
ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ထပ်မံကျဆင်းလာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပဒေါ်လာပေါက်ဈေးက တစ်ဒေါ်လာကို ၃၂၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၂၈ သိန်း အထက်မှာရှိခဲ့ပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာတော့ ပြင်ပဒေါ်လာပေါက်ဈေးက တစ်ဒေါ်လာကို ၃၀၈၀ ကျပ် ၊ အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
သီတင်းပတ်တစ်ပတ်အတွင်း တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော် ၊ ရွှေဈေးက တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော် ပြန်လည် ကျဆင်းခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးကလည်း ပြီးခဲ့တဲ့သီတင်းပတ်က တစ်အောင်စကို ၁၆၇၅ ဒေါ်လာ ဝန်းကျင်မှာရှိခဲ့ပြီးတော့ ဒီနေ့ နေ့လည်ပိုင်းမှာ တစ်အောင်စကို ၁၆၃၄ ဒေါ်လာထိ ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း တစ်အောင်စကို ဒေါ်လာ ၄၀ ဝန်းကျင် ကျဆင်းခဲ့ပါတယ်။
“အဓိကကတော့ ဒေါ်လာဈေး ပြန်ကျနေလို့ပါ။ အပြင်ဒေါ်လာဈေး ကျလို့ ရွှေဈေးကျတာပါ။ ကမ္ဘာ့ရွှေဈေး ကျနေတာလည်း ပါပါတယ်။ ဒီနှစ်ခု ဆုံသွားတာပါ။ ဒေါ်လာဈေး အရင်ဒေါ်လာဈေး ပြန်မဖြစ်ရင်တော့ ရွှေဈေးလည်း အရင်ရွှေဈေး ပြန်ဖြစ်ဖို့ မလွယ်ပါဘူး”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒီနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့အတွင်းက ရွှေအရောင်းဆိုင်တွေမှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၂၇၀၀၀၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားကို ၂၅၄၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး၊ ပြင်ပ ဒေါ်လာငွေလဲနှုန်းက ၄၅၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။
စံချိန်တင်ထိုးတက်နေတဲ့ ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းညှိဖို့ ငွေကြေးဈေးကွက်အတွင်းကို ဒေါ်လာသန်း ၂၀၀ ကျော် ထည့်သွင်းခဲ့ပြီး၊ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကို စစ်ကောင်စီက ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးအထိုက် အလျောက် ပြန်လည်ကျဆင်းလာပြီး၊ ရွှေဈေးလည်းလိုက်ပါကျဆင်းလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက် ဈေးကွက်ပေါက်ဈေးနဲ့ ယှဉ်ရင် တစ်လနီးပါးအတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈ သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာကို ၁၅၀၀ ကျပ် ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ကမာၻ႔ေ႐ႊေဈးနဲ႕ ျပင္ပေဒၚလာေပါက္ေဈး ဆက္လက္က်ဆင္းေနတာေၾကာင့္ ျပည္တြင္းေ႐ႊေဈး က်ပ္ ၂၇ သိန္း ဝန္းက်င္ထိ ထပ္မံက်ဆင္းလာပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ျပင္ပေဒၚလာေပါက္ေဈးက တစ္ေဒၚလာကို ၃၂၀၀ က်ပ္ ဝန္းက်င္၊ အေခါက္ေ႐ႊေဈးက တစ္က်ပ္သားကို က်ပ္ ၂၈ သိန္း အထက္မွာရွိခဲ့ပါတယ္။
ဒီေန႕ စက္တင္ဘာ ၂၇ ရက္ မြန္းလြဲပိုင္းမွာေတာ့ ျပင္ပေဒၚလာေပါက္ေဈးက တစ္ေဒၚလာကို ၃၀၈၀ က်ပ္ ၊ အေခါက္ေ႐ႊေဈးက တစ္က်ပ္သားကို က်ပ္ ၂၇ သိန္း ဝန္းက်င္ထိ က်ဆင္းလာခဲ့တာျဖစ္ပါတယ္။
သီတင္းပတ္တစ္ပတ္အတြင္း တစ္ေဒၚလာကို ျမန္မာေငြ က်ပ္ ၁၀၀ ေက်ာ္ ၊ ေ႐ႊေဈးက တစ္က်ပ္သားကို က်ပ္တစ္သိန္းေက်ာ္ ျပန္လည္ က်ဆင္းခဲ့တာပါ။
ကမာၻ႔ေ႐ႊေဈးကလည္း ၿပီးခဲ့တဲ့သီတင္းပတ္က တစ္ေအာင္စကို ၁၆၇၅ ေဒၚလာ ဝန္းက်င္မွာရွိခဲ့ၿပီးေတာ့ ဒီေန႕ ေန႕လည္ပိုင္းမွာ တစ္ေအာင္စကို ၁၆၃၄ ေဒၚလာထိ က်ဆင္းလာခဲ့ၿပီး တစ္ပတ္အတြင္း တစ္ေအာင္စကို ေဒၚလာ ၄၀ ဝန္းက်င္ က်ဆင္းခဲ့ပါတယ္။
“အဓိကကေတာ့ ေဒၚလာေဈး ျပန္က်ေနလို႔ပါ။ အျပင္ေဒၚလာေဈး က်လိဳ႕ ေ႐ႊေဈးက်တာပါ။ ကမာၻ႔ေ႐ႊေဈး က်ေနတာလည္း ပါပါတယ္။ ဒီႏွစ္ခု ဆုံသြားတာပါ။ ေဒၚလာေဈး အရင္ေဒၚလာေဈး ျပန္မျဖစ္ရင္ေတာ့ ေ႐ႊေဈးလည္း အရင္ေ႐ႊေဈး ျပန္ျဖစ္ဖို႔ မလြယ္ပါဘူး”လို႔ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာပါတယ္။
ဒီေန႕ ေန႕ခင္းပိုင္း ရန္ကုန္ၿမိဳ႕အတြင္းက ေ႐ႊအေရာင္းဆိုင္ေတြမွာေတာ့ အေခါက္ေ႐ႊ တစ္က်ပ္သားကို ၂၇၀၀၀၀၀ က်ပ္၊ ၁၅ ပဲရည္ တစ္က်ပ္သားကို ၂၅၄၁၀၀၀ က်ပ္နဲ႕ အေရာင္းအဝယ္ ျပဳလုပ္ေနၾကပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္ ၃၁ ရက္ေန႕ကေတာ့ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၃၅ သိန္းအထက္ထိ စံခ်ိန္တင္ ေရာက္ရွိခဲ့ၿပီး၊ ျပင္ပ ေဒၚလာေငြလဲႏႈန္းက ၄၅၀၀ က်ပ္ဝန္းက်င္ထိ ျမင့္တက္ခဲ့ပါတယ္။
စံခ်ိန္တင္ထိုးတက္ေနတဲ့ ေ႐ႊနဲ႕ ေဒၚလာေဈးကို ထိန္းညွိဖို႔ ေငြေၾကးေဈးကြက္အတြင္းကို ေဒၚလာသန္း ၂၀၀ ေက်ာ္ ထည့္သြင္းခဲ့ၿပီး၊ ေ႐ႊဒဂၤါးျပားေတြ ထုတ္ေရာင္းေပးတဲ့ အစီအစဥ္ကို စစ္ေကာင္စီက ေဆာင္႐ြက္ခဲ့ၿပီးတဲ့ေနာက္ ျပင္ပေဈးကြက္မွာ ေဒၚလာေဈးအထိုက္ အေလ်ာက္ ျပန္လည္က်ဆင္းလာၿပီး၊ ေ႐ႊေဈးလည္းလိုက္ပါက်ဆင္းလာတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္ ၃၁ ရက္ ေဈးကြက္ေပါက္ေဈးနဲ႕ ယွဥ္ရင္ တစ္လနီးပါးအတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားကို က်ပ္ ၈ သိန္းေက်ာ္၊ အေမရိကန္တစ္ေဒၚလာကို ၁၅၀၀ က်ပ္ ဝန္းက်င္ထိ ျပန္လည္က်ဆင္းခဲ့တာျဖစ္ပါတယ္။
Leave a Reply