မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသားများအားလုံး၏ လစာများ အပြည့်အ၀ မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့် ကန့်သတ်ရန်ရှိဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသား လစာများအားလုံး အပြည့်အ၀ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့်များ ကန့် သတ်မည်ဖြစ်ကြောင်းသိရှိရသည်။

“ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာနဲ့ သင်္ဘော သားတွေရဲ့ လစာတွေ ပြည် တွင်းကို အကုန် ပြန်ဝင်လာဖို့ အထက် က သေချာလုပ်ရမယ်ဆိုပြီး ညွှန်ကြား ချက်တွေ ထွက်လာပါတယ်။ နစက ဥက္ကဋ္ဌ ကိုယ်တိုင် ညွှန်ကြားတာ။ အခုအဲဒါကို လုပ်နေကြပြီ။ သင်္ဘော သားလစာတွေကိုလည်း ပြည်ပ ဒေါ်လာဝင်ငွေ အရင်း အမြစ်အဖြစ် ပြန်ဝင်လာအောင် လုပ်တာပါ” ဟု ပြောသည်။

သင်္ဘောသားများအနေဖြင့် လစာ အပြည့်အ၀ ပြန်လ ည် မလွှဲပါက သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘော သား မြန်မာနိုင်ငံကူး လက်မှတ် (သင်္ဘော သားပတ်စ်ပို့) များကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန် ရှိနေကြောင်း၊ သင်္ဘောသားများကို လစာ ပြည် တွင်းသို့ ပြန်လွှဲပါမည်ဆိုသော ခံဝန်ချက်များ လက် မှတ်ရေးထိုးခိုင်းရန် လည်းရှိနေကြောင်း သိရှိရသည်။

“သင်္ဘောသားအလုပ်အကိုင်ကတော့ စစ်ကောင်စီရဲ့ခွင့်ပြုချက် ထိန်းချုပ်မှုအောက် မှာ အပြည့်ရှိတယ်။ ဌာနအနေနဲ့ပြောရင်တော့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ က ထိန်းချုပ်ထားတာ။ CDC တို့နိုင်ငံကူးလက်မှတ်တို့ဆိုတာက သူတို့ ထုတ်မပေးရင် မရဘူး။

နောက်ပြီး အခြား အရာရှိလက်မှတ်တွေ၊ အခြေခံ 4 Tickets လို လက်မှတ် တွေကလည်း ဝန်ကြီးဌာနဘက်က ထုတ်ပေးတာဆိုတော့ ကန့်သတ်ချက်တွေ လုပ်ရင်တော့သင်္ဘောသားတွေက လစာအကုန်ပြန်လွှဲကြရမှာပဲ” ဟု ဝါရင့်သင်္ဘောသားတစ်ဦးက ပြောသည်။

လက်ရှိတွင် သင်္ဘောသားများအားလုံးကို လစာများ ပြည်တွင်းသို့ ပြန်လည် လွှဲခိုင်းနေပြီး မဖြစ်မနေ လွှဲပြောင်းရန် ဖိအားပေးနေကြောင်း သိရှိရသည်။

” စကစလက်ထက်မှာ တချို့သင်္ဘောသားတွေက လစာတွေကို နိုင်ငံခြားဘဏ်အကောင့်ထဲထည့်သိမ်း ထားတာမျိုးရှိတယ်။ အဲဒါကို မဖြစ်မနေ ပြန်လွှဲခိုင်းတယ်။ ဒေါ်လာ၁ထောင်၂ထောင်လောက်လွဲမယ်ပြောတာမရဘူး။ လစာအပြည့် ဒေါ်လာ ၉၀၀၀၊ ၁ သောင်း ပြန်လွှဲခိုင်းတယ်။ အခုတော့ မဖြစ်မနေ လွှဲရမယ်ဆိုတာမျိုးလုပ်လာတယ်။ စစ်တပ်က လက်နက်ဝယ်ဖို့ ဒေါ်လာလိုနေတာလားမသိဘူး” ဟု ပြည်ပသင်္ဘောလိုင်းဝန်ဆောင်မှုနှင့်ဆက်နွယ်သူတစ်ဦးက ဆိုသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကလည်း သင်္ဘောသားလစာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ပေးမည်ဖြစ်ကြောင်း ကြော်ငြာမှုများ တရားဝင် လုပ်ဆော င်ပြီး ငွေလွှဲကြရန် တိုက်တွန်းမှုများ လုပ်ဆောင်နေကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောသား ၇ သောင်းဝန်းကျင်ရှိပြီး သင်္ဘောသား ၂ သောင်းနှင့် ၃ သောင်းအကြားမှာ ပြည်ပသင်္ဘောများတွင် အလုပ် လုပ်ကိုင်လျက်ရှိသဖြင့် အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်စီးဝင်ကြောင်း ဝါရင့်သင်္ဘောသားများသတင်းရပ်ကွက်က ခန့်မှန်းပြောဆိုသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မင္းေအာင္လွိုင္ၫႊန္ၾကားခ်က္အရ သေဘၤာသားမ်ားအားလုံး၏ လစာမ်ား အျပည့္အ၀ ျမန္မာနိုင္ငံအတြင္းသို႔ ျပန္လႊဲရမည္ျဖစ္ၿပီး လစာအျပည့္ ျပန္မလႊဲေသာ သေဘၤာသားမ်ားကို သေဘၤာလိုက္ခြင့္ ကန႔္သတ္ရန္ရွိဟုဆို

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ၫႊန္ၾကားခ်က္အရ သေဘၤာသား လစာမ်ားအားလုံး အျပည့္အ၀ ျမန္မာ နိုင္ငံအတြင္းသို႔ ျပန္လႊဲရမည္ျဖစ္ၿပီး လစာအျပည့္ ျပန္မလႊဲေသာ သေဘၤာသားမ်ားကို သေဘၤာလိုက္ခြင့္မ်ား ကန႔္ သတ္မည္ျဖစ္ေၾကာင္းသိရွိရသည္။

“ျပည္ပေရာက္ အလုပ္သမားေတြရဲ႕ လစာနဲ႕ သေဘၤာ သားေတြရဲ႕ လစာေတြ ျပည္ တြင္းကို အကုန္ ျပန္ဝင္လာဖို႔ အထက္ က ေသခ်ာလုပ္ရမယ္ဆိုၿပီး ၫႊန္ၾကား ခ်က္ေတြ ထြက္လာပါတယ္။ နစက ဥကၠ႒ ကိုယ္တိုင္ ၫႊန္ၾကားတာ။ အခုအဲဒါကို လုပ္ေနၾကၿပီ။ သေဘၤာ သားလစာေတြကိုလည္း ျပည္ပ ေဒၚလာဝင္ေငြ အရင္း အျမစ္အျဖစ္ ျပန္ဝင္လာေအာင္ လုပ္တာပါ” ဟု ေျပာသည္။

သေဘၤာသားမ်ားအေနျဖင့္ လစာ အျပည့္အ၀ ျပန္လ ည္ မလႊဲပါက သေဘၤာသားလုပ္သက္မွတ္တမ္း CDC ၊ သေဘၤာ သား ျမန္မာနိုင္ငံကူး လက္မွတ္ (သေဘၤာ သားပတ္စ္ပို႔) မ်ားကို ထိန္းခ်ဳပ္ကန႔္သတ္မႈမ်ား လုပ္ေဆာင္ရန္ ရွိေနေၾကာင္း၊ သေဘၤာသားမ်ားကို လစာ ျပည္ တြင္းသို႔ ျပန္လႊဲပါမည္ဆိုေသာ ခံဝန္ခ်က္မ်ား လက္ မွတ္ေရးထိုးခိုင္းရန္ လည္းရွိေနေၾကာင္း သိရွိရသည္။

“သေဘၤာသားအလုပ္အကိုင္ကေတာ့ စစ္ေကာင္စီရဲ႕ခြင့္ျပဳခ်က္ ထိန္းခ်ဳပ္မႈေအာက္ မွာ အျပည့္ရွိတယ္။ ဌာနအေနနဲ႕ေျပာရင္ေတာ့ ေရေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန၊ သေဘၤာသားဌာနခြဲ က ထိန္းခ်ဳပ္ထားတာ။ CDC တို႔နိုင္ငံကူးလက္မွတ္တို႔ဆိုတာက သူတို႔ ထုတ္မေပးရင္ မရဘူး။

ေနာက္ၿပီး အျခား အရာရွိလက္မွတ္ေတြ၊ အေျခခံ 4 Tickets လို လက္မွတ္ ေတြကလည္း ဝန္ႀကီးဌာနဘက္က ထုတ္ေပးတာဆိုေတာ့ ကန႔္သတ္ခ်က္ေတြ လုပ္ရင္ေတာ့သေဘၤာသားေတြက လစာအကုန္ျပန္လႊဲၾကရမွာပဲ” ဟု ဝါရင့္သေဘၤာသားတစ္ဦးက ေျပာသည္။

လက္ရွိတြင္ သေဘၤာသားမ်ားအားလုံးကို လစာမ်ား ျပည္တြင္းသို႔ ျပန္လည္ လႊဲခိုင္းေနၿပီး မျဖစ္မေန လႊဲေျပာင္းရန္ ဖိအားေပးေနေၾကာင္း သိရွိရသည္။

” စကစလက္ထက္မွာ တခ်ိဳ႕သေဘၤာသားေတြက လစာေတြကို နိုင္ငံျခားဘဏ္အေကာင့္ထဲထည့္သိမ္း ထားတာမ်ိဳးရွိတယ္။ အဲဒါကို မျဖစ္မေန ျပန္လႊဲခိုင္းတယ္။ ေဒၚလာ၁ေထာင္၂ေထာင္ေလာက္လြဲမယ္ေျပာတာမရဘူး။ လစာအျပည့္ ေဒၚလာ ၉၀၀၀၊ ၁ ေသာင္း ျပန္လႊဲခိုင္းတယ္။ အခုေတာ့ မျဖစ္မေန လႊဲရမယ္ဆိုတာမ်ိဳးလုပ္လာတယ္။ စစ္တပ္က လက္နက္ဝယ္ဖို႔ ေဒၚလာလိုေနတာလားမသိဘူး” ဟု ျပည္ပသေဘၤာလိုင္းဝန္ေဆာင္မႈႏွင့္ဆက္ႏြယ္သူတစ္ဦးက ဆိုသည္။

ျပည္တြင္း ပုဂၢလိက ဘဏ္မ်ားကလည္း သေဘၤာသားလစာမ်ားကို တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၀၀၀ ေပးမည္ျဖစ္ေၾကာင္း ေၾကာ္ျငာမႈမ်ား တရားဝင္ လုပ္ေဆာ င္ၿပီး ေငြလႊဲၾကရန္ တိုက္တြန္းမႈမ်ား လုပ္ေဆာင္ေနၾကသည္။

လက္ရွိ ျမန္မာနိုင္ငံတြင္ ပင္လယ္ကူးသေဘၤာသား ၇ ေသာင္းဝန္းက်င္ရွိၿပီး သေဘၤာသား ၂ ေသာင္းႏွင့္ ၃ ေသာင္းအၾကားမွာ ျပည္ပသေဘၤာမ်ားတြင္ အလုပ္ လုပ္ကိုင္လ်က္ရွိသျဖင့္ အနည္းဆုံး လစဥ္ ေဒၚလာ သန္း ၃၀ ထက္မနည္း ျပည္တြင္းသို႔ ျပန္လည္ ပို႔ေဆာင္စီးဝင္ေၾကာင္း ဝါရင့္သေဘၤာသားမ်ားသတင္းရပ္ကြက္က ခန႔္မွန္းေျပာဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*