အနုပညာရှင်တွေဟာဖက်ခွက်စားတွေပဲဆိုတဲ့ စကားကို တချိန်က ခါးသည်းခဲ့ပေမယ့် ယခုမှလက္ခ်လာတယ်ဆိုတဲ့ ပိုးလေ (ဟားငါးကောင်)
ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ
ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။လူရွှင်တော် ပိုးလေး ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အခြားသောမိတ်ဆွေတွေနဲ့အတူ
အဆင်ပြေအောင် နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက်လဲ ပျော်ရွှယ်စရာ ပြက်လုံးတွေကို လူမူ့ကွန်ယက်မှတစ်ဆင့် ရံဖန်ရံခါဆိုသလိုပြောပြပေးနေပါသေးတယ်။” ကျွန်တော်အရင်တုန်းကဆိုရင်
သဘင်သည်တွေက ဖက်ခွက်စားတွေလို့ပြောရင် ကျွန်တော်နာတယ်။ပြောခဲ့တဲ့သူတွေကို ဖက်ခွက်စားဆိုတဲ့ အဓိပ္ပာယ်ကိုသူတို့နားလည်အောင် ကျွန်တော်တို့ ဆရာတွေရှင်းပြသလို သူတို့ကိုလည်း ကျွန်တော်သေချာ ရှင်းပြခဲ့ဖူးတယ်။
နောက်တစ်ခု ရှိသေးတယ် ဈေးအစ ဇာတ်အလယ် ဖ ာအဆုံးဆိုတဲ့ စကားကျွန်တော်တို့ရဲ့ ဆရာ့ ဆရာကြီးတွေ ကျွန်တော်တို့ကိုရှင်းပြသလို အဲ့လိုပြောခဲ့တဲ့ သူတွေကိုလည်း သူတို့နားလည်အောင် ပြန်ပြီး ရှင်းပြခဲ့တယ်။
စိတ်ချပါ ခုချိန်ကစပြီး ကျွန်တော် နောက်ဘယ်တော့မှ အနုပညာသမားတွေဖက်က လိုက်ပြီးမရှင်းပြတော့ဘူးလို့ ကတိပေးပါတယ်။ ဘာလို့လည်းဆိုတော့ အနုပညာသမားက အနုပညာတစ်ခုကလွဲပြီး
ကျန်တာဘာမှ မလုပ်တတ်လို့ပါ။သေချာတာတစ်ခုက ပြည်သူတွေပြောခဲ့တွေတာမှန်တယ်။ပြည်သူတွေပြောခဲ့တာ ဘာတဲ့ ဖက်ခွက်စား ဈေးအစ ဇာတ်အလည် ဖ ာအဆုံး ” လို့ လူရွှင်တော် ပိုးလေးဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*