
အဆိုတော်နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နီနီခင်ဇော်ကတော့ အဆိုတော်တစ်ယောက်အဖြစ် ဂီတအနုပညာလမ်းကြောင်းမှာ ကျော်ကြားပြီး ဂုဏ်ပြုထူးချွန်ဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ပရိသတ်တွေကတော့ နီနီခင်ဇော်ရဲ့သီချင်းတွေကိုသာမကပဲ သီချင်းလေးတွေရဲ့ပိုင်ရှင် နီနီခင်ဇော်ကိုပါ ချစ်ခင်ကြတာပဲဖြစ်ပါတယ်။ သီချင်းသစ်တွေမထွက်ဖြစ်ပဲ အရင်ကသီချင်းဟောင်းတွေကိုပဲ
Cover သီဆိုဖြစ်နေတဲ့ နီနီခင်ဇော်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ပါတီခင်ဇော် အခွေထွက်ရှိခြင်း (၃) နှစ်ပြည့်နေ့အဖြစ် ပါတီခင်ဇော် အခွေပရိုမိုးရှင်းပွဲက ပုံရိပ်တွေကို မျှဝေလာပါတယ်။
နီနီခင်ဇော်က “ပါတီခင်ဇော် Audio ထွက်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီ။ အခုတော့ သူငယ်ချင်းတွေရော Ninians တွေရော မတွေ့ရတာတော်တော်ကြာသွားခဲ့ပါပြီ။ သတိရခြင်း လွမ်းဆွတ်ခြင်းအားဖြင့် ”ဆိုပြီး
သတိရကြောင်းတွေ ပြောလာပါတယ် နီနီခင်ဇော်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအသစ်တွေမလုပ်ကိုင်သေးပဲ သူမရဲ့ ကိုယ်ပိုင်အချိန်တွေကိုသာ ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နီနီခင်ဇော်ရဲ့ သီချင်းတွေကို မျှော်နေကြလောက်ပြီထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အဆိုေတာ္နီနီခင္ေဇာ္ကေတာ့ Melody World သီခ်င္းဆိုၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ အဆိုေတာ္တစ္ေယာက္အျဖစ္ ေအာင္ျမင္လာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။
နီနီခင္ေဇာ္ကေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ဂီတအႏုပညာလမ္းေၾကာင္းမွာ ေက်ာ္ၾကားၿပီး ဂုဏ္ျပဳထူးခြၽန္ဆုေတြမ်ားစြာကို လက္ဝယ္ပိုင္ဆိုင္ထားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။
ပရိသတ္ေတြကေတာ့ နီနီခင္ေဇာ္ရဲ႕သီခ်င္းေတြကိုသာမကပဲ သီခ်င္းေလးေတြရဲ႕ပိုင္ရွင္ နီနီခင္ေဇာ္ကိုပါ ခ်စ္ခင္ၾကတာပဲျဖစ္ပါတယ္။ သီခ်င္းသစ္ေတြမထြက္ျဖစ္ပဲ အရင္ကသီခ်င္းေဟာင္းေတြကိုပဲ
Cover သီဆိုျဖစ္ေနတဲ့ နီနီခင္ေဇာ္ဟာ ဒီကေန႕မွာေတာ့ သူမရဲ႕ ပါတီခင္ေဇာ္ အေခြထြက္ရွိျခင္း (၃) ႏွစ္ျပည့္ေန႕အျဖစ္ ပါတီခင္ေဇာ္ အေခြပရိုမိုးရွင္းပြဲက ပုံရိပ္ေတြကို မွ်ေဝလာပါတယ္။
နီနီခင္ေဇာ္က “ပါတီခင္ေဇာ္ Audio ထြက္ခဲ့တာ ၃ ႏွစ္ျပည့္ခဲ့ၿပီ။ အခုေတာ့ သူငယ္ခ်င္းေတြေရာ Ninians ေတြေရာ မေတြ႕ရတာေတာ္ေတာ္ၾကာသြားခဲ့ပါၿပီ။ သတိရျခင္း လြမ္းဆြတ္ျခင္းအားျဖင့္ ”ဆိုၿပီး
သတိရေၾကာင္းေတြ ေျပာလာပါတယ္ နီနီခင္ေဇာ္ဟာ လတ္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈအသစ္ေတြမလုပ္ကိုင္ေသးပဲ သူမရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကိုသာ ကုန္ဆုံးေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။
ပရိသတ္ႀကီးလည္း နီနီခင္ေဇာ္ရဲ႕ သီခ်င္းေတြကို ေမွ်ာ္ေနၾကေလာက္ၿပီထင္ပါတယ္ေနာ္။ ခရက္ဒစ္
Leave a Reply