Bar နဲ့ စားသောက်ဆိုင်ကို ထပ်မံဖွင့်လှစ်လိုက်တဲ့ သရုပ်ဆောင် ထူးခြားတို့ ဇနီးမောင်နှံ

သရုပ်ဆောင် ထူးခြားကတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပါပဲ။ ထူးခြားဟာ

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း စိတ်ဝင်စားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သရုပ်ဆောင် ပွင့်နဒီမောင်နဲ့အတူတူ ဝက်နံရိုးမီးတောက်နဲ့

ဝက်လက်စွပ်ပြုတ်တို့ကို ရောင်းချခဲ့တာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါမှာလည်း ထူးခြားက သူ့ရဲ့စီးပွားရေးခြေလှမ်းသစ်တစ်ခုနဲ့ ပရိသ တ်တွေကို မိတ်ဆက်ပေးလာပါတယ်။

ထူးခြားက “မျှော်လင့်ထားတဲ့နေ့ကတော့ရောက်လာပြီ။ မန်းလေးမှာဖွင့်မဲ့ ကျွန်တော်တို့ရဲ့ Pluto Bar ဆိုင်ဖွင့်ပွဲကို လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာ။ မန်းလေးမှာရှိတဲ့သူတွေ၊ ရောက်နေတဲ့သူငယ်ချင်းတွေ၊

အနုပညာမောင်နှမတွေရှိရင်သေချာပေါက်လာခဲ့ပေးပါလို့ဖိတ်ပါရစေ။” ဆိုပြီး မန္တလေးမြို့ မဟာအောင်မြေရပ်၊ ၅၆ လမ်းနဲ့ ၄၀ လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ Pluto Bar လေးအကြောင်းကို

မိတ်ဆက်ပေးလာခဲ့ပါတယ်။ ထူးခြားကတော့ စီးပွားရေးအလုပ်တွေကို တစ်ခုပြီးတစ်ခုလုပ်ကိုင်နေတာမို့ အနုပညာအလုပ်ကို လုံးဝရပ်နားလိုက်ပြီလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ထူးခြားရဲ့ဆိုင်လေး အများကြီးရောင်းရပြီး အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

သ႐ုပ္ေဆာင္ ထူးျခားကေတာ့ ႐ုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမွာ က်ရာဇာတ္႐ုပ္ကို အပီျပင္ဆုံးနဲ႕ အေကာင္းဆုံးသ႐ုပ္ေဆာင္နိုင္သူတစ္ေယာက္ပါပဲ။ ထူးျခားဟာ

သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို ကိုယ္ပိုင္စားေသာက္ကုန္လုပ္ငန္းကိုလည္း စိတ္ဝင္စားတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ သ႐ုပ္ေဆာင္ ပြင့္နဒီေမာင္နဲ႕အတူတူ ဝက္နံရိုးမီးေတာက္နဲ႕

ဝက္လက္စြပ္ျပဳတ္တို႔ကို ေရာင္းခ်ခဲ့တာ ပရိသတ္ႀကီးအားလုံးလည္း သိၿပီးသားျဖစ္မွာပါ။ ဒီတစ္ခါမွာလည္း ထူးျခားက သူ႕ရဲ႕စီးပြားေရးေျခလွမ္းသစ္တစ္ခုနဲ႕ ပရိသ တ္ေတြကို မိတ္ဆက္ေပးလာပါတယ္။

ထူးျခားက “ေမွ်ာ္လင့္ထားတဲ့ေန႕ကေတာ့ေရာက္လာၿပီ။ မန္းေလးမွာဖြင့္မဲ့ ကြၽန္ေတာ္တို႔ရဲ႕ Pluto Bar ဆိုင္ဖြင့္ပြဲကို လာေရာက္အားေပးဖို႔ဖိတ္ေခၚပါတယ္ဗ်ာ။ မန္းေလးမွာရွိတဲ့သူေတြ၊ ေရာက္ေနတဲ့သူငယ္ခ်င္းေတြ၊

အႏုပညာေမာင္ႏွမေတြရွိရင္ေသခ်ာေပါက္လာခဲ့ေပးပါလို႔ဖိတ္ပါရေစ။” ဆိုၿပီး မႏၲေလးၿမိဳ႕ မဟာေအာင္ေျမရပ္၊ ၅၆ လမ္းနဲ႕ ၄၀ လမ္းေထာင့္မွာ ဖြင့္လွစ္ထားတဲ့ Pluto Bar ေေလးအေၾကာင္းကို

မိတ္ဆက္ေပးလာခဲ့ပါတယ္။ ထူးျခားကေတာ့ စီးပြားေရးအလုပ္ေတြကို တစ္ခုၿပီးတစ္ခုလုပ္ကိုင္ေနတာမို႔ အႏုပညာအလုပ္ကို လုံးဝရပ္နားလိုက္ၿပီလားဆိုတာ စိတ္ဝင္စားစရာပါပဲ။

ထူးျခားရဲ႕ဆိုင္ေလး အမ်ားႀကီးေရာင္းရၿပီး ေအာင္ျမင္မႈေတြရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*