အစိုးရဆိုသည်မှာ ဟန်ပြ TV ထဲ၊သတင်းထဲပါနေဖို့မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အစိုးရဆိုသည်မှာ ဟန်ပြ TV ထဲပါနေဖို့၊ သတင်းထဲပါနေဖို့မဟုတ်ဘဲ တိုင်းပြည်နှင့်ဒေသကို တိုးတက်အောင်လုပ်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နေပြည်တော်တွင် စက်တင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးတွင် SME ကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရဆိုတာ လုပ်ပြရဖို့ပဲ။ ဟန်ပြ TV ထဲပါဖို့ ၊သတင်းထဲပါနေဖို့မဟုတ်ဘူး။ တကယ်တော့ ဒေသကို တိုးတက်အောင်လုပ်ပေးရမယ်။ ကျွန်တော်တို့အစိုးရသည်လည်း တိုင်းပြည်တိုးတက်အောင်လုပ်ရမယ်။ ဒေသအစိုးရသည်လည်း ဒေသတိုးတက်အောင် သူကလုပ်ရမယ်။ ဒါကလက်တွေ့ကျတဲ့ နိုင်ငံရေးပဲ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

ယင်းအပြင် နိုင်ငံရေးနှင့်ပတ်သက်၍လည်း မိမိတို့သည် နိုင်ငံရေးလုပ်စားခြင်းမဟုတ်ဘဲ နိုင်ငံအရေးကို လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်နိုင်ရန်အတွက် မတည်ငွေကို မိမိတို့ကပေးလိုက်မည်ဖြစ်ကာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် စွမ်းဆောင်ရည်ရှိသမျှလုပ်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်ရှိသလောက် စီးပွားရေးတက်လာမည်ဖြစ်ပြီး ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး SME လုပ်ငန်းများသည် ကုန်ကြမ်းကိုအခြေခံသည့်အတွက် လိုအပ်သည့်ကုန်ကြမ်းများကို တိုင်းပြည်၊ ဒေသတွင်း ရရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတဝန်း စက်မှူဇုန်များတည်ထောင်ရန်ပြောကြာခဲ့သော် လည်း ချင်းပြည်နယ်အတွက် အကြွေးကျန်ရှိနေပြီး ယင်းပြည်နယ်တွင် ကော်ဖီ၊ ဝဥ၊ နွားနှောက်အခြေခံ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် မှာကြားခဲ့ကြောင်း၊ ဗဟိုက မတည်ငွေများပေးလိုက်ပြီး မိမိတို့ဘာသာ ပြန်လည်လုပ်ကိုင်ခြင်းအားဖြင့် ဘတ်ဂျက်များချောင်လည်လာမည်ဖြစ်သည့်အတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ စီးပွားရေးလုပ်ရန် မှာကြားခဲ့ပြီလည်းဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် နောက်ပိုင်းတွင် အသေးစား၊ အလက်စားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည်ကို ကောင်စီဝင်များကို အသိပေးလိုကြောင်း ၎င်းကဆိုသည်။

အဆိုပါ နစက အဖွဲ့ဝင်များတက်ရောက်ခဲ့သည့် အစည်းအဝေးတွင် SME လုပ်ငန်းများအပြင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရုရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးရေး၊ စိုက်ပျိုးရေးကဏ္ဍများနှင့်ပတ်သက် ၍လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အစိုးရဆိုသည္မွာ ဟန္ျပ TV ထဲ၊သတင္းထဲပါေနဖို႔မဟုတ္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ

အစိုးရဆိုသည္မွာ ဟန္ျပ TV ထဲပါေနဖို႔၊ သတင္းထဲပါေနဖို႔မဟုတ္ဘဲ တိုင္းျပည္ႏွင့္ေဒသကို တိုးတက္ေအာင္လုပ္ေပးရမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ စက္တင္ဘာ ၂၇ ရက္ကျပဳလုပ္ခဲ့သည့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္း အေဝးတြင္ SME က႑ႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ၎က ယင္းသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အစိုးရဆိုတာ လုပ္ျပရဖို႔ပဲ။ ဟန္ျပ TV ထဲပါဖို႔ ၊သတင္းထဲပါေနဖို႔မဟုတ္ဘူး။ တကယ္ေတာ့ ေဒသကို တိုးတက္ေအာင္လုပ္ေပးရမယ္။ ကြၽန္ေတာ္တို႔အစိုးရသည္လည္း တိုင္းျပည္တိုးတက္ေအာင္လုပ္ရမယ္။ ေဒသအစိုးရသည္လည္း ေဒသတိုးတက္ေအာင္ သူကလုပ္ရမယ္။ ဒါကလက္ေတြ႕က်တဲ့ နိုင္ငံေရးပဲ”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကဆိုသည္။

ယင္းအျပင္ နိုင္ငံေရးႏွင့္ပတ္သက္၍လည္း မိမိတို႔သည္ နိုင္ငံေရးလုပ္စားျခင္းမဟုတ္ဘဲ နိုင္ငံအေရးကို လုပ္ျခင္းျဖစ္ေၾကာင္း၊ နိုင္ငံေရးလုပ္နိုင္ရန္အတြက္ မတည္ေငြကို မိမိတို႔ကေပးလိုက္မည္ျဖစ္ကာ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕မ်ားအေနျဖင့္ စြမ္းေဆာင္ရည္ရွိသမွ်လုပ္ရမည္ျဖစ္ၿပီး စြမ္းေဆာင္ရည္ရွိသေလာက္ စီးပြားေရးတက္လာမည္ျဖစ္ၿပီး ၀င္ေငြတိုးပြားလာမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

ဆက္လက္ၿပီး SME လုပ္ငန္းမ်ားသည္ ကုန္ၾကမ္းကိုအေျခခံသည့္အတြက္ လိုအပ္သည့္ကုန္ၾကမ္းမ်ားကို တိုင္းျပည္၊ ေဒသတြင္း ရရွိရန္လိုအပ္ေၾကာင္း၊ နိုင္ငံတဝန္း စက္မႉဇုန္မ်ားတည္ေထာင္ရန္ေျပာၾကာခဲ့ေသာ္ လည္း ခ်င္းျပည္နယ္အတြက္ အေႂကြးက်န္ရွိေနၿပီး ယင္းျပည္နယ္တြင္ ေကာ္ဖီ၊ ၀ဥ၊ ႏြားေႏွာက္အေျခခံ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္ မွာၾကားခဲ့ေၾကာင္း၊ ဗဟိုက မတည္ေငြမ်ားေပးလိုက္ၿပီး မိမိတို႔ဘာသာ ျပန္လည္လုပ္ကိုင္ျခင္းအားျဖင့္ ဘတ္ဂ်က္မ်ားေခ်ာင္လည္လာမည္ျဖစ္သည့္အတြက္ တိုင္းႏွင့္ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ား စီးပြားေရးလုပ္ရန္ မွာၾကားခဲ့ၿပီလည္းျဖစ္ေၾကာင္းႏွင့္ မိမိတို႔အေနျဖင့္ ေနာက္ပိုင္းတြင္ အေသးစား၊ အလက္စားစီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ေနသည္ကို ေကာင္စီ၀င္မ်ားကို အသိေပးလိုေၾကာင္း ၎ကဆိုသည္။

အဆိုပါ နစက အဖြဲ႕၀င္မ်ားတက္ေရာက္ခဲ့သည့္ အစည္းအေဝးတြင္ SME လုပ္ငန္းမ်ားအျပင္ ခရီးသြားက႑၊ စိုက္ပ်ိဳးေရးက႑၊ ႐ုရွားနိုင္ငံႏွင့္ ခ်စ္ၾကည္ရင္းႏွီးေရး၊ စိုက္ပ်ိဳးေရးက႑မ်ားႏွင့္ပတ္သက္ ၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*