ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံထားရသည့် အင်းစိန် လူမိုက်၊ မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို ပြန်လွှတ်ပေးပြီး စစ်တပ်က ပျူစောထီးအဖြစ် အသုံးပြု ၊ စစ်တပ် ဆန့်ကျင်သူများကို မိသားစုတစ်ခုလုံး သတ်မည်ဟု လူမိုက်အဖွဲ့က ခြိမ်း ခြောက်

ရန်ကုန်ုတိုင်း၊ အင်းစိန်မြို့နယ်တွင်၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုများဖြင့် ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့် အင်းစိန်လူမိုက် မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို ထောင်မှ ပြန်လွှတ်ပေးပြီး ပျူစောထီးများအဖြစ် စစ်တပ်နှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အင်းစိန်လူမိုက် ကျော်ဝင်းစိန်နှင့် ညီဖြစ်သူ ကျင်ဟုတ်တို့သည် စစ်ကောင်စီလက်ထက်တွင် လွတ်ငြိမ်း ချမ်း သာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ် တပ်၏ လက်ကိုင်တုတ် ပျူစောထီးများဖြစ်လာကြော င်း၊ အင်းစိန် ကမ်းနားအလယ်၊ အောင်ဇေယျာအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီးတို့နှင့်အတူ ပြည်သူများကို ညှဉ်းပန်းနှိပ်စက် လျက်ရှိကြော င်း၊ နိုင်ငံရေးလုပ်သူ၊ စစ်တပ်ဆန့်ကျင်သူများကို မိသားစုအလိုက် သတ်ဖြတ်မည်ဟု လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ခြိမ်းခြောက် နေကြောင်း သိရှိရသည်။

” အောင်ဇေယျာအုပ်ကြီး စိုးမြင့်နဲ့ ရာအိမ်မှူး ပိုကြီးတို့က လူမိုက်ကျော်ဝင်းစိန်၊ ကျင်ဟုတ်တို့ကကာကွယ်ပေးမှုနဲ့ ပြည်သူတွေကို ငွေ မတရားကောက်ခံတယ်။ အနိုင် ကျင့်တယ်။ ခြိမ်းခြောက်တယ်။ ကျော်ဝင်းစိန်ကလည်း ထောင်ဒဏ် စုစု ပေါင်းနှစ် ၇၀ ကျော်လောက် အချခံထားရာကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်ပြီး တပည့်တွေနဲ့ ကားတဝီဝီပဲ။ စစ်တပ်နဲ့ပေါင်းတယ်။ ပြည်သူတွေကို နိုင်ငံရေးအကြောင်းပြောကြည့်တစ်မိသားစုလုံးသတ်ပစ်မည်ဟုအင်းစိန်ကမ်းနားအလယ် မှာ ကြွေးကြော်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုများကို စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ယခု ပြန်လည် လုပ်ကိုင်နိုင်ပြီဖြစ်၍ ငွေကြေး ချမ်းသာလာခြင်းဖြစ်သည်ဟု သိရှိရသည်။

အင်းစိန်၊ ကမ်းနားဘက်တွင် အုပ်ချုပ်ရေးမှူးစိုးမြင့်၊ ရာအိမ်မှူး ပိုကြီး၊ လူမိုက် ကျော်ဝင်းစိန်၊ ကျင်ဟုတ် တပည့်များကို စစ်တပ်က လက်နက် တပ်ဆင်ထားပြီး ညအချိန် ခေမာတောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ပတ္တမြားရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ခြင်း၊ ဧည့်စာရင်းမတိုင်ပါက အိမ်သားအားလုံးကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းများလုယူခြင်း၊ ငွေကြေးတောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ အင်းစိန်အောင်ဇေယျတံတားနှင့် လျှပ်စစ်မီတာရုံးတွင် ကျော်ဝင်းစိန်လူမိုက်အဖွဲ့နှင့် စစ်တပ်က ပူး‌ပေါင်းလုံခြုံရေးယူထားကြောင်း သိရှိရသည်။

” အင်းစိန်အောင်ဇေယျတံတားမှာ စစ်သား ၇ ဦး၊ လူမိုက် ကျော်ဝင်းစိန်အဖွဲ့ဝင် ၁၄ ဦး၊ အုပ်ကြီး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီး စုစုပေါင်း ၂၃ ဦးက လက်နက်ကိုယ်စီနဲ့ အင်းစိန်ဘက်အခြမ်းကို ညတိုင်း ကင်းချတယ်။ မနက် ၄နာရီဆိုရင် ကင်းဖြုတ်တဲ့အခါ လူမိုက် ကျော်ဝင်းစိန်နှင့်ကျင်ဟုတ်က အောင်ဇေယျတိုက်ခန်း သို့မဟုတ် ပတ္တမြားလမ်းနေအိမ်မှာ မနက်စာစားတယ်။ ဒီကောင်တွေပျုစောထီးဖြစ်သွားတော့ Hummer ကားတွေ စီးပြီး ကင်းလှည့်တာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်မြို့နယ်မှ ပြည်သူတချို့ကို စစ်တပ်နှင့် လူမိုက်ကျော်ဝင်းစိန်အဖွဲ့ကဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသည့် ပြည်သူတချို့သတင်းအစအနမရရှိဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

လက်ရှိတွင် လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် အင်းစိန်အောင်ဇေယျာအိမ်ရာ မီတာရုံးတွင် စစ်တပ်နှင့်အတူ စခန်း ချထားကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်ကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင်ဒဏ် ၆၅ နှစ်၊ ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ်လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေထာင္ဒဏ္ႏွစ္ ၇၀ ေက်ာ္ ခ်မွတ္ခံထားရသည့္ အင္းစိန္ လူမိုက္၊ မူးယစ္ရာဇာ ေက်ာ္ဝင္းစိန္ႏွင့္အဖြဲ႕ကို ျပန္လႊတ္ေပးၿပီး စစ္တပ္က ပ်ဴေစာထီးအျဖစ္ အသုံးျပဳ ၊ စစ္တပ္ ဆန႔္က်င္သူမ်ားကို မိသားစုတစ္ခုလုံး သတ္မည္ဟု လူမိုက္အဖြဲ႕က ၿခိမ္း ေျခာက္

ရန္ကုန္ုတိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္၊ လုယက္မႈ၊ မူးယစ္ေဆးဝါးမႈ၊ လူသတ္မႈမ်ားျဖင့္ ေထာင္ဒဏ္ ၆၅ ႏွစ္ေက်ာ္ က်ခံေနရသည့္ အင္းစိန္လူမိုက္ မူးယစ္ရာဇာ ေက်ာ္ဝင္းစိန္ႏွင့္အဖြဲ႕ကို ေထာင္မွ ျပန္လႊတ္ေပးၿပီး ပ်ဴေစာထီးမ်ားအျဖစ္ စစ္တပ္ႏွင့္အတူ ကင္းလွည့္ျခင္း၊ ဧည့္စာရင္းစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခိုင္းထားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

အင္းစိန္လူမိုက္ ေက်ာ္ဝင္းစိန္ႏွင့္ ညီျဖစ္သူ က်င္ဟုတ္တို႔သည္ စစ္ေကာင္စီလက္ထက္တြင္ လြတ္ၿငိမ္း ခ်မ္း သာခြင့္ ျဖင့္ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ စစ္ တပ္၏ လက္ကိုင္တုတ္ ပ်ဴေစာထီးမ်ားျဖစ္လာေၾကာ င္း၊ အင္းစိန္ ကမ္းနားအလယ္၊ ေအာင္ေဇယ်ာအိမ္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိုးျမင့္၊ ရာအိမ္မႉး ပိုႀကီးတို႔ႏွင့္အတူ ျပည္သူမ်ားကို ညွဥ္းပန္းႏွိပ္စက္ လ်က္ရွိေၾကာ င္း၊ နိုင္ငံေရးလုပ္သူ၊ စစ္တပ္ဆန႔္က်င္သူမ်ားကို မိသားစုအလိုက္ သတ္ျဖတ္မည္ဟု လူမိုက္ေက်ာ္ဝင္းစိန္ႏွင့္အဖြဲ႕က ၿခိမ္းေျခာက္ ေနေၾကာင္း သိရွိရသည္။

” ေအာင္ေဇယ်ာအုပ္ႀကီး စိုးျမင့္နဲ႕ ရာအိမ္မႉး ပိုႀကီးတို႔က လူမိုက္ေက်ာ္ဝင္းစိန္၊ က်င္ဟုတ္တို႔ကကာကြယ္ေပးမႈနဲ႕ ျပည္သူေတြကို ေငြ မတရားေကာက္ခံတယ္။ အနိုင္ က်င့္တယ္။ ၿခိမ္းေျခာက္တယ္။ ေက်ာ္ဝင္းစိန္ကလည္း ေထာင္ဒဏ္ စုစု ေပါင္းႏွစ္ ၇၀ ေက်ာ္ေလာက္ အခ်ခံထားရာကေန လြတ္ၿငိမ္းနဲ႕ ျပန္လြတ္ၿပီး တပည့္ေတြနဲ႕ ကားတဝီဝီပဲ။ စစ္တပ္နဲ႕ေပါင္းတယ္။ ျပည္သူေတြကို နိုင္ငံေရးအေၾကာင္းေျပာၾကည့္တစ္မိသားစုလုံးသတ္ပစ္မည္ဟုအင္းစိန္ကမ္းနားအလယ္ မွာ ေႂကြးေၾကာ္ထားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

လူမိုက္ေက်ာ္ဝင္းစိန္ႏွင့္အဖြဲ႕သည္ မူးယစ္ေဆးဝါး ေရာင္းဝယ္ ျဖန႔္ျဖဴးမႈမ်ားကို စစ္တပ္၏ ခြင့္ျပဳခ်က္ျဖင့္ ယခု ျပန္လည္ လုပ္ကိုင္နိုင္ၿပီျဖစ္၍ ေငြေၾကး ခ်မ္းသာလာျခင္းျဖစ္သည္ဟု သိရွိရသည္။

အင္းစိန္၊ ကမ္းနားဘက္တြင္ အုပ္ခ်ဳပ္ေရးမႉးစိုးျမင့္၊ ရာအိမ္မႉး ပိုႀကီး၊ လူမိုက္ ေက်ာ္ဝင္းစိန္၊ က်င္ဟုတ္ တပည့္မ်ားကို စစ္တပ္က လက္နက္ တပ္ဆင္ထားၿပီး ညအခ်ိန္ ေခမာေတာင္ရပ္ကြက္၊ ေအာင္ေဇယ်ရပ္ကြက္၊ ပတၱျမားရပ္ကြက္တို႔တြင္ ဧည့္စာရင္းစစ္ျခင္း၊ ဧည့္စာရင္းမတိုင္ပါက အိမ္သားအားလုံးကို ရိုက္ႏွက္ၿပီး အဖိုးတန္ပစၥည္းမ်ားလုယူျခင္း၊ ေငြေၾကးေတာင္းျခင္းမ်ား လုပ္ေဆာင္ေၾကာင္း၊ အင္းစိန္ေအာင္ေဇယ်တံတားႏွင့္ လွ်ပ္စစ္မီတာ႐ုံးတြင္ ေက်ာ္ဝင္းစိန္လူမိုက္အဖြဲ႕ႏွင့္ စစ္တပ္က ပူး‌ေပါင္းလုံၿခဳံေရးယူထားေၾကာင္း သိရွိရသည္။

” အင္းစိန္ေအာင္ေဇယ်တံတားမွာ စစ္သား ၇ ဦး၊ လူမိုက္ ေက်ာ္ဝင္းစိန္အဖြဲ႕ဝင္ ၁၄ ဦး၊ အုပ္ႀကီး စိုးျမင့္၊ ရာအိမ္မႉး ပိုႀကီး စုစုေပါင္း ၂၃ ဦးက လက္နက္ကိုယ္စီနဲ႕ အင္းစိန္ဘက္အျခမ္းကို ညတိုင္း ကင္းခ်တယ္။ မနက္ ၄နာရီဆိုရင္ ကင္းျဖဳတ္တဲ့အခါ လူမိုက္ ေက်ာ္ဝင္းစိန္ႏွင့္က်င္ဟုတ္က ေအာင္ေဇယ်တိဳက္ခန္း သို႔မဟုတ္ ပတၱျမားလမ္းေနအိမ္မွာ မနက္စာစားတယ္။ ဒီေကာင္ေတြပ်ဳေစာထီးျဖစ္သြားေတာ့ Hummer ကားေတြ စီးၿပီး ကင္းလွည့္တာ”ဟု ေဒသခံတစ္ဦးက ဆိုသည္။

စက္တင္ဘာလ ၉ ရက္ေန႕တြင္ အင္းစိန္ၿမိဳ႕နယ္မွ ျပည္သူတခ်ိဳ႕ကို စစ္တပ္ႏွင့္ လူမိုက္ေက်ာ္ဝင္းစိန္အဖြဲ႕ကဖမ္းဆီးခဲ့ေၾကာင္း၊ ယင္းေနာက္ ဖမ္းဆီးခံရသည့္ ျပည္သူတခ်ိဳ႕သတင္းအစအနမရရွိဘဲ ေပ်ာက္ဆုံးသြားေၾကာင္း သိရွိရသည္။

လက္ရွိတြင္ လူမိုက္ေက်ာ္ဝင္းစိန္ႏွင့္အဖြဲ႕သည္ အင္းစိန္ေအာင္ေဇယ်ာအိမ္ရာ မီတာ႐ုံးတြင္ စစ္တပ္ႏွင့္အတူ စခန္း ခ်ထားေၾကာင္း သိရွိရသည္။

လူမိုက္ေက်ာ္ဝင္းစိန္ကို NLD အစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ဖမ္းဆီးရမိခ်ိန္က လိုင္စင္မဲ့ကား၊ ဆိုင္ကယ္၊ လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎သည္ ၂၀၁၃ ခုႏွစ္တြင္ တြံေတးတြင္ အမ်ိဳးသမီးတစ္ဦးကို ျပန္ေပးဆြဲၿပီး သိန္း ၂၀၀၀ ျဖင့္ အေ႐ြးခိုင္းခဲ့မႈ၊ လုယက္မႈ မ်ား က်ဴးလြန္ခဲ့ေၾကာင္း၊ ၂၀၁၃ ခုႏွစ္တြင္ပင္ လွိုင္သာယာ တိုးဂိတ္အနီးတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ဓားျဖင့္ခုခံ တိုက္ခိုက္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္(၁)ဦး ျပတ္ရွဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ က်ဴးလြန္ခဲ့ေၾကာင္း၊ ယင္းေနာက္ ၎ကို ဖမ္းဆီးရမိခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္၊ မဂၤလာဒုံၿမိဳ႕နယ္ႏွင့္ အလုံၿမိဳ႕နယ္တရား႐ုံးမ်ားက လုယက္မႈ၊ ဓားျပမႈမ်ား၊ မူးယစ္မႈမ်ားျဖင့္ ေထာင္ဒဏ္ ၆၅ ႏွစ္၊ ၃ လ ခ်မွတ္ခဲ့ရသူျဖစ္ေၾကာင္း သိရွိရသည္။

လူမိုက္ေက်ာ္ဝင္းစိန္သည္ ေထာင္ဒဏ္က်ခံေနရခ်ိန္ မုပၸလင္ေက်ာက္ ထုတ္လုပ္ေရး စခန္းမွ ထြက္ေျပးခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ တြင္ ျပန္လည္ဖမ္းဆီးခံခဲ့ရကာ ေထာင္ဒဏ္ ၁၀ ႏွစ္ေက်ာ္ ထပ္မံ ခ်မွတ္ခံရသျဖင့္ ႏွစ္ေပါင္းေထာင္ဒဏ္ ၇၅ ႏွစ္ေက်ာ္ ခ်မွတ္ခံခဲ့ရေၾကာင္း၊ ယင္းေနာက္ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ မင္းေအာင္လွိုင္၏ လြတ္ ၿငိမ္း ခ်မ္းသာခြင့္ျဖင့္ ျပန္ လည္ လြတ္ေျမာက္လာသူျဖစ္ေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*