
မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ကျောက်ဆည်ရဲစခန်းမှ အိုးဘိုထောင်သို့လာသည့် ရဲအချုပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်များက လမ်းတွင် ချုံခိုတိုက်ခိုက်ပြီး၊ အချုပ်ကားပေါ်တွင် ပါလာသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးအနက် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရှိရသည်။
နံနက် ၉ နာရီခန့်က ရဲအချုပ်ကားကို မြစ်ငယ်မြို့အတွင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အချုပ်ကားပေါ် ပါလာသည့် ရဲ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း အမရပူရမြို့နယ် PDF တာဝန်ရှိသူ ဗိုလ်နေလင်း ဆိုသူက ပြောသည်။
“ကျွန်တော်တို့ သတင်းကြိုရတာနဲ့ စောင့်ပြီးတော့ တိုက်ခိုက်တယ်။ အစပိုင်းမှာ နိုင်ကျဉ်း ၈ ယောက်လုံး လွတ်ခဲ့ပေမဲ့ ၆ ယောက်ကို ပြန်မိသွားပါတယ်။ ကားပေါ်ပါ ရဲ ၂ ယောက်ကိုတော့ အသေရလိုက်တယ်” ဟု သူက ဆိုသည်။
ထိုရဲအချုပ်ကားပေါ်တွင် ရှေ့ခန်း၌ ယာဉ်မောင်းအပါအဝင် ရဲ ၃ ဦး၊ ကားနောက်ခန်းတွင် ရဲ ၄ ဦး ခန့် လိုက်ပါလာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု PDF ဘက်က ဆိုသည်။
ထိုကယ်ဆယ်ရေးနှင့် တိုက်ခိုက်ရေးကို အမရပူရ PDF နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့တစ်ချို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကယ်ထုတ်နိုင်ခဲ့သည့် နိုင်ကျဉ်း ၂ ဦးကို လွတ်မြောက်သည့်နေရာသို့ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။
“လွတ်လာတဲ့ ၂ ယောက်ကိုတော့ အန္တရာယ်ကင်းအောင် ကျွန်တော်တို့ လုပ်နေပြီ။ တစ်ခုစိုးရိမ်တာက ပြန်ဖမ်းမိသွားတဲ့ ၆ ယောက်ကို အစဖျောက်လိုက်မှာ စိုးရိမ်ရပါတယ်။ ဒီကောင် (စကစတပ်) တွေက ဒီလိုအကျင့်ရှိတော့ အဲဒါကို လတ်တလော စိုးရိမ်နေရတယ်” ဟု ဗိုလ်နေလင်းက ဆိုသည်။
PDF အဖွဲ့များ ပြန်ဆုတ်ခွာလာပြီးနောက် အဆိုပါနေရာအနီးမှ သေနတ်ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည့် အတွက် နိုင်ကျဉ်း ၆ ဦးအတွက် စိုးရိမ်ခြင်းဖြစ်သည်ဟု ပြောသည်။
ထို ၈ ဦးမှာ ပြီးခဲ့သည့် ၃ ရက်က အိုးဘိုအကျဉ်းထောင်မှ ထုတ်ကာ ရုံးချိန်းအတွက် ကျောက်ဆည်ရဲစခန်းရှိ ရဲအချုပ်ခန်းတွင် ချုပ်နှောင်ထားပြီးနောက် အိုးဘိုထောင်သို့ပြန်အပို့မှာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။PDF အဖွဲ့များက ရဲအချုပ်ကားကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်ဟု ကြားသိရကြောင်း အမရပူရမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မြစ်ငယ်တံတားထိပ်မှာ ချကြတာ၊ အချုပ်ကားကို ဝင်တိုက်တာလို့ ကြားရပါတယ်။ ရဲတွေသေတယ်တဲ့၊ အချုပ်ကားပေါ်ပါတဲ့ အချုပ်ကားပေါ်က အချုပ်သားတစ်ယောက်လည်း ပေါင်မှာ သေနတ်မှန်တယ်လို့ ကြားရတယ်” ဟု သူက ဆိုသည်။တိုက်ခိုက်ခံရပြီးနောက် တွင် စစ်ကောင်စီတပ်များက အင်အားအများအပြားအသုံးပြုကာ အနီးဝန်းကျင် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ရှာဖွေမှုများလုပ်လျက်ရှိသည်ဟုလည်း ဆက်ပြောသည်။
အချုပ်ကားပေါ်တွင် လိုက်ပါလာသည့် နိုင်ငံရေးအကျဉ်းသားများမှာ မြစ်ငယ်အောင်သပြေဝန်ထမ်းလိုင်းခန်းမှ ဖမ်းဆီးခံရသူများ ဖြစ်နိုင်ကြောင်း အမရပူရမြို့ခံများက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
မႏၲေလးၿမိဳ႕ေတာင္ဘက္ အမရပူရၿမိဳ႕နယ္တြင္ ယေန႕ (စက္တင္ဘာ ၂၉) နံနက္က ေက်ာက္ဆည္ရဲစခန္းမွ အိုးဘိုေထာင္သို႔လာသည့္ ရဲအခ်ဳပ္ကားကို ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ PDF တပ္ဖြဲ႕ဝင္မ်ားက လမ္းတြင္ ခ်ဳံခိုတိုက္ခိုက္ၿပီး၊ အခ်ဳပ္ကားေပၚတြင္ ပါလာသည့္ နိုင္ငံေရးအက်ဥ္းသား ၈ ဦးအနက္ ၂ ဦးကို ကယ္ထုတ္နိုင္ခဲ့သည္ဟု သိရွိရသည္။
နံနက္ ၉ နာရီခန႔္က ရဲအခ်ဳပ္ကားကို ျမစ္ငယ္ၿမိဳ႕အတြင္းတြင္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အခ်ဳပ္ကားေပၚ ပါလာသည့္ ရဲ ၂ ဦးကို ပစ္သတ္ခဲ့ေၾကာင္း အမရပူရၿမိဳ႕နယ္ PDF တာဝန္ရွိသူ ဗိုလ္ေနလင္း ဆိုသူက ေျပာသည္။
“ကြၽန္ေတာ္တို႔ သတင္းႀကိဳရတာနဲ႕ ေစာင့္ၿပီးေတာ့ တိုက္ခိုက္တယ္။ အစပိုင္းမွာ နိုင္က်ဥ္း ၈ ေယာက္လုံး လြတ္ခဲ့ေပမဲ့ ၆ ေယာက္ကို ျပန္မိသြားပါတယ္။ ကားေပၚပါ ရဲ ၂ ေယာက္ကိုေတာ့ အေသရလိုက္တယ္” ဟု သူက ဆိုသည္။
ထိုရဲအခ်ဳပ္ကားေပၚတြင္ ေရွ႕ခန္း၌ ယာဥ္ေမာင္းအပါအဝင္ ရဲ ၃ ဦး၊ ကားေနာက္ခန္းတြင္ ရဲ ၄ ဦး ခန႔္ လိုက္ပါလာၿပီး အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည္ဟု PDF ဘက္က ဆိုသည္။
ထိုကယ္ဆယ္ေရးႏွင့္ တိုက္ခိုက္ေရးကို အမရပူရ PDF ႏွင့္ မိတ္ဖက္ေတာ္လွန္ေရးအဖြဲ႕တစ္ခ်ိဳ႕က ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ကယ္ထုတ္နိုင္ခဲ့သည့္ နိုင္က်ဥ္း ၂ ဦးကို လြတ္ေျမာက္သည့္ေနရာသို႔ ပို႔ေဆာင္ေပးနိုင္ေရး ေဆာင္႐ြက္ေနသည္ဟု သိရသည္။
“လြတ္လာတဲ့ ၂ ေယာက္ကိုေတာ့ အႏၲရာယ္ကင္းေအာင္ ကြၽန္ေတာ္တို႔ လုပ္ေနၿပီ။ တစ္ခုစိုးရိမ္တာက ျပန္ဖမ္းမိသြားတဲ့ ၆ ေယာက္ကို အစေဖ်ာက္လိုက္မွာ စိုးရိမ္ရပါတယ္။ ဒီေကာင္ (စကစတပ္) ေတြက ဒီလိုအက်င့္ရွိေတာ့ အဲဒါကို လတ္တေလာ စိုးရိမ္ေနရတယ္” ဟု ဗိုလ္ေနလင္းက ဆိုသည္။
PDF အဖြဲ႕မ်ား ျပန္ဆုတ္ခြာလာၿပီးေနာက္ အဆိုပါေနရာအနီးမွ ေသနတ္ပစ္ခတ္သံမ်ား ၾကားေနရဆဲျဖစ္သည့္ အတြက္ နိုင္က်ဥ္း ၆ ဦးအတြက္ စိုးရိမ္ျခင္းျဖစ္သည္ဟု ေျပာသည္။
ထို ၈ ဦးမွာ ၿပီးခဲ့သည့္ ၃ ရက္က အိုးဘိုအက်ဥ္းေထာင္မွ ထုတ္ကာ ႐ုံးခ်ိန္းအတြက္ ေက်ာက္ဆည္ရဲစခန္းရွိ ရဲအခ်ဳပ္ခန္းတြင္ ခ်ဳပ္ေႏွာင္ထားၿပီးေနာက္ အိုးဘိုေထာင္သို႔ျပန္အပို႔မွာ တိုက္ခိုက္ခံရျခင္း ျဖစ္သည္ဟု သိရသည္။PDF အဖြဲ႕မ်ားက ရဲအခ်ဳပ္ကားကို ဝိုင္းဝန္းတိုက္ခိုက္ၾကသည္ဟု ၾကားသိရေၾကာင္း အမရပူရၿမိဳ႕ခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
“ျမစ္ငယ္တံတားထိပ္မွာ ခ်ၾကတာ၊ အခ်ဳပ္ကားကို ဝင္တိုက္တာလို႔ ၾကားရပါတယ္။ ရဲေတြေသတယ္တဲ့၊ အခ်ဳပ္ကားေပၚပါတဲ့ အခ်ဳပ္ကားေပၚက အခ်ဳပ္သားတစ္ေယာက္လည္း ေပါင္မွာ ေသနတ္မွန္တယ္လို႔ ၾကားရတယ္” ဟု သူက ဆိုသည္။တိုက္ခိုက္ခံရၿပီးေနာက္ တြင္ စစ္ေကာင္စီတပ္မ်ားက အင္အားအမ်ားအျပားအသုံးျပဳကာ အနီးဝန္းက်င္ ေက်း႐ြာမ်ားအတြင္း စစ္ေၾကာင္းထိုး ရွာေဖြမႈမ်ားလုပ္လ်က္ရွိသည္ဟုလည္း ဆက္ေျပာသည္။
အခ်ဳပ္ကားေပၚတြင္ လိုက္ပါလာသည့္ နိုင္ငံေရးအက်ဥ္းသားမ်ားမွာ ျမစ္ငယ္ေအာင္သေျပဝန္ထမ္းလိုင္းခန္းမွ ဖမ္းဆီးခံရသူမ်ား ျဖစ္နိုင္ေၾကာင္း အမရပူရၿမိဳ႕ခံမ်ားက ေျပာေသာ္လည္း သီးျခားအတည္ျပဳနိုင္ျခင္းမရွိေသးေပ။
Leave a Reply