ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်အမိန့်ချ ၊ စီရင်သတ်ဖြတ်ခဲ့သူ အင်းစိန်ထောင် စစ်ခုံရုံးတရား သူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်စီးပွား ရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင် ခန့်အပ်ထား

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်အမိန့်ချမှတ်မှု နှင့် စီရင်သတ်ဖြတ်မှုတွင် ပါဝင်သူ၊ ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သူ အင်းစိန်ထောင်စစ် ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်တိုင်းအစိုးရစီးပွားရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင်ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးအဖြစ် မျိုးမြင့်အောင်ကို မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။ ယခင် ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း အောင်သန်းဦးမှာ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခံထားခဲ့ရာမှ ဝန်ကြီးအဖြစ် ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

“သူ့ကို ဝန်ကြီးခန့်တဲ့အချိန်က တပ်က လက်ရှိ ရာထူးကြီးနဲ့ဆိုတော့ သူ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး စောင့်ကြည့်နေခဲ့တာ။ ဒီစက်တင်ဘာလ ဒုတိယအပတ်လောက်မှာ သူ ဝန်ကြီးအဖြစ် ပွဲတွေမှာ မျက်နှာပြလာတာ။ မနေ့က ဗိုလ်တထောင်စေတီ လုံခြုံရေး မှန်ကာတဲ့ပွဲ၊ မြန်မာ့ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲတွေမှာ သူ့နာမည်နဲ့ ရုပ်နဲ့ ပါလာတော့မှ သူမှန်းသေချာတာ။ တပ်က အငြိမ်းစားယူလိုက်ပြီထင်တယ်။ စစ်ခုံရုံး တရားသူ ကြီးအဖြစ် သူ အမိန့်ချခဲ့တာ၊ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သတ်ဖြတ်ရာမှာ ပါခဲ့လို့ ဝန်ကြီးခန့်ပြီး ဆုချတာလို့ ပြောလို့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို သတ်ခဲ့သူ

ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်မှုနှင့် သတ်ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ကြောင်း ရန် ကုန်တိုင်း စစ်ဘက်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေ ဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး သေဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင် ပတ်သက်နေကြောင်း သိရှိရသည်။

“ကိုမျိုးမြင့်အောင် ပါတာတော့ အတည်ပြုလို့ရတယ်။ အခြားအရာရှိတွေလည်းပါတယ်။ အဖွဲ့လိုက်ကြီး လုပ်ကြတာ။ သေဒဏ်ပေးတာရော ၊ စီရင်တာရော။ ကြီး ကြပ်ကွပ်ကဲတာက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည် ထဲရေးဝန်ကြီးပဲ။ သူက တိုက်ရိုက် ကိုင်တာလို့ သိရတယ်။ ကိုမျိုးမြင့်အောင်ကတော့အ ခုနောက် ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာလိုလို ဟာတွေတော့ တောက် လျှောက်လုပ်နေတယ်။ ဘာသာရေးဘက်ကို ဇောင်းပေးနေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ရန်န်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိ ယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူ ကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျသူဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်ဝင်း တို့နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်ခဲ့သည်။

စစ်ဘက်တရားသူကြီးဘဝဖြင့် ကျူးလွန်ခဲ့သော ပြစ်မှုများ

ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင် သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်ခဲ့သည်။တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့် အပ်ခံခဲ့ရခြင်းဖြစ်သည်။

အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူ ကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို‌ သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ် ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်ခဲ့သည် ။

“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် သေဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို သေ ဒဏ် ချပစ်လိုက်တယ်။ ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေ ရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

အကြောက်ကြီးပြီး အထက်ဖား အောက်ဖိသူ

မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁ စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ သေရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။

” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဉ်းကျဉ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင် ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူသေမှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်ကြောင်း၊ တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။

အရေးယူရမည့် သမိုင်းတရားခံ

ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်း ရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင်သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို မတရား သတ် ဖြတ် ခဲ့သော သူများထဲမှ တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဟု ရန်ကုန်ခေတ်သစ် ၏ သတ င်းရင်းမြစ်က ပြောသည်။အကြမ်းဖက်စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် တော် လှန်ရေး ဦးဆောင်သူနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးပြီး မတရားသတ်ဖြတ်ခဲ့သည်။ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ တို႔ကို ေသဒဏ္အမိန႔္ခ် ၊ စီရင္သတ္ျဖတ္ခဲ့သူ အင္းစိန္ေထာင္ စစ္ခုံ႐ုံးတရား သူႀကီး ဒုဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ကို ရန္ကုန္စီးပြား ေရးဝန္ႀကီးအျဖစ္ မင္းေအာင္လွိုင္ ခန႔္အပ္ထား

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ တို႔ကို ေသဒဏ္အမိန႔္ခ်မွတ္မႈ ႏွင့္ စီရင္သတ္ျဖတ္မႈတြင္ ပါဝင္သူ၊ ေက်ာင္းသားမ်ားႏွင့္ နိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ားကို ေသဒဏ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ခဲ့သူ အင္းစိန္ေထာင္စစ္ ခုံ႐ုံးတရားသူႀကီး ဒုဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ကို ရန္ကုန္တိုင္းအစိုးရစီးပြားေရးဝန္ႀကီးအျဖစ္ မင္းေအာင္လွိုင္ခန႔္အပ္ခဲ့ေၾကာင္း သိရွိရသည္။

စက္တင္ဘာလ ၁ ရက္ေန႕တြင္ ရန္ကုန္တိုင္း စီးပြားေရးဝန္ႀကီးအျဖစ္ မ်ိဳးျမင့္ေအာင္ကို မင္းေအာင္လွိုင္က ခန႔္အပ္ခဲ့ျခင္းလည္းျဖစ္သည္။ ယခင္ ရန္ကုန္တိုင္းစီးပြားေရးဝန္ႀကီးေဟာင္း ေအာင္သန္းဦးမွာ လာဘ္ေပးလာဘ္ယူမႈမ်ားျဖင့္ ဖမ္းဆီးခံထားခဲ့ရာမွ ဝန္ႀကီးအျဖစ္ ဖယ္ရွားခံခဲ့ရျခင္းျဖစ္သည္။

“သူ႕ကို ဝန္ႀကီးခန႔္တဲ့အခ်ိန္က တပ္က လက္ရွိ ရာထူးႀကီးနဲ႕ဆိုေတာ့ သူ ဟုတ္မွ ဟုတ္ပါ့မလားဆိုၿပီး ေစာင့္ၾကည့္ေနခဲ့တာ။ ဒီစက္တင္ဘာလ ဒုတိယအပတ္ေလာက္မွာ သူ ဝန္ႀကီးအျဖစ္ ပြဲေတြမွာ မ်က္ႏွာျပလာတာ။ မေန႕က ဗိုလ္တေထာင္ေစတီ လုံၿခဳံေရး မွန္ကာတဲ့ပြဲ၊ ျမန္မာ့ျခင္းလုံးၿပိဳင္ပြဲ ဖြင့္ပြဲ၊ ဆုခ်ီးျမႇင့္ပြဲေတြမွာ သူ႕နာမည္နဲ႕ ႐ုပ္နဲ႕ ပါလာေတာ့မွ သူမွန္းေသခ်ာတာ။ တပ္က အၿငိမ္းစားယူလိုက္ၿပီထင္တယ္။ စစ္ခုံ႐ုံး တရားသူ ႀကီးအျဖစ္ သူ အမိန႔္ခ်ခဲ့တာ၊ ကိုဂ်င္မီနဲ႕ ကိုေဇယ်ာေသာ္တို႔ကို သတ္ျဖတ္ရာမွာ ပါခဲ့လို႔ ဝန္ႀကီးခန႔္ၿပီး ဆုခ်တာလို႔ ေျပာလို႔ရပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ ဒီမိုကေရစီအေရး လႈပ္ရွားသူ ၄ ဦးကို သတ္ခဲ့သူ

ဒီမိုကေရစီအေရးလႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ခ်မွတ္မႈႏွင့္ သတ္ျဖတ္မႈတြင္ စစ္ဘက္တရား သူ ႀကီး ဒုဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ ပါဝင္ပတ္သက္ေၾကာင္း ရန္ ကုန္တိုင္း စစ္ဘက္သတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာဆိုသည္။

အင္းစိန္ေထာင္စစ္ခုံ႐ုံး၏ အထူးတရားသူႀကီး ဒုတိယဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ သည္ မင္းေအာင္လွိုင္၏ တိုက္ရိုက္ တာဝန္ေပးအပ္ခံရေသာ တရား သူႀကီး ျဖစ္ၿပီး ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ခ်မွတ္ခဲ့ျခင္းႏွင့္ ေသ ဒဏ္ေပးရန္ ေနာက္ဆုံးအခ်ိန္ အတည္ျပဳၿပီး ေသဒဏ္စီရင္သည့္ ျဖစ္စဥ္တစ္ခုလုံးတြင္ ပါဝင္ ပတ္သက္ေနေၾကာင္း သိရွိရသည္။

“ကိုမ်ိဳးျမင့္ေအာင္ ပါတာေတာ့ အတည္ျပဳလို႔ရတယ္။ အျခားအရာရွိေတြလည္းပါတယ္။ အဖြဲ႕လိုက္ႀကီး လုပ္ၾကတာ။ ေသဒဏ္ေပးတာေရာ ၊ စီရင္တာေရာ။ ႀကီး ၾကပ္ကြပ္ကဲတာက ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ျပည္ ထဲေရးဝန္ႀကီးပဲ။ သူက တိုက္ရိုက္ ကိုင္တာလို႔ သိရတယ္။ ကိုမ်ိဳးျမင့္ေအာင္ကေတာ့အ ခုေနာက္ ပိုင္း ယဥ္ေက်းလိမၼာသင္တန္းေတြ၊ အဘိဓမၼာလိုလို ဟာေတြေတာ့ ေတာက္ ေလွ်ာက္လုပ္ေနတယ္။ ဘာသာေရးဘက္ကို ေဇာင္းေပးေနတယ္” ဟု တပ္သတင္းရင္းျမစ္က ေျပာသည္။

ရန္န္ကုန္တိုင္း၊ ဒညင္းကုန္း၊ အင္းစိန္ၿမိဳ႕နယ္ အမွတ္ ၁ တပ္မေတာ္စစ္သားစုေဆာင္းေရးတပ္မွ တပ္မႉး ဒုတိ ယမႉးႀကီးမ်ိဳးျမင့္ေအာင္ စစ္ခုံ႐ုံးမ်ား စတင္ထူေထာင္ခ်ိန္ကတည္းက စစ္ဘက္ဆိုင္ရာ တရားသူ ႀကီးအျဖစ္ အင္းစိန္ေထာင္ အထူးတရား႐ုံးတြင္ ႐ုံးထိုင္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။စစ္မႈထမ္း ႏွစ္ ၃၀ နီးပါးရွိၿပီး ၂၀၁၂ ခုႏွစ္ ပတ္ဝန္းက်င္တြင္ အမွတ္ ၁ တပ္မ ေတာ္ စစ္သား စုေဆာင္းေရးတပ္မွ တပ္မႉးအျဖစ္ ေျပာင္းေ႐ႊ႕လာသူလည္းျဖစ္ၿပီး လက္ရွိ ရန္ကုန္တိုင္းစစ္ ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြ (DSA ၃၆) ထက္ပင္ စီနီယာက်သဴျဖစ္သည္။

ဒုတိယဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္သည္ ဇနီး ေဒၚမီမီစန္း၊ သမီး မဆုျမတ္၀င္း တို႔ႏွင့္အတူ အမွတ္ ၁ တပ္မေတာ္ စစ္သား စုေဆာင္းေရးတပ္တြင္ ေနထိုင္ခဲ့သည္။

စစ္ဘက္တရားသူႀကီးဘ၀ျဖင့္ က်ဴးလြန္ခဲ့ေသာ ျပစ္မႈမ်ား

ရန္ကုန္တိုင္းကို စစ္တပ္က စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီး စစ္ခုံ႐ုံးမ်ားကို ထူ ေထာင္ေသာအခါ မ်ိဳးျမင့္ေအာင္ သည္ စစ္ဘက္ဆိုင္ရာ တရားသူႀကီးျဖစ္ခဲ့သည္။တပ္ပိုင္းဆိုင္ရာ ရာထူး မတိုးေတာ့ေသာ္လည္း ပညာရပ္ပိုင္းဆိုင္ရာ ေလ့လာမႈ အားေကာင္းသည့္အတြက္ ၎ကို စစ္ဘက္တရားသူႀကီးအျဖစ္ စစ္ေကာင္စီက ခန႔္ အပ္ခံခဲ့ရျခင္းျဖစ္သည္။

အင္းစိန္ေထာင္ အထူးစစ္ခုံ႐ုံးတြင္ စစ္ဘက္တရားသူ ႀကီးျဖစ္လာသူ မ်ိဳးျမင့္ေအာင္က လူငယ္မ်ားစြာကို‌ ေသဒဏ္မ်ားခ်မွတ္ျခင္း၊ တစ္သက္တစ္ကြၽန္း ျပစ္ ဒဏ္မ်ားခ်မွတ္ျခင္းႏွင့္ ေထာင္ဒဏ္မ်ားစြာကို ေက်ေက်နပ္နပ္ျဖင့္ ခ်မွတ္ခဲ့သည္ ။

“စစ္အုပ္ခ်ဳပ္ေရးေၾကညာေတာ့ သူက စစ္တရား႐ုံးမွာ တရားသူႀကီးျဖစ္ပါတယ္။ အင္းစိန္ကိုအမႈေတြရွိရင္သြားၿပီး အရင္တုန္းကေတာ့ဆႏၵျပသူေတြ ေနာက္ပိုင္း PDF ေတြကို စစ္ခုံ႐ုံးတရားသူႀကီးအျဖစ္ အမိန့္ခ်တယ္။ သူ႕ေၾကာင့္ ေသဒဏ္ ေထာင္ဒဏ္တစ္သက္ ႏွစ္ရွည္ေထာင္ဒဏ္ေတြ က်ခံသြားရတဲ့လူငယ္ေတြအမ်ားႀကီးပါ။ စစ္ခုံ႐ုံးက ျပန္လာရင္ တပ္ထဲမွာ ဘယ္သူကို ဘယ္လို ေသ ဒဏ္ ခ်ပစ္လိုက္တယ္။ ဘယ္သူကိုေတာ့ တစ္သက္တစ္ကြၽန္းခ်ပစ္လိုက္ၿပီဆိုတာမ်ိဳး ၿမိန္ေရ ရွက္ေရ ေျပာေလ့ရွိတယ္။ သူအရမ္းေက်နပ္ေနတာ” ဟု စစ္ဘက္သတင္းရပ္ကြက္ကေျပာသည္။

အေၾကာက္ႀကီးၿပီး အထက္ဖား ေအာက္ဖိသူ

မ်ိဳးျမင့္ေအာင္သည္ ၎၏ အမွတ္ ၁ တပ္မေတာ္အမွတ္ ၁ စစ္သား စုေဆာင္းေရးတပ္တြင္ အ လြန္ လုံၿခဳံေရးတင္းက်ပ္ထားၿပီး ၎၏ တပ္ကို လာေရာက္တိုက္ခိုက္၍ ေသရမည္ကို အလြန္စိုးရိမ္သူလည္းျဖစ္သည္။စစ္အာဏာသိမ္းၿပီးခ်ိန္မွစ၍ တပ္တြင္း တရားပြဲႏွင့္ပ႒ာန္းပြဲမ်ား ဆက္တိုက္ က်င္းပၿပီး ၁ ဧက မျပည့္သည့္ တပ္ကို ဂိတ္ ၁၀ ခုထား၍ ကင္းလုံၿခဳံေရး အထူးတင္းက်ပ္ထားသည္။

” ဒီအမွတ္ ၁ စုေဆာင္းေရး တပ္ဆိုတာကေလ က်ဥ္းက်ဥ္းေလး။ ဧကနဲ႕ တြက္မယ္ဆိုရင္ ၀ ဒသမ ၈၅ ဧကပဲရွိပါတယ္။ အဲဒီမွာခ်ထားတဲ့ကင္းက ၁၀ကင္းေလာက္ရွိပါတယ္။ သူ႕ကိုယ္သူေသမွာေတာ့အရမ္းစိုးရိမ္တယ္” ဟု စစ္ဘက္သတင္းရပ္ကြက္ကေျပာသည္။မ်ိဳးျမင့္ေအာင္သည္ တပ္တြင္း ဖိႏွိပ္မႈအလြန္မ်ားျပားစြာ လုပ္ေဆာင္ေၾကာင္း၊ တပ္တြင္း မိသားစုမ်ားကို ဖိႏွိပ္ေငြေၾကးရွာ၍ အေပၚဖား ေအာက္ဖိ လူစားမ်ိဳးလည္းျဖစ္သည္ဟု ဆိုသည္။

အေရးယူရမည့္ သမိုင္းတရားခံ

ရန္ကုန္တိုင္း၊ ဒညင္းကုန္း၊ အင္းစိန္ၿမိဳ႕နယ္ အမွတ္ ၁ တပ္မေတာ္စစ္သားစုေဆာင္း ေရးတပ္မွ တပ္မႉး ဒုတိယမႉးႀကီးမ်ိဳးျမင့္ေအာင္သည္ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို မတရား သတ္ ျဖတ္ ခဲ့ေသာ သူမ်ားထဲမွ တစ္ဦးအျဖစ္ သမိုင္းမွတ္တမ္းဝင္ခဲ့ၿပီဟု ရန္ကုန္ေခတ္သစ္ ၏ သတ င္းရင္းျမစ္က ေျပာသည္။အၾကမ္းဖက္စစ္ေကာင္စီက ဇူလိုင္ ၂၃ ရက္ေန႕ ႏွင့္ ၂၄ ရက္ေန႕တို႔တြင္ ေတာ္ လွန္ေရး ဦးေဆာင္သူႏွင့္ ဒီမိုကေရစီ အေရး လႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ေပးၿပီး မတရားသတ္ျဖတ္ခဲ့သည္။ဒုတိယဗိုလ္မႉးႀကီးမ်ိဳးျမင့္ေအာင္သည္ ၂၀၁၇ ခုႏွစ္ ကေလးစစ္သား ေအာင္ကိုေထြးကို စစ္တပ္ကိုယ္စား တရားစြဲဆိုခဲ့ေသာ တရားလို စစ္အရာရွိတစ္ဦးလည္းျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*