ဂါဝန်၊ ဘောင်းဘီတို၊ စကပ် ဝတ်ဆင်ပြီး ဆိုင်ကယ်မစီးဖို့ စစ်ကောင်စီအမိန့်ထုတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အမျိုးသမီးတွေ ဆိုင်ကယ်စီးနင်းရင် ဂါဝန်၊ ဘောင်းဘီတို၊ စကပ် ဝတ်ဆင်ပြီး မစီးရဘူးလို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ အဲ့ဒီအမိန့်ကိုစစ် ကောင်စီကထုတ်ပြန်ကြေညာတာဖြစ်ပြီး စကဒ်ဝတ်လို့ ဖမ်းဆီးခံရတဲ့ မြို့ခံအမျိုးသမီး အချို့လည်း ရှိတယ် လို့ ထားဝယ်မြို့ခံတွေ ကပြောပါတယ်။

“စစ်ကောင်စီတပ်က စာထုတ်ထားတယ် ဆိုင်ကယ်စီးရင်ဆိုင်ကယ်ပေါ်ကို ခွေးတွေ ကြောင်တွေ တင်ပီးမမောင်းရဘူးတဲ့လေ။ မိန်းကလေးတွေဆိုလဲ စကဒ်အတိုတွေ ဝတ်ပီး ဆိုင်ကယ်မမောင်းရဘူးပြောတယ်။ တွေ့တာနဲ့ ဖမ်းမယ်ပြောတယ် စစ်ကောင်စီက ဘာအတွက် ဒါတွေလျှောက်လုပ်နေတာ နားကိုမလည်တော့ဘူ။ တမင်သက်သက် ပြည်သူကို အနိုင်ကျင့်နေသလိုဖြစ်နေပီ” လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။

ဆိုင်ကင်းစီးနင်းရာမှာ အမျိုးသမီးတွေ ဂါဝန်၊ ဘောင်း ဘီတို၊ စကပ်မဝတ်ရ အမျိုးသမီးများ ထမိန် သီးသန့်ဘဲ ဝတ်ရမယ့်အပြင် အမျိုးသားများ ဆင်ကြယ်၊ မြင်းကြယ် ဖိနပ်မစီးရ၊ ခွေး၊ ကြောင် ဆိုင်ကယ်ပေါ်တင်မမောင်းရ၊ ဖိနပ် ကြိုးသိုင်း မစီးရ လို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ဆိုပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က နတ်ပီတိကျေးရွာ လမ်းစုံမှာလည်း စက်တင်ဘာ ၂၅ ရက်နေ့က ဒေသခံအမျိုးသမီးတဦး ကိုအတွင်းခံအင်္ကျီ မဝတ်ဆင်ဘဲ ဆိုင်ကယ်မောင်းနှင်လာ လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ထားဝယ္မွာ ဂါဝန္၊ ေဘာင္းဘီတို၊ စကပ္ ဝတ္ဆင္ၿပီး ဆိုင္ကယ္မစီးဖို႔ စစ္ေကာင္စီအမိန့္ထုတ္

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕မွာ အမ်ိဳးသမီးေတြ ဆိုင္ကယ္စီးနင္းရင္ ဂါဝန္၊ ေဘာင္းဘီတို၊ စကပ္ ဝတ္ဆင္ၿပီး မစီးရဘူးလို႔ စစ္ေကာင္စီက အမိန့္ထုတ္ထားတယ္လို႔ေဒသခံေတြဆီက သိရပါတယ္။

စက္တင္ဘာလ ၂၆ ရက္ေန႕ကစလို႔ အဲ့ဒီအမိန့္ကိုစစ္ ေကာင္စီကထုတ္ျပန္ေၾကညာတာျဖစ္ၿပီး စကဒ္ဝတ္လို႔ ဖမ္းဆီးခံရတဲ့ ၿမိဳ႕ခံအမ်ိဳးသမီး အခ်ိဳ႕လည္း ရွိတယ္ လို႔ ထားဝယ္ၿမိဳ႕ခံေတြ ကေျပာပါတယ္။

“စစ္ေကာင္စီတပ္က စာထုတ္ထားတယ္ ဆိုင္ကယ္စီးရင္ဆိုင္ကယ္ေပၚကို ေခြးေတြ ေၾကာင္ေတြ တင္ပီးမေမာင္းရဘူးတဲ့ေလ။ မိန္းကေလးေတြဆိုလဲ စကဒ္အတိုေတြ ဝတ္ပီး ဆိုင္ကယ္မေမာင္းရဘူးေျပာတယ္။ ေတြ႕တာနဲ႕ ဖမ္းမယ္ေျပာတယ္ စစ္ေကာင္စီက ဘာအတြက္ ဒါေတြေလွ်ာက္လုပ္ေနတာ နားကိုမလည္ေတာ့ဘူ။ တမင္သက္သက္ ျပည္သူကို အနိုင္က်င့္ေနသလိုျဖစ္ေနပီ” လို႔ ထားဝယ္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

ဆိုင္ကင္းစီးနင္းရာမွာ အမ်ိဳးသမီးေတြ ဂါဝန္၊ ေဘာင္း ဘီတို၊ စကပ္မဝတ္ရ အမ်ိဳးသမီးမ်ား ထမိန္ သီးသန့္ဘဲ ဝတ္ရမယ့္အျပင္ အမ်ိဳးသားမ်ား ဆင္ၾကယ္၊ ျမင္းၾကယ္ ဖိနပ္မစီးရ၊ ေခြး၊ ေၾကာင္ ဆိုင္ကယ္ေပၚတင္မေမာင္းရ၊ ဖိနပ္ ႀကိဳးသိုင္း မစီးရ လို႔ စစ္ေကာင္စီက အမိန့္ထုတ္ထားတာလို႔ဆိုပါတယ္။

ဧရာဝတီတိုင္း၊ ျမန္ေအာင္ၿမိဳ႕နယ္က နတ္ပီတိေက်း႐ြာ လမ္းစုံမွာလည္း စက္တင္ဘာ ၂၅ ရက္ေန႕က ေဒသခံအမ်ိဳးသမီးတဦး ကိုအတြင္းခံအကၤ်ီ မဝတ္ဆင္ဘဲ ဆိုင္ကယ္ေမာင္းႏွင္လာ လို႔ဆိုၿပီး စစ္ေကာင္စီတပ္က ဖမ္းဆီးခဲ့ပါေသးတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*