
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တင်လိုသူတွေအတွက် လျှောက်လွှာတင်ခွင့်ကို တလထပ်တိုးပေးလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။
အခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို မူလက စက်တင်ဘာ ၃၀ ရက်အထိပဲ တင်ခွင့်ပေးမယ်လို့ သတ်မှတ်ထားရာမှ ဝေးလံဒေသတွေက ကျောင်းသားကျောင်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ လျှောက်လွှာမတင်သွင်းနိုင်သေးတဲ့ ကျောင်းသားကျောင်းသူတွေ အဆင်ပြေစေဖို့အတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာလက်ခံတာကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားတွေက စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ အရေအတွက်ဟာ ပုံမှန်နှစ်တွေကထက် ၃ ပုံ ၁ ပုံအထိ လျော့ကျသွားခဲ့ပါတယ်။
အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးသူနဲ့ အသစ်ဖြေဆိုသူ အရေအတွက် ၉ သိန်းဝန်းကျင်လောက် လျှောက်ထားမှုရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ၃ သိန်း ဝန်းကျင်လောက်ပဲ ဖြေဆိုခွင့်လျှောက်လွှာ တင်ခဲ့တယ်လို့ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူ ၂ သိန်း ၈ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁ သိန်း ၃ သောင်းကျော် အောင်မြင်ကာ ထက်ဝက်လောက်က ကျရှုံးခဲ့ကြပါတယ်။
အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးတကြိမ်အဖြစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ် တို့မှာတော့ စစ်ကောင်စီက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လိုကျင်းပပေးမယ်ဆိုတာနဲ့ လုံခြုံရေးအရ ကျင်းပနိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီ ပညာရေးဌာနက ကြေညာထားတာ မရှိသေးပါဘူး။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာ တင္လိုသူေတြအတြက္ ေလွ်ာက္လႊာတင္ခြင့္ကို တလထပ္တိုးေပးလိုက္တယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာနက ေၾကညာပါတယ္။
အခုပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာေတြကို မူလက စက္တင္ဘာ ၃၀ ရက္အထိပဲ တင္ခြင့္ေပးမယ္လို႔ သတ္မွတ္ထားရာမွ ေဝးလံေဒသေတြက ေက်ာင္းသားေက်ာင္းသူေတြနဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္မီ ေလွ်ာက္လႊာမတင္သြင္းနိုင္ေသးတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အဆင္ေျပေစဖို႔အတြက္ ၂၀၂၃ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ ေလွ်ာက္လႊာလက္ခံတာကို ေအာက္တိုဘာ ၃၁ ရက္ေန႕အထိ ရက္တိုးျမႇင့္ သတ္မွတ္လိုက္တာလို႔ ဆိုပါတယ္။
၂၀၂၁ ေဖေဖာ္ဝါရီမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေက်ာင္းသားေတြက စစ္ကြၽန္ပညာေရးကို ဆန႔္က်င္သပိတ္ေမွာက္ခဲ့တာေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုတဲ့ အေရအတြက္ဟာ ပုံမွန္ႏွစ္ေတြကထက္ ၃ ပုံ ၁ ပုံအထိ ေလ်ာ့က်သြားခဲ့ပါတယ္။
အာဏာမသိမ္းခင္က တကၠသိုလ္ဝင္စာေမးပြဲကို က်ရႈံးသူနဲ႕ အသစ္ေျဖဆိုသူ အေရအတြက္ ၉ သိန္းဝန္းက်င္ေလာက္ ေလွ်ာက္ထားမႈရွိခဲ့ေပမဲ့ အာဏာသိမ္းၿပီးေနာက္မွာေတာ့ ၃ သိန္း ဝန္းက်င္ေလာက္ပဲ ေျဖဆိုခြင့္ေလွ်ာက္လႊာ တင္ခဲ့တယ္လို႔ စာစစ္ဦးစီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။
အာဏာသိမ္းၿပီးေနာက္ ပထမဆုံးက်င္းပခဲ့တဲ့ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ျမန္မာနိုင္ငံရွိ ေက်ာင္းသားေက်ာင္းသူ ၂ သိန္း ၈ ေသာင္းေက်ာ္ ဝင္ေရာက္ေျဖဆိုခဲ့ၿပီး ၁ သိန္း ၃ ေသာင္းေက်ာ္ ေအာင္ျမင္ကာ ထက္ဝက္ေလာက္က က်ရႈံးခဲ့ၾကပါတယ္။
အခုႏွစ္မွာ တကၠသိုလ္ဝင္စာေမးပြဲ က်ရႈံးသူေတြနဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာေမးပြဲ ဝင္ေရာက္ေျဖဆိုျခင္းမရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ၂၀၂၃ ခုႏွစ္မွာ ေနာက္ဆုံးတႀကိမ္အျဖစ္ စနစ္ေဟာင္း တကၠသိုလ္ဝင္စာေမးပြဲ က်င္းပေပးမွာ ျဖစ္တယ္လို႔လည္း ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာနက အသိေပးထားပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႕ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ ျပည္နယ္၊ ကယားျပည္နယ္ တို႔မွာေတာ့ စစ္ေကာင္စီက ျပဳလုပ္တဲ့ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုလိုတဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ ဘယ္လိုက်င္းပေပးမယ္ဆိုတာနဲ႕ လုံၿခဳံေရးအရ က်င္းပနိုင္မယ့္ အေျခအေနေတြကို စစ္ေကာင္စီ ပညာေရးဌာနက ေၾကညာထားတာ မရွိေသးပါဘူး။
Leave a Reply