သင်္ဘောသားတွေနဲ့ ပြည်ပရောက်ရွေ့ပြောင်းလုပ်သားတွေရဲ့ လွှဲတဲ့ လစာငွေအပေါ် ပြည်တွင်းရှိ ဘဏ်တွေ ခေါင်းပုံဖြတ် အမြတ်ထုတ်နေ

ငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၂၀၀ နဲ့ အထက် ဝန်းကျင်ရှိနေချိန် သင်္ဘော သားနဲ့ ရွေ့ပြောင်းလုပ်သားတွေရဲ့ လစာငွေတွေကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် လဲလှယ် ပေးနေတယ်ဆိုပြီး ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တွေက အပြိုင်အ ဆိုင် ထုတ်ပြန် ထားပါတယ်။

မြန်မာပင်လယ်ကူးသင်္ဘောသားတွေရဲ့ လွှဲပို့လစာငွေတွေကို CB Bank ရှိ မိမိတို့၏ သင်္ဘောသားလစာအကောင့်များသို့ လွှဲပြောင်းပေးပို့က တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နှုန်းဖြင့် လဲလှယ်ပေးနေတယ်လို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်ဖြစ်တဲ့ CB Bank ကအသိပေးကြေညာထားသလို ကမ္ဘောဇဘဏ်ကလည်း ပြည်ပရောက် နိုင်ငံသားတွေရဲ့ လွှဲပို့လစာငွေတွေကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ နဲ့လဲလှယ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပင်လယ်ကူးသင်္ဘောသားတစ်ဦးက “ သင်္ဘော သားတွေရဲ့ လစာ ဆိုတာ ရပ်/ဝေး မှာ မိဝေးဖဝေး မိသားစုရဲ့အဝေးမှာ တကယ့်ချွေးနည်းစာနဲ့ အသက်ကို ရင်းပြီး ရှာရတဲ့ ငွေ။ အရင်းသန့်စင်တယ်။ ပုံသေ သတ်မှတ်ထားတာမျိုး မကြိုက်ဘူး။ ပြည်ပဈေးကွက်မှာ ဒေါ်လာဈေးကျနေရင်ကော သူတို့က တစ်ဒေါ်လာ ၃၀၀၀ ပေးဝယ်မယ်လို့ ထင်လား။ ဝေးပါသေးတယ်ဗျာ။

ပြည်တွင်းဘဏ်တွေကတော့ ဘယ်လို အမြတ်ထုတ် ခေါင်းပုံ ဖြတ်ရမလဲပဲ စဉ်းစားနေကြတယ်။ ဗဟိုဘဏ်က ဈေးကွက် အမြင့်ဆုံးဈေးနဲ့ ဝယ်ပေးဖို့ သူတို့ပြောထားပြီးသားလို့လည်း အသင်း (မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် – MSF)က ထုတ်ပြန်ထားတယ်။

ဈေးခွာမယ်ဆိုရင်လည်း နေ့အလိုက် ပေါက်ဈေးအတို င်း ၅ကျပ် ၁၀ လောက်တော့ခွါပေါ့ဗျာ။ အခုဟာက မဟုတ်သေးဘူး။ ပြည်တွင်းက ဘဏ်တွေကို ခေါင်း ပုံဖြတ် အမြတ်ထုတ်ကြတာ” လို့ မြန်မာ့ပလက်ဖောင်းကို မှတ်ချက်ပေးပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်ကတစ်ဒေါ်လာကိုကျပ် ၂၁၀၀ သတ်မှတ်ထားပေမယ့် မြန်မာပင်လယ်ကူးသင်္ဘောသားတွေနဲ့ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေရဲ့ လစာငွေတွေကို ဈေး ကွက် ပေါက်ဈေး အမြင့်ဆုံးနှုန်းထားဖြင့် လဲလှယ်ပေးဖို့ ပြည်တွင်းရှိဘဏ်တွေကို ညွှန်ကြားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကမ္ဘောဇဘဏ်က ပြည်ပရောက် မြန်မာရွေ့ပြောင်း လုပ်သားတွေရဲ့လစာငွေကို သူတို့ဘဏ်အကောင့်က တစ်ဆင့်လွှဲပို့ရင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ နဲ့လဲလှယ်ပေးနေတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှာတော့ ငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ဝန်းကျင်နဲ့ ဈေးဖွင့်တယ်လို့ သိရပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေငြေၾကးေဈးကြက္အတြင္း အေမရိကန္ တစ္ေဒၚလာကို က်ပ္ ၃၂၀၀ နဲ႕ အထက္ ဝန္းက်င္ရွိေနခ်ိန္ သေဘၤာ သားနဲ႕ ေ႐ြ႕ေျပာင္းလုပ္သားေတြရဲ႕ လစာေငြေတြကို တစ္ေဒၚလာ က်ပ္ ၃၀၀၀ ျဖင့္ လဲလွယ္ ေပးေနတယ္ဆိုၿပီး ျပည္တြင္းရွိ ပုဂၢလိကဘဏ္ေတြက အၿပိဳင္အ ဆိုင္ ထုတ္ျပန္ ထားပါတယ္။

ျမန္မာပင္လယ္ကူးသေဘၤာသားေတြရဲ႕ လႊဲပို႔လစာေငြေတြကို CB Bank ရွိ မိမိတို႔၏ သေဘၤာသားလစာအေကာင့္မ်ားသို႔ လႊဲေျပာင္းေပးပို႔က တစ္ေဒၚလာကို က်ပ္ ၃၀၀၀ ႏႈန္းျဖင့္ လဲလွယ္ေပးေနတယ္လို႔ ျပည္တြင္းပုဂၢလိက ဘဏ္ျဖစ္တဲ့ CB Bank ကအသိေပးေၾကညာထားသလို ကေမာၻဇဘဏ္ကလည္း ျပည္ပေရာက္ နိုင္ငံသားေတြရဲ႕ လႊဲပို႔လစာေငြေတြကို တစ္ေဒၚလာ က်ပ္ ၃၀၀၀ နဲ႕လဲလွယ္ေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာပင္လယ္ကူးသေဘၤာသားတစ္ဦးက “ သေဘၤာ သားေတြရဲ႕ လစာ ဆိုတာ ရပ္/ေဝး မွာ မိေဝးဖေဝး မိသားစုရဲ႕အေဝးမွာ တကယ့္ေခြၽးနည္းစာနဲ႕ အသက္ကို ရင္းၿပီး ရွာရတဲ့ ေငြ။ အရင္းသန႔္စင္တယ္။ ပုံေသ သတ္မွတ္ထားတာမ်ိဳး မႀကိဳက္ဘူး။ ျပည္ပေဈးကြက္မွာ ေဒၚလာေဈးက်ေနရင္ေကာ သူတို႔က တစ္ေဒၚလာ ၃၀၀၀ ေပးဝယ္မယ္လို႔ ထင္လား။ ေဝးပါေသးတယ္ဗ်ာ။

ျပည္တြင္းဘဏ္ေတြကေတာ့ ဘယ္လို အျမတ္ထုတ္ ေခါင္းပုံ ျဖတ္ရမလဲပဲ စဥ္းစားေနၾကတယ္။ ဗဟိုဘဏ္က ေဈးကြက္ အျမင့္ဆုံးေဈးနဲ႕ ဝယ္ေပးဖို႔ သူတို႔ေျပာထားၿပီးသားလို႔လည္း အသင္း (ျမန္မာနိုင္ငံ ပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ – MSF)က ထုတ္ျပန္ထားတယ္။

ေဈးခြာမယ္ဆိုရင္လည္း ေန႕အလိုက္ ေပါက္ေဈးအတို င္း ၅က်ပ္ ၁၀ ေလာက္ေတာ့ခြါေပါ့ဗ်ာ။ အခုဟာက မဟုတ္ေသးဘူး။ ျပည္တြင္းက ဘဏ္ေတြကို ေခါင္း ပုံျဖတ္ အျမတ္ထုတ္ၾကတာ” လို႔ ျမန္မာ့ပလက္ေဖာင္းကို မွတ္ခ်က္ေပးပါတယ္။

လက္ရွိမွာ ဗဟိုဘဏ္ကတစ္ေဒၚလာကိုက်ပ္ ၂၁၀၀ သတ္မွတ္ထားေပမယ့္ ျမန္မာပင္လယ္ကူးသေဘၤာသားေတြနဲ႕ ျပည္ပတြင္သြားေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ေ႐ြ႕ေျပာင္းလုပ္သားေတြရဲ႕ လစာေငြေတြကို ေဈး ကြက္ ေပါက္ေဈး အျမင့္ဆုံးႏႈန္းထားျဖင့္ လဲလွယ္ေပးဖို႔ ျပည္တြင္းရွိဘဏ္ေတြကို ၫႊန္ၾကားထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ ကေမာၻဇဘဏ္က ျပည္ပေရာက္ ျမန္မာေ႐ြ႕ေျပာင္း လုပ္သားေတြရဲ႕လစာေငြကို သူတို႔ဘဏ္အေကာင့္က တစ္ဆင့္လႊဲပို႔ရင္ တစ္ေဒၚလာ က်ပ္ ၃၀၀၀ နဲ႕လဲလွယ္ေပးေနတယ္ဆိုၿပီး ထုတ္ျပန္ထားပါတယ္။

ယေန႕ စက္တင္ဘာ ၂၈ ရက္ေန႕ နံနက္ပိုင္းမွာေတာ့ ေငြေၾကးေဈးကြက္အတြင္း တစ္ေဒၚလာကို က်ပ္ ၃၂၀၀ ဝန္းက်င္နဲ႕ ေဈးဖြင့္တယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*