
လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်က ဒီကနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ ဒုတိယခေါင်းဆောင်ရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ အသုဘအခမ်းအနားမှာတော့ တိတ်ဆိတ်လို့နေပါတယ်။
ရန်ကုန် တပ်မတော်စစ်ဆေးရုံအရှေ့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေကို အရပ်ဝတ်တွေနဲ့ လုံခြုံရေးချထားလို ဆေးရုံထဲ ဝင်ရောက်သူတွေကို ခန္ဓာကိုယ်အနှံ့ စစ်ဆေးသလို ဖုန်းတွေပါ စစ်ဆေးတာတွေ ပြုလုပ်ပါတယ်။
မင်္ဂလာဒုံ ခရေပင်လမ်းခွဲတလျှောက်မှာတော့ ရဲကားတစီးနဲ့ စစ်ကောင်စီကားတစီးဟာ လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားနဲ့ လှည့်ကင်းလှည့်နေတာကလွဲလို့ လုံခြုံရေးတင်းကျပ်ထားတာတော့ သိပ်မရှိပါဘူး။
ကွယ်လွန်သွားတဲ့ အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ ဇနီးကို မြေးဖြစ်သူတို့က ငြိမ်းအေးဇရပ်ဆီကို တွဲခေါ်လာပြီး အသင့်ပြင်ထားတဲ့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းကို ကြည့်ရှုစေပါတယ်။
ဇရပ်အတွင်းနဲ့ မလှမ်းမကမ်းမှာ စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူထားပြီး လာရောက်သူတို့ကို ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး။ရုပ်အလောင်းကို ခရေပင်လမ်းခွဲမှာရှိတဲ့ တပ်မတော်စစ်သင်္ချိုင်းဆီမပို့မီ စစ်ကောင်စီတပ်က အငြိမ်းစားအရာရှိကြီးအချို့နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ လာရောက်ခဲ့ပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး ညွန့်ဝင်းဆွေက အငြိမ်းစားဗိုလ်ချုပ်ကြီးတယောက်ကို လုံခြုံရေးအခြေအနေ ရှင်းပြနေပြီး စစ်ကောင်စီတပ် မိသားစုကအပ အပြင်လူတွေမလာတာကို တွေ့ရတယ်လို့ နာရေးကို သွားရောက်ခဲ့သူက ပြောပါတယ်။
“ရက်လည်တော့ လာမှာပေါ့။ အခုနာရေးက လူသိပ်မလာဘူး။ ရန်ကုန်မှာ အခုလိုဖြစ်တော့ ကျန်တဲ့ခေါင်းဆောင်တွေလည်း လန့်နေတယ်” လို့ တာဝန်ကျဗိုလ်မှူးတယောက်ရဲ့ပြောဆိုသံကို ကြားရတယ်လို့ ပြောပါတယ်။
ငြိမ်းအေးဇရပ်ဆီကို စစ်ကောင်စီတပ်တွေက ခေါင်းတလား ယူလာပြီးနောက် ဇနီးဖြစ်သူ ဒေါ်စန်းစန်းနွယ်ရဲ့ အော်ဟစ်ငိုကြွေးသံကြောင့်ထောက်လှမ်းရေးတွေ အတင်းဆွဲခေါ်သွားပါတယ်။
“ရှင် ယုံတဲ့သူတွေက ရှင့်ကိုသတ်တာ။ရှင်သွားမဲ့နေရာကို အတိအကျ သတင်းပေးပြီး သတ်ခိုင်းတာ။ လူယုံ သတ်လို့သေတာ” ဆိုတဲ့ အော်ငိုသံကြောင့် စစ်တပ်၊ ရဲ၊ စစစ၊ SB၊ ထလရ စတဲ့အဖွဲ့တွေ ပျာယာခတ်သွားပါတော့တယ် လို့ ဆိုပါတယ်။
သာမန်နာရေးတခုမှာတောင် လူပေါင်းများစွာ လာရော က်ပို့ဆောင်ပေမဲ့ သံအမတ်ကြီး အငြိမ်းစား၊ အာဏာ သိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့နာရေးကတော့ ခြောက်ကပ်နေပါတယ်။ငြိမ်အေးဇရပ်ကနေ ခရေပင်လမ်းခွဲက တပ်မ တော်စစ်သင်္ချိုင်းကို သွားရာလမ်းတလျှောက်မှာရှိတဲ့ တာဝန်ကျစစ်သားတွေ ရယ်မောနေတာကလည်း ထူးခြားပါတယ်။
ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ကို အတူတူ အသုဘချတာမဟုတ်ဘဲ ခွဲပြီးချတာလို့ သိရပါတယ်။ “သူ့သမက်က သာမန်အဆင့်လေ။ ဗိုလ်ချုပ်က နိုင်ငံတော်အဆင့်။ မတူဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ပြီးမှ သူ့သမက်ကို သင်္ဂြိုလ်မယ်ထင်တယ်” လို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
တပ်မတော်စစ်သင်္ချိုင်းထဲကို စစ်ကောင်စီတပ်အရာရှိတွေ၊ မိသားစုဝင်တွေကလွဲလို့ သာမန်လူတွေ ဝင်ခွင့်မပြုတဲ့အပြင် ဓာတ်ပုံရိုက်ကူးတာ၊ ဖုန်းသုံးတာတို့ကိုလည်း လုံးဝခွင့်မပြုပါဘူး။ဒီကနေ့ စစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်သူ ဗိုလ်မှူးချုပ်အုန်းသွင် အသုဘချရာမှာ ရန်ကုန်-ပဲခူး ကားလမ်းမတလျှောက် လုံခြုံရေးတင်းကျပ်ထားပြီး ဓနသဟာယသင်္ချိုင်းမှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးများစွာ ချထားတာတွေ့ရပါတယ်။
တချိန်က သီရိလင်္ကာသံမတ်ကြီး တဖြစ်လဲ စစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ Dead Body ထုတ်လာချိန်မှာတော့ တစုံတခုကို မကျေနပ်တဲ့ပုံစံနဲ့ အံကြိတ်လျက်သား အသက်မဲ့နေတဲ့ခန္ဓာကို တွေ့ရတယ်လို့ နာရေးကို လာရောက်တဲ့သူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်၊ မိသားစုနဲ့ အငြိမ်းစားအရာရှိတွေကလွဲလို့ ဘယ်သူ တဦး တယောက်မှ မလာဘဲ သင်္ဂြိုဟ်တဲ့ အခမ်းအနားကို တိုးတိုးတိတ်တိတ် လုပ်ရတာကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် သံဝေဂရစရာ မြင်ကွင်းပဲ ဖြစ်ပါတယ်။
ငြိမ်းအေးဇရပ်ကနေ တပ်မတော်စစ်သင်္ချိုင်းကို ကားကွေ့လိုက်တာနဲ့ တပြိုင်နက် အလေးပြုရင်း မချိုမချဉ်ပြုံးလိုက်တဲ့ ဒုတပ်ကြပ်တယောက်ရဲ့ အပြုံးတွေက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဆရာဖြစ်သူနာရေးကို ဝမ်းသာနေသလို မြင်တွေ့ရပါတယ်။
မိုးစက်တွေ တဖွဲဖွဲကျနေတဲ့အချိန် ကားပေါ်ကဆင်းပြီး တပ်မတော် စစ်သင်္ချိုင်းကို လမ်းလျှောက်သွားတဲ့ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ ဇနီးဖြစ်သူက အလေးပြုနေတဲ့ စစ်ကောင်စီတပ်သားတွေကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး သင်္ချိုင်းထဲကို ဝင်သွားပါတော့တယ်။
မြင့်မြတ်သူ
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
လုံၿခဳံေရးတင္းက်ပ္ထားတဲ့ ရန္ကုန္က ဒီကေန႕ မနက္ပိုင္းမွာ အာဏာသိမ္းစစ္ေကာင္စီ ဒုတိယေခါင္းေဆာင္ရဲ႕ ဆရာျဖစ္ခဲ့ဖူးသူ ဗိုလ္မႉးခ်ဳပ္အုန္းသြင္ရဲ႕ အသုဘအခမ္းအနားမွာေတာ့ တိတ္ဆိတ္လို႔ေနပါတယ္။
ရန္ကုန္ တပ္မေတာ္စစ္ေဆး႐ုံအေရွ႕မွာ စစ္ေကာင္စီတပ္နဲ႕ ရဲေတြကို အရပ္ဝတ္ေတြနဲ႕ လုံၿခဳံေရးခ်ထားလို ေဆး႐ုံထဲ ဝင္ေရာက္သူေတြကို ခႏၶာကိုယ္အႏွံ႕ စစ္ေဆးသလို ဖုန္းေတြပါ စစ္ေဆးတာေတြ ျပဳလုပ္ပါတယ္။
မဂၤလာဒုံ ခေရပင္လမ္းခြဲတေလွ်ာက္မွာေတာ့ ရဲကားတစီးနဲ႕ စစ္ေကာင္စီကားတစီးဟာ လက္နက္အျပည့္အစုံနဲ႕ အသင့္အေနအထားနဲ႕ လွည့္ကင္းလွည့္ေနတာကလြဲလို႔ လုံၿခဳံေရးတင္းက်ပ္ထားတာေတာ့ သိပ္မရွိပါဘူး။
ကြယ္လြန္သြားတဲ့ အသက္ ၇၂ ႏွစ္အ႐ြယ္ အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္အုန္းသြင္ရဲ႕ ဇနီးကို ေျမးျဖစ္သူတို႔က ၿငိမ္းေအးဇရပ္ဆီကို တြဲေခၚလာၿပီး အသင့္ျပင္ထားတဲ့ ခင္ပြန္းျဖစ္သူရဲ႕ အေလာင္းကို ၾကည့္ရႈေစပါတယ္။
ဇရပ္အတြင္းနဲ႕ မလွမ္းမကမ္းမွာ စစ္ေကာင္စီတပ္သားေတြလုံၿခဳံေရးယူထားၿပီး လာေရာက္သူတို႔ကို ဓာတ္ပုံရိုက္ခြင့္မေပးပါဘူး။႐ုပ္အေလာင္းကို ခေရပင္လမ္းခြဲမွာရွိတဲ့ တပ္မေတာ္စစ္သခၤ်ိဳင္းဆီမပို႔မီ စစ္ေကာင္စီတပ္က အၿငိမ္းစားအရာရွိႀကီးအခ်ိဳ႕နဲ႕ လက္ရွိတာဝန္ထမ္းေဆာင္ေနသူေတြ လာေရာက္ခဲ့ပါတယ္။
ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က တိုင္းမႉး ၫြန႔္ဝင္းေဆြက အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးတေယာက္ကို လုံၿခဳံေရးအေျခအေန ရွင္းျပေနၿပီး စစ္ေကာင္စီတပ္ မိသားစုကအပ အျပင္လူေတြမလာတာကို ေတြ႕ရတယ္လို႔ နာေရးကို သြားေရာက္ခဲ့သူက ေျပာပါတယ္။
“ရက္လည္ေတာ့ လာမွာေပါ့။ အခုနာေရးက လူသိပ္မလာဘူး။ ရန္ကုန္မွာ အခုလိုျဖစ္ေတာ့ က်န္တဲ့ေခါင္းေဆာင္ေတြလည္း လန႔္ေနတယ္” လို႔ တာဝန္က်ဗိဳလ္မႉးတေယာက္ရဲ႕ေျပာဆိုသံကို ၾကားရတယ္လို႔ ေျပာပါတယ္။
ၿငိမ္းေအးဇရပ္ဆီကို စစ္ေကာင္စီတပ္ေတြက ေခါင္းတလား ယူလာၿပီးေနာက္ ဇနီးျဖစ္သူ ေဒၚစန္းစန္းႏြယ္ရဲ႕ ေအာ္ဟစ္ငိုေႂကြးသံေၾကာင့္ေထာက္လွမ္းေရးေတြ အတင္းဆြဲေခၚသြားပါတယ္။
“ရွင္ ယုံတဲ့သူေတြက ရွင့္ကိုသတ္တာ။ရွင္သြားမဲ့ေနရာကို အတိအက် သတင္းေပးၿပီး သတ္ခိုင္းတာ။ လူယုံ သတ္လို႔ေသတာ” ဆိုတဲ့ ေအာ္ငိုသံေၾကာင့္ စစ္တပ္၊ ရဲ၊ စစစ၊ SB၊ ထလရ စတဲ့အဖြဲ႕ေတြ ပ်ာယာခတ္သြားပါေတာ့တယ္ လို႔ ဆိုပါတယ္။
သာမန္နာေရးတခုမွာေတာင္ လူေပါင္းမ်ားစြာ လာေရာ က္ပို႔ေဆာင္ေပမဲ့ သံအမတ္ႀကီး အၿငိမ္းစား၊ အာဏာ သိမ္းစစ္ေခါင္းေဆာင္ေတြရဲ႕ ဆရာျဖစ္ခဲ့ဖူးသူ ဗိုလ္မႉးခ်ဳပ္အုန္းသြင္ရဲ႕နာေရးကေတာ့ ေျခာက္ကပ္ေနပါတယ္။ၿငိမ္ေအးဇရပ္ကေန ခေရပင္လမ္းခြဲက တပ္မ ေတာ္စစ္သခၤ်ိဳင္းကို သြားရာလမ္းတေလွ်ာက္မွာရွိတဲ့ တာဝန္က်စစ္သားေတြ ရယ္ေမာေနတာကလည္း ထူးျခားပါတယ္။
ဗိုလ္မႉးခ်ဳပ္အုန္းသြင္နဲ႕ သမက္ျဖစ္သူ ဗိုလ္ႀကီးရဲေတဇတို႔ကို အတူတူ အသုဘခ်တာမဟုတ္ဘဲ ခြဲၿပီးခ်တာလို႔ သိရပါတယ္။ “သူ႕သမက္က သာမန္အဆင့္ေလ။ ဗိုလ္ခ်ဳပ္က နိုင္ငံေတာ္အဆင့္။ မတူဘူး။ အဲဒါေၾကာင့္ ဗိုလ္ခ်ဳပ္ၿပီးမွ သူ႕သမက္ကို သျဂၤိုလ္မယ္ထင္တယ္” လို႔ အၿငိမ္းစားစစ္မႈထမ္းေဟာင္းတေယာက္က ေျပာပါတယ္။
တပ္မေတာ္စစ္သခၤ်ိဳင္းထဲကို စစ္ေကာင္စီတပ္အရာရွိေတြ၊ မိသားစုဝင္ေတြကလြဲလို႔ သာမန္လူေတြ ဝင္ခြင့္မျပဳတဲ့အျပင္ ဓာတ္ပုံရိုက္ကူးတာ၊ ဖုန္းသုံးတာတို႔ကိုလည္း လုံးဝခြင့္မျပဳပါဘူး။ဒီကေန႕ စစ္ေခါင္းေဆာင္ေတြရဲ႕ ဆရာျဖစ္သူ ဗိုလ္မႉးခ်ဳပ္အုန္းသြင္ အသုဘခ်ရာမွာ ရန္ကုန္-ပဲခူး ကားလမ္းမတေလွ်ာက္ လုံၿခဳံေရးတင္းက်ပ္ထားၿပီး ဓနသဟာယသခၤ်ိဳင္းမွာ အရပ္ဝတ္နဲ႕ ေထာက္လွမ္းေရးမ်ားစြာ ခ်ထားတာေတြ႕ရပါတယ္။
တခ်ိန္က သီရိလကၤာသံမတ္ႀကီး တျဖစ္လဲ စစ္ေခါင္းေဆာင္ေတြရဲ႕ ဆရာျဖစ္ခဲ့ဖူးသူ ဗိုလ္မႉးခ်ဳပ္အုန္းသြင္ရဲ႕ Dead Body ထုတ္လာခ်ိန္မွာေတာ့ တစုံတခုကို မေက်နပ္တဲ့ပုံစံနဲ႕ အံႀကိတ္လ်က္သား အသက္မဲ့ေနတဲ့ခႏၶာကို ေတြ႕ရတယ္လို႔ နာေရးကို လာေရာက္တဲ့သူေတြနဲ႕ နီးစပ္သူေတြက ေျပာပါတယ္။
စစ္ေကာင္စီတပ္၊ မိသားစုနဲ႕ အၿငိမ္းစားအရာရွိေတြကလြဲလို႔ ဘယ္သူ တဦး တေယာက္မွ မလာဘဲ သျဂၤိုဟ္တဲ့ အခမ္းအနားကို တိုးတိုးတိတ္တိတ္ လုပ္ရတာကလည္း အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြအတြက္ သံေဝဂရစရာ ျမင္ကြင္းပဲ ျဖစ္ပါတယ္။
ၿငိမ္းေအးဇရပ္ကေန တပ္မေတာ္စစ္သခၤ်ိဳင္းကို ကားေကြ႕လိုက္တာနဲ႕ တၿပိဳင္နက္ အေလးျပဳရင္း မခ်ိဳမခ်ဥ္ၿပဳံးလိုက္တဲ့ ဒုတပ္ၾကပ္တေယာက္ရဲ႕ အၿပဳံးေတြက အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ႕ ဆရာျဖစ္သူနာေရးကို ဝမ္းသာေနသလို ျမင္ေတြ႕ရပါတယ္။
မိုးစက္ေတြ တဖြဲဖြဲက်ေနတဲ့အခ်ိန္ ကားေပၚကဆင္းၿပီး တပ္မေတာ္ စစ္သခၤ်ိဳင္းကို လမ္းေလွ်ာက္သြားတဲ့ ဗိုလ္မႉးခ်ဳပ္အုန္းသြင္ရဲ႕ ဇနီးျဖစ္သူက အေလးျပဳေနတဲ့ စစ္ေကာင္စီတပ္သားေတြကို မ်က္ေထာင့္နီႀကီးနဲ႕ၾကည့္ၿပီး သခၤ်ိဳင္းထဲကို ဝင္သြားပါေတာ့တယ္။
ျမင့္ျမတ္သူ
Leave a Reply