ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး ချင်းပြည်နယ်မှာ စက်မှုဇုန်ထောင်မယ်လို့ စစ်ခေါင်းဆောင်ပြော၊ ဝန်ကြီး ချုပ်တွေ စီးပွားရေးလုပ်ကြဖို့ မှာကြားထားတယ်လို့ဆို

ချင်းပြည်နယ်မှာ ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ထောင်မယ်လို့ စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေး(၈/၂၀၂၂)မှာ အခုလိုပြောဆိုခဲ့တာပါ။တိုင်းနဲ့ပြည်နယ်အားလုံးမှာ စက်မှုဇုန်တွေလုပ်ဖို့ညွှန်ကြားထားပြီး ချင်းပြည်နယ်ကအကြွေးကျန်နေတယ်လို့လည်းဆိုပါတယ်။

” ကျနော်တာဝန်ယူတဲ့အချိန်မှာ ပြည်နယ်၊တိုင်းအားလုးကိုစက်မှုဇုန်တွေအကုန်လုပ်ရမယ်လို့ပြောထားတာရှိပါတယ်။ အဲ့ထဲမှာအကြွေးကျန်တာချင်းပြည် နယ်တခုကျန်နေတယ်။ ချင်းပြည်နယ်မှာစက်မှုဇုန်မရှိဘူး၊စက်မှုရပ် ကွက်လည်းမရှိဘူး။

ဒါကြောင့်ချင်းပြည်နယ်ကို ကျနော် ကော်ဖီရယ် ၊ ဝဥရယ်၊ နောက်တခါ နွားနောက်ရယ်၊ ဒီ ၃ ခုကိုအခြေခံပြီး စက်မှုလုပ်ငန်းလုပ်ဖို့မှာခဲ့တာရှိတယ်” လို့ စစ်ခေါင်းဆော င် မင်းအောင်လှိုင်က ပြောပါတယ်။ဒါ့အပြင် သူ့ရဲ့လက်အောက်က တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေအားလုံး စီးပွားရေးလုပ်ကြဖို့မှာ ကြားထားတယ်လို့လည်း သူကပြောပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်မြို့နယ်အများအပြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနေ့စဥ်ဖြစ်ပွားနေလို့ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ်နေပြီး ဒေသခံအများအပြားနေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

ဒါ့အပြင် စစ်ကောင်စီဘက်လည်း မြို့နယ်အချို့ရဲ့ မြို့ပေါ်နေရာတွေလောက်ဘဲထိန်းချုပ်ထားနိုင်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေရာအများအပြားကိုစိုးမိုးထားတာဖြစ်ပြီး ချင်းပြည်နယ်ကိုပို့ဆောင်တဲ့ကုန်ပစ္စညတွေကို စစ်ကောင်စီဘက် စစ်ဆေးမှုတွေတင်းကြပ်ကန့်သတ်ထားလို့ လက်ရှိမှာ ချင်းပြည်နယ်အတွင်းကုန်စျေးနှုန်းတွေအဆမတန်ကြီးမြင့်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းတနှစ်ခွဲပြည့်​မြောက်တဲ့ကာလ စစ်ကောင်စီအစည်းအဝေးတခုမှာလည်း နောက် ၆ လအတွင်းစီးပွားရေးဖွံဖြိုးတိုးတက်လာမယ်လို့ သူ့ဘာသာတွက်ချက်သုံးသပ်ထားပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေကာ္ဖီ၊ ဝါးဥ၊ ႏြားေနာက္ကိုအေျခခံၿပီး ခ်င္းျပည္နယ္မွာ စက္မႈဇုန္ေထာင္မယ္လို႔ စစ္ေခါင္းေဆာင္ေျပာ၊ ဝန္ႀကီး ခ်ဳပ္ေတြ စီးပြားေရးလုပ္ၾကဖို႔ မွာၾကားထားတယ္လို႔ဆို

ခ်င္းျပည္နယ္မွာ ေကာ္ဖီ၊ ဝါးဥ၊ ႏြားေနာက္ကိုအေျခခံၿပီး စက္မႈဇုန္ေထာင္မယ္လို႔ စစ္အာဏာသိမ္းေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာလ ၂၇ ရက္ေန႕ မေန႕က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေကာင္စီအစည္းအေဝး(၈/၂၀၂၂)မွာ အခုလိုေျပာဆိုခဲ့တာပါ။တိုင္းနဲ႕ျပည္နယ္အားလုံးမွာ စက္မႈဇုန္ေတြလုပ္ဖို႔ၫႊန္ၾကားထားၿပီး ခ်င္းျပည္နယ္ကအေႂကြးက်န္ေနတယ္လို႔လည္းဆိုပါတယ္။

” က်ေနာ္တာဝန္ယူတဲ့အခ်ိန္မွာ ျပည္နယ္၊တိုင္းအားလုးကိုစက္မႈဇုန္ေတြအကုန္လုပ္ရမယ္လို႔ေျပာထားတာရွိပါတယ္။ အဲ့ထဲမွာအေႂကြးက်န္တာခ်င္းျပည္ နယ္တခုက်န္ေနတယ္။ ခ်င္းျပည္နယ္မွာစက္မႈဇုန္မရွိဘူး၊စက္မႈရပ္ ကြက္လည္းမရွိဘူး။

ဒါေၾကာင့္ခ်င္းျပည္နယ္ကို က်ေနာ္ ေကာ္ဖီရယ္ ၊ ဝဥရယ္၊ ေနာက္တခါ ႏြားေနာက္ရယ္၊ ဒီ ၃ ခုကိုအေျခခံၿပီး စက္မႈလုပ္ငန္းလုပ္ဖို႔မွာခဲ့တာရွိတယ္” လို႔ စစ္ေခါင္းေဆာ င္ မင္းေအာင္လွိုင္က ေျပာပါတယ္။ဒါ့အျပင္ သူ႕ရဲ႕လက္ေအာက္က တိုင္းနဲ႕ျပည္နယ္က ဝန္ႀကီးခ်ဳပ္ေတြအားလုံး စီးပြားေရးလုပ္ၾကဖို႔မွာ ၾကားထားတယ္လို႔လည္း သူကေျပာပါတယ္။

လက္ရွိမွာ ခ်င္းျပည္နယ္ၿမိဳ႕နယ္အမ်ားအျပားမွာ စစ္ေကာင္စီတပ္နဲ႕ ေဒသခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြအၾကား တိုက္ပြဲေတြေန႕စဥ္ျဖစ္ပြားေနလို႔ ေဒသတြင္းမတည္ၿငိမ္မႈေတြျဖစ္ေနၿပီး ေဒသခံအမ်ားအျပားေနရပ္စြန့္ခြာထြက္ေျပးေနရတာပါ။

ဒါ့အျပင္ စစ္ေကာင္စီဘက္လည္း ၿမိဳ႕နယ္အခ်ိဳ႕ရဲ႕ ၿမိဳ႕ေပၚေနရာေတြေလာက္ဘဲထိန္းခ်ဳပ္ထားနိုင္သလို ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြကေနရာအမ်ားအျပားကိုစိုးမိုးထားတာျဖစ္ၿပီး ခ်င္းျပည္နယ္ကိုပို႔ေဆာင္တဲ့ကုန္ပစၥညေတြကို စစ္ေကာင္စီဘက္ စစ္ေဆးမႈေတြတင္းၾကပ္ကန့္သတ္ထားလို႔ လက္ရွိမွာ ခ်င္းျပည္နယ္အတြင္းကုန္ေစ်းႏႈန္းေတြအဆမတန္ႀကီးျမင့္ေနတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ဟာ အာဏာသိမ္းတႏွစ္ခြဲျပည့္​ေျမာက္တဲ့ကာလ စစ္ေကာင္စီအစည္းအေဝးတခုမွာလည္း ေနာက္ ၆ လအတြင္းစီးပြားေရးဖြံၿဖိဳးတိုးတက္လာမယ္လို႔ သူ႕ဘာသာတြက္ခ်က္သုံးသပ္ထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*