ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေကို အမြတ်တနိုးအနေနဲ့ နာမည်လေးတွေပေးတတ်ကြတာ သဘာဝပါပဲ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပိုးကြာဖြူခင်ရဲ့ အိမ်ကခွေးလေးတွေကိုတော့ သူမတို့မိသားစု ချစ်စနိုး နာမည်လေးတွေပေးခဲ့ပါသေးတယ်။မိသားစုရဲ့ပျော်စရာအ ချိန်လေးတွေကို
Live လွှင့်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုကို နိုင်းဝမ်းကဝင်ကြည့်ခဲ့ပြီးနောက် အိမ်ကခွေးလေးတစ်ကောင်ရဲ့ နာမည်က သူ့ရဲ့အနုပညာနာမည်နဲ့ တူနေတာကြောင့်
ရေတောင်သီးတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။ ဒီဗီဒီယိုလေးကို နိုင်းဝမ်းက ပြန်တင်တဲ့အချိန်မှာတော့ ယုန်လေးက သူငယ်ချင်း အချင်းချင်း
ဝင်ရောက်စနောက်ခဲ့ တာကြောင့်အပြန်အလှန်စနောက်နေတဲ့အချိန် မှာပဲ ပိုးကြာဖြူခင်က သူမတို့ အိမ်မှာ ယုန်လေးဆို တဲ့နာမည်နဲ့ နောက်ထပ်ခွေးလေးတစ်ကောင် ရှိသေးကြောင်းနဲ့
ဒီနာမည်လေးတွေကို မိခင်ကိုယ်တိုင်ပေးတာဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်တဲ့အချိန်မှာတောအားလုံးရယ်မောခဲ့ကြ ပါတယ်။
ခွေးလေးရဲ့နာမည်က နိုင်းနိုင်းဖြစ်တာကြောင့် သူ့ရဲ့မျိုးဆက်လေးတွေ ကို နိုင်းဝမ်းနဲ့ နိုင်းတူးဆိုပြီးပေးထားခဲ့တယ်လို့ ပိုးကြာဖြူခင်က ဆိုပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply