မော်ဒယ် နန်းမွေ့စံကို အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်၊ သင်ဇာဝင့်ကျော် အမှုစစ်ဆေးနေဆဲ

မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံတို့ကို အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီသတင်းဌာန News Of Myanmar က တယ်လီဂရမ်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

နန်းမွေ့စံသည် မြောက်ဒဂုံတွင် နေထိုင်ပြီး မြောက်ဒဂုံသည် စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း၊ ထို့ ကြောင့် အီလက်ထရောနစ်အက်ဥပဒေပုဒ်မ ၃၃ ဖြင့် တရားစွဲဆိုခံထားရသော နန်းမွေစံအမှုကို စစ်ခုံရုံးက ယနေ့တွင် ထောင်ဒဏ် ၆ မှတ်ချခြင်းဖြစ် ကြောင်း၊ သင်ဇာဝင့်ကျော်ကို အရပ်ဘက် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဆက်လက် အမှုစစ်ဆေးဆဲဖြစ်ကြောင်း NOM က ဆိုသည်။

သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို အလုပ်နှင့်ထောင် ဒဏ် ၇ နှစ် ချမှတ်နိုင်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက ဩဂုတ်လ ၅ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း အကြမ်း ဖက် စစ်ကောင်စီက ကြေညာ သည်။

သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို ဖမ်းဆီးရာတွင် စစ်ကောင်စီက အဓိက အကြောင်းပြမှုမှာ သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့သည် မြန်မာယဉ်ကျေးမှုနှင့် မညီသော လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများကို အမေရိကန်နိုင်ငံရှိ Website တစ်ခုထံသို့ အခကြေးငွေ ရယူ၍ ဖြန့်ချိသဖြင့် အရေးယူခြင်းဖြစ် ကြောင်း ကြေညာထားသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့ နှစ်ဦးစလုံးသည် ယမန်နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့်အတွက် စစ်ကောင်စီနှင့်စစ်လော်ဘီများ၏ အငြိုးထားခြင်းခံရသော မော်ဒယ်သရုပ်ဆောင်များဖြစ်ကြသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေမာ္ဒယ္ နန္းေမြ႕စံကို အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) ျဖင့္ စစ္ခုံ႐ုံးက ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္၊ သင္ဇာဝင့္ေက်ာ္ အမႈစစ္ေဆးေနဆဲ

ေမာ္ဒယ္သ႐ုပ္ေဆာင္ နန္းေမြ႕စံတို႔ကို အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္ ႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) ျဖင့္ စစ္ခုံ႐ုံးက ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္လိုက္ေၾကာင္း စစ္ေကာင္စီသတင္းဌာန News Of Myanmar က တယ္လီဂရမ္မွတစ္ဆင့္ သတင္းထုတ္ျပန္သည္။

နန္းေမြ႕စံသည္ ေျမာက္ဒဂုံတြင္ ေနထိုင္ၿပီး ေျမာက္ဒဂုံသည္ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားေၾကာင္း၊ ထို႔ ေၾကာင့္ အီလက္ထေရာနစ္အက္ဥပေဒပုဒ္မ ၃၃ ျဖင့္ တရားစြဲဆိုခံထားရေသာ နန္းေမြစံအမႈကို စစ္ခုံ႐ုံးက ယေန႕တြင္ ေထာင္ဒဏ္ ၆ မွတ္ခ်ျခင္းျဖစ္ ေၾကာင္း၊ သင္ဇာဝင့္ေက်ာ္ကို အရပ္ဘက္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္ ဆက္လက္ အမႈစစ္ေဆးဆဲျဖစ္ေၾကာင္း NOM က ဆိုသည္။

သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြ႕စံတို႔ကို အလုပ္ႏွင့္ေထာင္ ဒဏ္ ၇ ႏွစ္ ခ်မွတ္နိုင္ေသာ အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) ျဖင့္ စစ္ေကာင္စီက ဩဂုတ္လ ၅ ရက္ေန႕တြင္ အမႈဖြင့္ ဖမ္းဆီးခဲ့ေၾကာင္း အၾကမ္း ဖက္ စစ္ေကာင္စီက ေၾကညာ သည္။

သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြ႕စံတို႔ကို ဖမ္းဆီးရာတြင္ စစ္ေကာင္စီက အဓိက အေၾကာင္းျပမႈမွာ သင္ဇာဝင့္ေက်ာ္ႏွင့္နန္းေမြ႕စံတို႔သည္ ျမန္မာယဥ္ေက်းမႈႏွင့္ မညီေသာ လိင္အသားေပး ဓာတ္ပုံႏွင့္ဗီဒီယိုမ်ားကို အေမရိကန္နိုင္ငံရွိ Website တစ္ခုထံသို႔ အခေၾကးေငြ ရယူ၍ ျဖန႔္ခ်ိသျဖင့္ အေရးယူျခင္းျဖစ္ ေၾကာင္း ေၾကညာထားသည္။

အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) သည္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္နိုင္ေသာ ပုဒ္မတစ္ခုျဖစ္သည္။

သင္ဇာဝင့္ေက်ာ္ႏွင့္နန္းေမြ႕စံတို႔ ႏွစ္ဦးစလုံးသည္ ယမန္ႏွစ္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့သည့္အတြက္ စစ္ေကာင္စီႏွင့္စစ္ေလာ္ဘီမ်ား၏ အၿငိဳးထားျခင္းခံရေသာ ေမာ္ဒယ္သ႐ုပ္ေဆာင္မ်ားျဖစ္ၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*