လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ဖျက်သိမ်း၊ ဗုံးပစ်ခံရမှုကြောင့် ဒုတပ်ကြပ် စိုးရန်နိုင် ဒဏ်ရာပြင်းထန်ပြီး အသက်လုနေရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ယခုညတွင် စတင်ဖျက်သိမ်းလိုက်ကြောင်း လှိုင်မြို့နယ် ပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန် လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ဗုံးပစ်ခံရ သဖြင့်

ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ ဒုတပ်ကြပ် စိုးရန်နိုင် ဝဲဘက်နားထင်ဗုံးစထိမှန်၊ ဒဏ်ရာနေရာစုံ (၁၂) ချက်ထိမှန်ခဲ့ပြီး တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေလျက်ရိုကြောင်း သိရှိရသည်။

“အင်းစိန်ဘက်ကို ပြန်တဲ့ ရန်ကုန်-အင်းစိန် လမ်းပေါ်က ဘူတာရုံလမ်းမှတ်တိုင်ကို ဒီညက စပြီး ဖျက်သိမ်းလိုက်တယ်။ အင်းစိန်ဘက်ပြန်ရင် သုခ နဲ့ဆင်ရေတွင်းမှတ်တိုင်ကစီးရမယ်။ ဘူတာရုံးလမ်းမှတ်တိုင် မရှိတော့ဘူးပေါ့။ အဲဒီစာ ဒီည လာကပ်သွားတာ။ဗုံးပစ်တာနဲ့ မှတ်တိုင်ဖျက်သိမ်းတာနဲ့ဘာမှလဲမဆိုင်ဘူး။ တော်တော်သွေးပျက်နေကြပြီထင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လှိုင်မြို့နယ် မီတာရုံး ပတ်ဝ န်းကျင် နေရာအများအပြားကို အကာအရံအတား အဆီးများ ချထားကြောင်း သိရှိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လွိုင္ၿမိဳ႕နယ္၊ လွ်ပ္စစ္မီတာ႐ုံး မၾကာခဏ ဗုံးပစ္ခံရၿပီးေနာက္ ဘူတာ႐ုံလမ္းမွတ္တိုင္ ကို စစ္ေကာင္စီက ဖ်က္သိမ္း၊ ဗုံးပစ္ခံရမႈေၾကာင့္ ဒုတပ္ၾကပ္ စိုးရန္နိုင္ ဒဏ္ရာျပင္းထန္ၿပီး အသက္လုေနရ

ရန္ကုန္တိုင္း၊ လွိုင္ၿမိဳ႕နယ္၊ လွ်ပ္စစ္မီတာ႐ုံး မၾကာခဏ ဗုံးပစ္ခံရၿပီးေနာက္ ဘူတာ႐ုံလမ္းမွတ္တိုင္ ကို စစ္ေကာင္စီက ယခုညတြင္ စတင္ဖ်က္သိမ္းလိုက္ေၾကာင္း လွိုင္ၿမိဳ႕နယ္ ျပည္သူမ်ားထံမွ သိရွိရသည္။

စက္တင္ဘာလ ၂၇ ရက္ေန႕ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ရန္ကုန္-အင္းစိန္ လမ္းမေဘး လွိုင္ၿမိဳ႕နယ္ လွ်ပ္စစ္မီတာ႐ုံးေရွ႕ရွိ စစ္တပ္ဘန္ကာကို ဗုံးျဖင့္ ပစ္ျခင္း၊ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ဗုံးပစ္ခံရ သျဖင့္

ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)မွ ဒုတပ္ၾကပ္ စိုးရန္နိုင္ ဝဲဘက္နားထင္ဗုံးစထိမွန္၊ ဒဏ္ရာေနရာစုံ (၁၂) ခ်က္ထိမွန္ခဲ့ၿပီး တပ္မေတာ္စစ္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနလ်က္ရိုေၾကာင္း သိရွိရသည္။

“အင္းစိန္ဘက္ကို ျပန္တဲ့ ရန္ကုန္-အင္းစိန္ လမ္းေပၚက ဘူတာ႐ုံလမ္းမွတ္တိုင္ကို ဒီညက စၿပီး ဖ်က္သိမ္းလိုက္တယ္။ အင္းစိန္ဘက္ျပန္ရင္ သုခ နဲ႕ဆင္ေရတြင္းမွတ္တိုင္ကစီးရမယ္။ ဘူတာ႐ုံးလမ္းမွတ္တိုင္ မရွိေတာ့ဘူးေပါ့။ အဲဒီစာ ဒီည လာကပ္သြားတာ။ဗုံးပစ္တာနဲ႕ မွတ္တိုင္ဖ်က္သိမ္းတာနဲ႕ဘာမွလဲမဆိုင္ဘူး။ ေတာ္ေတာ္ေသြးပ်က္ေနၾကၿပီထင္တယ္” ဟု ေဒသခံျပည္သူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီက လွိုင္ၿမိဳ႕နယ္ မီတာ႐ုံး ပတ္ဝ န္းက်င္ ေနရာအမ်ားအျပားကို အကာအရံအတား အဆီးမ်ား ခ်ထားေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*