
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် တွန်းအားပေးပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သော ကြံ့ဖွတ်ပါတီ၏ မဟာမိတ် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာနှင့် သမီးနုဝေကျော် လုပ်ကိုင်နေသော ဖောင်းစိန်စားသောက် ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင်နှင့် CDM ကျောင်းဆရာမတချို့က တောင်းဆိုလိုက်ကြသည်။
ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာသည် လူထုတင်မြှောက်ထားသော NLD အစိုးရလက်ထက် တစ် လျှောက်လုံး ကြံ့ဖွတ်ပါတီနှင့်ပူးပေါင်းကာ စစ်တ ပ် ဘက်မှ ရပ်တည်သော မဟာမိတ်ပါတီများအဖြစ် အစဉ် တစိုက် လူထုအစိုးရကို ဝေဖန်သော ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မင်းအောင်လှိုင်နှင့်သွားရောက်တွေ့ဆုံ ပြီး အာဏာသိမ်းခိုင်းခဲ့သော နိုင်ငံရေးပါတီ ၃၄ ပါတီစာရင်းတွင် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာလည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်နန်းရွှေကြာကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲမှစတင်၍ တစ်လျှောက်လုံး စစ်တပ်ကိုသာ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင်လည်း ၎င်းနှင့် ၎င်း၏ ဝံသာနုဒီမိုကရက်တစ်ပါတီ တစ်ခုက စစ်အာဏာသိမ်းမှုအပေါ် အားရဝမ်းသာစွာဖြင့် ထောက်ခံလျက်ရှိကြ ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်လည်း ကြံ့ဖွတ်ပါတီ၏ မဟာမိဘတ်ပါတီ အဖြစ် ဝံသာနုဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နန်းရွှေကြာရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ထောက်ညခံသော ကြေညာချက်များတွင် တောက်လျှောက်ဆိုသလို ပါဝင်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်က ပြောစရာ ဘာမှတော့ သိပ်မရှိပါဘူး။ လိုင်းပေါ်မှာ အင်တာဗျူး တွေ့လို့ ဒီမိန်းမကြီးကို မှတ်မိ သွားတာနဲ့ ကောက်တင် လိုက်တာ။ သူ့သမီးက CB ကနေ ဆက်သွယ်ပြီး လာတောင်းပန် နေလို့ အားတောင် နာနေတာ။ ဒါပေမယ့် ပြန်တော့ ဖြုတ်ဖို့ မရှိဘူး။ သူက ဒီလောက်တော့ ထိုက်တန် ပါတယ်။ သူကိုယ်တိုင် လုပ်တာ မဟုတ်ပေမယ့် အာဏာသိမ်းဖို့ အမျိုးမျိုး အားပေး အားမြှောက် လုပ်ခဲ့တာတွေ၊ အာဏာသိမ်းပြီးလည်း ဆက်ပြီး ထောက်ခံ နေခဲ့တာတွေ ရှိတာပဲ။
နောက်ပြီး နိုင်ငံရေးက အနားယူလိုက်ပြီ ဘာညာ ဆိုတာတွေက ခေတ်မကောင်း တော့မှ အခြေ မလှလို့ အသံထွက် လာတာလို့ မြင်တယ်။ သူတို့ လုံခြုံရေးကို စစ်တပ်က ကာကွယ် မပေးနိုင်လို့ ကိုယ့်ဘာသာ နှာစေးနေတဲ့ သဘောပဲ။ ပြည်သူတွေရဲ့ ဆန့်ကျင်မှုသာ အခုလို မပြင်းထန်ဘဲ အေးအေး ဆေးဆေး အုပ်ချုပ်လို့ ရနေရင် ဒီလိုနေမှာ မဟုတ်ဘူး။ စစ်တပ်ကြောင့် ထောင် ကျ၊ စီးပွါးပျက်၊ ဘဝပျက် သွားတဲ့သူတွေ ဒုနဲ့ထေး ရှိနေတဲ့အချိန်မှာ စစ်တပ်ကို ဘောမခဲ့တဲ့ သူတွေက စီးပွါးရေးတွေ ကောင်းနေတာ မမျှတဘူး ထင်လို့ ရေးပြခဲ့တာပါ” ဟု ကိုဇင်သော်နိုင်က ပြောဆိုသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ CDM တချို့ကလည်း ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းသည် စစ်တပ်ထော က်ခံသူ နန်းရွှေကြာနှင့် သမီး လုပ်ကိုင်နေသည်ကို မသိရှိ၍ အားပေးမိခဲ့သော်လည်း သိရှိချိန်တွင် ရပ်တန့်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် စစ်တပ်ကို အာဏာသိမ်းရန်နှင့်ထောက်ခံနေသူ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းဖြစ်သည့် ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းကို သပိတ် မှောက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ကျမက မသိဘူး။ အခု ကိုဇင်သော်နိုင်ပို့စ်မှာ တွေ့တော့မှ ဖောင်းစိန်က စစ်တပ်ကိုထောက်ခံသူ ဘောမ ဖြစ်နေတာသိတာ။ ကျမတို့ အားမပေးတော့ပါဘူး။ အားလုံးသော ပြည်သူတွေကိုလည်း ပြည်တွင်းပြည်ပ အကုန်ပေါ့ စစ်အာဏာသိမ်းအောင် တွန်းအားပေးခဲ့တဲ့သူကိုတော့ အဆိပ်ပင်ရေလောင်း မလုပ်သင့်ဘူး။ သပိတ်မှောက်သင့်ပါတယ်။ ဖောင်းစိန်ကို သပိတ် မှောက်သင့်တယ်လို့ ပြောချင်ပါတယ်။
အခု ကျမကိုယ်တိုင်တောင် စစ်တပ်အာဏာသိမ်းတာကို လက်ခံလို့ CDM ဆရာမ ဖြစ်လို့ ထွက်ပြေးနေရတယ်။ ကိုယ့်နေရာမှမဟုတ်ဘဲ ပုန်းနေရတယ်။ စစ်အာဏာသိမ်းဖို့ တွန်းအားပေးခဲ့သူတွေက ချမ်းချမ်းသာသာနဲ့ စီးပွားရေးလုပ်နိုင်နေတာလား။ အဲဒါကတော့ ပြည်သူတွေ ပြန်စဉ်းစားသင့်တယ်ထင်ပါတယ်” ဟု CDM ကျောင်းဆရာမတစ်ဦးက ဆိုသည်။
ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းသည် မန္တလေးမြို့တွင် အခြေစိုက် မြန်မာဟင်းအမျိုးမျိုး၊ ဖျော်ရည်မျိုးစုံ အပါအဝင် မြန်မာကြိုက်စားစရာ မျိုးစုံကို ပါကင်ပိတ်၍ ပြည်တွင်းပြည်ပ ပို့ဆောင်ရောင်းချလျက်ရှိသော စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အာဏာ သိမ္းရန္ တြန္းအားေပးၿပီး စစ္တပ္ ေထာက္ခံေသာ ႀကံ့ဖြတ္ပါတီ၏ မိတ္ဖက္ ဝံသာႏုဒီမိုကရက္တစ္ ပါတီ ဥကၠ႒ နန္းေ႐ႊၾကာႏွင့္သမီး ပိုင္ ေဖာင္းစိန္ စား ေသာက္ကုန္လုပ္ငန္းကို သပိတ္ေမွာက္ၾကရန္ ေတာင္းဆို
ျမန္မာနိုင္ငံတြင္ စစ္အာဏာသိမ္းရန္ တြန္းအားေပးၿပီး စစ္အာဏာသိမ္းမႈကို ေထာက္ခံခဲ့ေသာ ႀကံ့ဖြတ္ပါတီ၏ မဟာမိတ္ ဝံသာႏုဒီမိုကရက္တစ္ပါတီ ဥကၠ႒ ေဒၚနန္းေ႐ႊၾကာႏွင့္ သမီးႏုေဝေက်ာ္ လုပ္ကိုင္ေနေသာ ေဖာင္းစိန္စားေသာက္ ကုန္လုပ္ငန္းကို သပိတ္ေမွာက္ၾကရန္ စစ္အာဏာရွင္ ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူ ကိုဇင္ေသာ္နိုင္ႏွင့္ CDM ေက်ာင္းဆရာမတခ်ိဳ႕က ေတာင္းဆိုလိုက္ၾကသည္။
ဝံသာႏုဒီမိုကရက္တစ္ပါတီ ဥကၠ႒ နန္းေ႐ႊၾကာသည္ လူထုတင္ျမႇောက္ထားေသာ NLD အစိုးရလက္ထက္ တစ္ ေလွ်ာက္လုံး ႀကံ့ဖြတ္ပါတီႏွင့္ပူးေပါင္းကာ စစ္တ ပ္ ဘက္မွ ရပ္တည္ေသာ မဟာမိတ္ပါတီမ်ားအျဖစ္ အစဥ္ တစိုက္ လူထုအစိုးရကို ေဝဖန္ေသာ ေၾကညာ ခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ဩဂုတ္လ ၁၄ ရက္ေန႕ မင္းေအာင္လွိုင္ႏွင့္သြားေရာက္ေတြ႕ဆုံ ၿပီး အာဏာသိမ္းခိုင္းခဲ့ေသာ နိုင္ငံေရးပါတီ ၃၄ ပါတီစာရင္းတြင္ ဝံသာႏုဒီမိုကရက္တစ္ပါတီ ဥကၠ႒ နန္းေ႐ႊၾကာလည္း အပါအဝင္ျဖစ္ေၾကာင္း သိရွိရသည္။
ေဒၚနန္းေ႐ႊၾကာကိုယ္တိုင္လည္း ၂၀၁၀ ေ႐ြးေကာက္ပြဲမွစတင္၍ တစ္ေလွ်ာက္လုံး စစ္တပ္ကိုသာ ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ယခု ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းခ်ိန္တြင္လည္း ၎ႏွင့္ ၎၏ ဝံသာႏုဒီမိုကရက္တစ္ပါတီ တစ္ခုက စစ္အာဏာသိမ္းမႈအေပၚ အားရဝမ္းသာစြာျဖင့္ ေထာက္ခံလ်က္ရွိၾက ေၾကာင္း သိရွိရသည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ စစ္တပ္က အာဏာသိမ္းၿပီးေနာက္လည္း ႀကံ့ဖြတ္ပါတီ၏ မဟာမိဘတ္ပါတီ အျဖစ္ ဝံသာႏုဒီမိုကရက္တစ္ပါတီဥကၠ႒ နန္းေ႐ႊၾကာရပ္တည္ကာ စစ္အာဏာသိမ္းမႈကို ေထာက္ညခံေသာ ေၾကညာခ်က္မ်ားတြင္ ေတာက္ေလွ်ာက္ဆိုသလို ပါဝင္ခဲ့ေၾကာင္း သိရွိရသည္။
“ကြၽန္ေတာ္က ေျပာစရာ ဘာမွေတာ့ သိပ္မရွိပါဘူး။ လိုင္းေပၚမွာ အင္တာဗ်ဴး ေတြ႕လို႔ ဒီမိန္းမႀကီးကို မွတ္မိ သြားတာနဲ႕ ေကာက္တင္ လိုက္တာ။ သူ႕သမီးက CB ကေန ဆက္သြယ္ၿပီး လာေတာင္းပန္ ေနလို႔ အားေတာင္ နာေနတာ။ ဒါေပမယ့္ ျပန္ေတာ့ ျဖဳတ္ဖို႔ မရွိဘူး။ သူက ဒီေလာက္ေတာ့ ထိုက္တန္ ပါတယ္။ သူကိုယ္တိုင္ လုပ္တာ မဟုတ္ေပမယ့္ အာဏာသိမ္းဖို႔ အမ်ိဳးမ်ိဳး အားေပး အားျမႇောက္ လုပ္ခဲ့တာေတြ၊ အာဏာသိမ္းၿပီးလည္း ဆက္ၿပီး ေထာက္ခံ ေနခဲ့တာေတြ ရွိတာပဲ။
ေနာက္ၿပီး နိုင္ငံေရးက အနားယူလိုက္ၿပီ ဘာညာ ဆိုတာေတြက ေခတ္မေကာင္း ေတာ့မွ အေျခ မလွလို႔ အသံထြက္ လာတာလို႔ ျမင္တယ္။ သူတို႔ လုံၿခဳံေရးကို စစ္တပ္က ကာကြယ္ မေပးနိုင္လို႔ ကိုယ့္ဘာသာ ႏွာေစးေနတဲ့ သေဘာပဲ။ ျပည္သူေတြရဲ႕ ဆန့္က်င္မႈသာ အခုလို မျပင္းထန္ဘဲ ေအးေအး ေဆးေဆး အုပ္ခ်ဳပ္လို႔ ရေနရင္ ဒီလိုေနမွာ မဟုတ္ဘူး။ စစ္တပ္ေၾကာင့္ ေထာင္ က်၊ စီးပြါးပ်က္၊ ဘဝပ်က္ သြားတဲ့သူေတြ ဒုနဲ႕ေထး ရွိေနတဲ့အခ်ိန္မွာ စစ္တပ္ကို ေဘာမခဲ့တဲ့ သူေတြက စီးပြါးေရးေတြ ေကာင္းေနတာ မမွ်တဘူး ထင္လို႔ ေရးျပခဲ့တာပါ” ဟု ကိုဇင္ေသာ္နိုင္က ေျပာဆိုသည္။
နိုင္ငံေရးတက္ႂကြလႈပ္ရွားသူ CDM တခ်ိဳ႕ကလည္း ေဖာင္းစိန္စားေသာက္ကုန္လုပ္ငန္းသည္ စစ္တပ္ေထာ က္ခံသူ နန္းေ႐ႊၾကာႏွင့္ သမီး လုပ္ကိုင္ေနသည္ကို မသိရွိ၍ အားေပးမိခဲ့ေသာ္လည္း သိရွိခ်ိန္တြင္ ရပ္တန႔္မည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ျပည္သူကို သတ္ျဖတ္ေနသည့္ စစ္တပ္ကို အာဏာသိမ္းရန္ႏွင့္ေထာက္ခံေနသူ လုပ္ကိုင္ေသာ စီးပြားေရးလုပ္ငန္းျဖစ္သည့္ ေဖာင္းစိန္စားေသာက္ကုန္လုပ္ငန္းကို သပိတ္ ေမွာက္ရမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။
“က်မက မသိဘူး။ အခု ကိုဇင္ေသာ္နိုင္ပို႔စ္မွာ ေတြ႕ေတာ့မွ ေဖာင္းစိန္က စစ္တပ္ကိုေထာက္ခံသူ ေဘာမ ျဖစ္ေနတာသိတာ။ က်မတို႔ အားမေပးေတာ့ပါဘူး။ အားလုံးေသာ ျပည္သူေတြကိုလည္း ျပည္တြင္းျပည္ပ အကုန္ေပါ့ စစ္အာဏာသိမ္းေအာင္ တြန္းအားေပးခဲ့တဲ့သူကိုေတာ့ အဆိပ္ပင္ေရေလာင္း မလုပ္သင့္ဘူး။ သပိတ္ေမွာက္သင့္ပါတယ္။ ေဖာင္းစိန္ကို သပိတ္ ေမွာက္သင့္တယ္လို႔ ေျပာခ်င္ပါတယ္။
အခု က်မကိုယ္တိုင္ေတာင္ စစ္တပ္အာဏာသိမ္းတာကို လက္ခံလို႔ CDM ဆရာမ ျဖစ္လို႔ ထြက္ေျပးေနရတယ္။ ကိုယ့္ေနရာမွမဟုတ္ဘဲ ပုန္းေနရတယ္။ စစ္အာဏာသိမ္းဖို႔ တြန္းအားေပးခဲ့သူေတြက ခ်မ္းခ်မ္းသာသာနဲ႕ စီးပြားေရးလုပ္နိုင္ေနတာလား။ အဲဒါကေတာ့ ျပည္သူေတြ ျပန္စဥ္းစားသင့္တယ္ထင္ပါတယ္” ဟု CDM ေက်ာင္းဆရာမတစ္ဦးက ဆိုသည္။
ေဖာင္းစိန္စားေသာက္ကုန္လုပ္ငန္းသည္ မႏၲေလးၿမိဳ႕တြင္ အေျခစိုက္ ျမန္မာဟင္းအမ်ိဳးမ်ိဳး၊ ေဖ်ာ္ရည္မ်ိဳးစုံ အပါအဝင္ ျမန္မာႀကိဳက္စားစရာ မ်ိဳးစုံကို ပါကင္ပိတ္၍ ျပည္တြင္းျပည္ပ ပို႔ေဆာင္ေရာင္းခ်လ်က္ရွိေသာ စားေသာက္ကုန္လုပ္ငန္းတစ္ခုျဖစ္သည္။
Leave a Reply