
ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါလေလံစနစ်နဲ့ စက်တင် ဘာ ၂၉ ရက်က စတင် ရောင်းချပေးမယ်လို့ စစ်ကောင်စီက အသိပေး ကြေညာထားပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကနေ ၃ နာရီအတွင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမယ်လို့ဆိုပါတယ်။
ဝယ်ယူလိုသူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ တင်ဒါပုံစံဖြည့်စွက်ပြီး ဈေးပြိုင်တင်ဒါစနစ်နဲ့ဝယ်ယူရ မှာဖြစ်ပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ မြန့်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော် ရုံးချုပ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နဲ့ မြန်မာ့ကျော က်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးတို့မှာ အသေးစိတ် စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီအစီအစဉ်နဲ့ပက်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အသိပေး ကြေညာထားပါတယ်။လက်ရှိမှာ စစ်ကောင် စီအနေနဲ့ ရွှေဈေးနှုန်း မြင့်တက်နေတာကို ထိန်းညှိဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကိုလည်း ထုတ်ရောင်းပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာ့အခေါက်ရွှေဈေးဟာ စက်တင်ဘာ ၂၈ ရက်မှာ တကျပ်သားကို ၂,၅၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ ဈေးနှုန်းဖော်ပြချက်အရ စက်တင်ဘာ ၂၇ ရက်က အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ ဈေးပိတ်ခဲ့ပြီး နောက်တနေ့ နေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၆ သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ရန္ကုန္နဲ႕ မႏၲေလးၿမိဳ႕တို႔မွာ ေ႐ႊစင္တုံးနဲ႕ ေ႐ႊစင္ခဲ ၃ ပိႆာစီကို ေဈးၿပိဳင္တင္ဒါေလလံစနစ္နဲ႕ စက္တင္ ဘာ ၂၉ ရက္က စတင္ ေရာင္းခ်ေပးမယ္လို႔ စစ္ေကာင္စီက အသိေပး ေၾကညာထားပါတယ္။
ရန္ကုန္ၿမိဳ႕၊ ကမာၻေအးဘုရားလမ္းမွာရွိတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္နဲ႕ မႏၲေလးၿမိဳ႕ ၂၆ လမ္းနဲ႕ ၆၆ လမ္းေထာင့္မွာ ရွိတဲ့ Star Mart Mandalay တို႔မွာ ေ႐ႊစင္တုံးနဲ႕ ေ႐ႊစင္ခဲ ၃ ပိႆာစီကို စက္တင္ဘာ ၂၉ ရက္ ေန႕လယ္ ၁ နာရီကေန ၃ နာရီအတြင္း သယံဇာတနဲ႕ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေရာင္းခ်ေပးမယ္လို႔ဆိုပါတယ္။
ဝယ္ယူလိုသူေတြ အေနနဲ႕ သတ္မွတ္ထားတဲ့ တင္ဒါပုံစံျဖည့္စြက္ၿပီး ေဈးၿပိဳင္တင္ဒါစနစ္နဲ႕ဝယ္ယူရ မွာျဖစ္ပါတယ္။
စိတ္ဝင္စားသူေတြအေနနဲ႕ ျမန႔္မာေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း ေနျပည္ေတာ္ ႐ုံးခ်ဳပ္၊ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္ (ရန္ကုန္)နဲ႕ ျမန္မာ့ေက်ာ က္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း၊ မႏၲေလးစခန္း႐ုံးတို႔မွာ အေသးစိတ္ စုံစမ္းနိုင္တယ္လို႔ ထုတ္ျပန္ထားတာပါ။
အဲဒီအစီအစဥ္နဲ႕ပက္သက္ၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာလည္း အသိေပး ေၾကညာထားပါတယ္။လက္ရွိမွာ စစ္ေကာင္ စီအေနနဲ႕ ေ႐ႊေဈးႏႈန္း ျမင့္တက္ေနတာကို ထိန္းညွိဖို႔ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔မွာ ေ႐ႊဒဂၤါးျပားေတြကိုလည္း ထုတ္ေရာင္းေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။
ျမန္မာ့အေခါက္ေ႐ႊေဈးဟာ စက္တင္ဘာ ၂၈ ရက္မွာ တက်ပ္သားကို ၂,၅၉၀,၀၀၀ က်ပ္ဝန္းက်င္ရွိၿပီး တရက္အတြင္း က်ပ္တသိန္းေက်ာ္ ထပ္မံက်ဆင္းခဲ့ပါတယ္။
ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊအေရာင္းဆိုင္ေတြရဲ႕ ေဈးႏႈန္းေဖာ္ျပခ်က္အရ စက္တင္ဘာ ၂၇ ရက္က အေခါက္ေ႐ႊတက်ပ္သားကို က်ပ္ ၂၇ သိန္းဝန္းက်င္မွာ ေဈးပိတ္ခဲ့ၿပီး ေနာက္တေန႕ ေန႕ညေနပိုင္းမွာေတာ့ တက်ပ္သားကို ၂၆ သိန္းေအာက္ထိ ျပန္လည္က်ဆင္းခဲ့တာပါ။
ကမာၻ႔ေ႐ႊေဈးနဲ႕ ျပင္ပေဒၚလာေပါက္ေဈး ဆက္တိုက္က်ဆင္းေနတာေၾကာင့္ ျပည္တြင္းေ႐ႊေဈး ထပ္မံက်ဆင္းလာတာ ျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ဆိုပါတယ္။
Leave a Reply