်ရဲစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရွာ ရဲစခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှိူ့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ စကားများရန်ဖြစ်ရာကနေ သရက်ကန်ကျေးရွာ ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာ လို့ ဒေသခံများကပြောသည်။

“စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက သရက်ကန်ရဲစခန်းမှာ နေမလို့ပြောတာကို ရဲတွေက လက်မခံဘူး။ အမှန်က စစ်သားတွေ ရဲစခန်းမှာ တပ်လာစွဲရင် PDF တွေ လာပစ်မှာဆိုးလို့ ရဲတွေကလက်မခံတာ။

ဒါကို သူတို့အချင်းချင်း စကားတွေများရန်ဖြစ်ပီး စစ်သားတွေက အဆောက်ဦးတွေပါ ဖြိုဖျက်ပီး မီးရှို့ကြတာ အဓိကတော့ ရဲတွေအနိုင်ကျင့်ခံကြရတာပေါ့ ” လို့ ဒေသခံတဦးက ပြောသည်။

ထို့အပြင် သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းကိုမီးရှို့ခဲ့ပြီးနောက် စခန်းရှိ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာပဲ စခန်းကို စွန့်ခွာသွားကြတယ် လို့ ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ပြီခဲ့သည့် လပိုင်းတွေကလည်း ရဲကင်းစခန်းအချို့မှ စစ်ကောင်စီတပ်သားများသည် စခန်းကစွန့်ခွာထွက်ပြေးနေကြပြီး ယခုလို နယ်မြေရဲစခန်းကို မီးရှို့တာကတော့ ပထမဆုံးအကြိမ် ဖြစ် ကြောင်း PDF တပ်ဖွဲ့ဝင်များကပြောသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္သားေတြနဲ႕ နယ္ ေျမခံရဲေတြ စကားမ်ားရန္ျဖစ္ရာကေန စစ္တပ္က သရက္ကန္ရဲစခန္းကို ဝင္ေရာက္မီးရွို႔ဖ်က္​ဆီး

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ သရက္ကန္႐ြာ ရဲစခန္းကို ယမန္ေန႕ စက္တင္ဘာလ ၂၈ ရက္ေန႕ ေန႕လည္ ၁ နာရီဝန္းက်င္တြင္ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္သားမ်ားက ဝင္ေရာက္မီးရွိူ႕ဖ်က္ဆီးခဲ့ ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

အဆိုပါ သရက္ကန္ေက်း႐ြာ နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္သားမ်ား စကားမ်ားရန္ျဖစ္ရာကေန သရက္ကန္ေက်း႐ြာ ရဲစခန္းကို စစ္တပ္က မီးရွို႔ဖ်က္ဆီးခဲ့တာ လို႔ ေဒသခံမ်ားကေျပာသည္။

“စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္သားေတြက သရက္ကန္ရဲစခန္းမွာ ေနမလို႔ေျပာတာကို ရဲေတြက လက္မခံဘူး။ အမွန္က စစ္သားေတြ ရဲစခန္းမွာ တပ္လာစြဲရင္ PDF ေတြ လာပစ္မွာဆိုးလို႔ ရဲေတြကလက္မခံတာ။

ဒါကို သူတို႔အခ်င္းခ်င္း စကားေတြမ်ားရန္ျဖစ္ပီး စစ္သားေတြက အေဆာက္ဦးေတြပါ ၿဖိဳဖ်က္ပီး မီးရွို႔ၾကတာ အဓိကေတာ့ ရဲေတြအနိုင္က်င့္ခံၾကရတာေပါ့ ” လို႔ ေဒသခံတဦးက ေျပာသည္။

ထို႔အျပင္ သရက္ကန္ေက်း႐ြာ နယ္ေျမရဲစခန္းကိုမီးရွို႔ခဲ့ၿပီးေနာက္ စခန္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႕ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္သားမ်ား စက္တင္ဘာလ ၂၈ ရက္ေန႕ ညေနပိုင္းမွာပဲ စခန္းကို စြန့္ခြာသြားၾကတယ္ လို႔ ေဒသခံမ်ားကေျပာသည္။

စစ္ကိုင္းတိုင္းအတြင္း ၿပီခဲ့သည့္ လပိုင္းေတြကလည္း ရဲကင္းစခန္းအခ်ိဳ႕မွ စစ္ေကာင္စီတပ္သားမ်ားသည္ စခန္းကစြန႔္ခြာထြက္ေျပးေနၾကၿပီး ယခုလို နယ္ေျမရဲစခန္းကို မီးရွို႔တာကေတာ့ ပထမဆုံးအႀကိမ္ ျဖစ္ ေၾကာင္း PDF တပ္ဖြဲ႕ဝင္မ်ားကေျပာသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*