မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက ကုန်ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်မည်ဟု ပြည်ထောင်စု ရှေ့နေချုပ်ပြော

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၎င်းတို့ရဲ့ ကုန်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက

နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်နေတဲ့ အာရှ-အာဖရိက ဥပဒေအတိုင် ပင်ခံအဖွဲ့ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနည်းလမ်းတွေနဲ့ ကောင်းမွန်သော အကျိုးအမြတ်တွေကို ခံစားရမှာ ဖြစ်တယ်လို့လည်း ယင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပြည့်ဝတဲ့ နိုင်ငံတစ်ခုအဖြစ် စဉ်းစားသတ်မှတ်ဆောင်ရွက်ဖို့ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လွယ်ကူအဆင်ပြေစေဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက အရှေ့တောင်အာရှ၊ တောင်အာရှက နိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်ရာတွင် လည်းကောင်း၊ နိုင်ငံတွေနဲ့ အပြန်အလှန် ဆက်သွယ်တည်ဆောက်ရာတွင်လည်းကောင်း မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိတယ်လို့လည်း ပြောဆိုဆွဲဆောင်ခဲ့ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျမန္မာနိုင္ငံတြင္ ရင္းႏွီးျမႇုပ္ႏွံပါက ကုန္ပစၥည္းေတြ ကမာၻ႔ေဈးကြက္သို႔ လြယ္ကူလ်င္ျမန္စြာ တင္ပို႔နိုင္မည္ဟု ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ေျပာ

နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံသူေတြ ျမန္မာနိုင္ငံမွာ ရင္းႏွီးျမႇုပ္ႏွံမယ္ဆိုရင္ ၎တို႔ရဲ႕ ကုန္ပစၥည္းမ်ားကို လြယ္ကူလ်င္ျမန္စြာ တင္ပို႔နိုင္မွာ ျဖစ္တယ္လို႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက

နယူးေဒလီၿမိဳ႕မွာ က်င္းပျပဳလုပ္ေနတဲ့ အာရွ-အာဖရိက ဥပေဒအတိုင္ ပင္ခံအဖြဲ႕ အေထြေထြညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီနည္းလမ္းေတြနဲ႕ ေကာင္းမြန္ေသာ အက်ိဳးအျမတ္ေတြကို ခံစားရမွာ ျဖစ္တယ္လို႔လည္း ယင္းက ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ရင္းႏွီးျမႇုပ္ႏွံမႈ အခြင့္အလမ္းေတြ ျပည့္ဝတဲ့ နိုင္ငံတစ္ခုအျဖစ္ စဥ္းစားသတ္မွတ္ေဆာင္႐ြက္ဖို႔ ျဖစ္ေၾကာင္းနဲ႕ ျမန္မာနိုင္ငံမွာ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံသူေတြ လြယ္ကူအဆင္ေျပေစဖို႔အတြက္ လိုအပ္တဲ့ ဥပေဒေတြကို ျပ႒ာန္းထားၿပီးျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။

အာဆီယံအဖြဲ႕ဝင္ျဖစ္တဲ့ ျမန္မာနိုင္ငံက အေရွ႕ေတာင္အာရွ၊ ေတာင္အာရွက နိုင္ငံေတြနဲ႕ ကုန္သြယ္မႈ ျပဳလုပ္ရာတြင္ လည္းေကာင္း၊ နိုင္ငံေတြနဲ႕ အျပန္အလွန္ ဆက္သြယ္တည္ေဆာက္ရာတြင္လည္းေကာင္း မဟာဗ်ဴဟာက်တဲ့ ေနရာမွာ တည္ရွိတယ္လို႔လည္း ေျပာဆိုဆြဲေဆာင္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*