စစ်ကောင်စီက ထိုင်းနိုင်ငံ လေဆိပ်အထိ လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့သော မော်ဒယ် အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ပြီးခဲ့သည့် အပတ်က ထိန်းသိမ်းခံထားရသည့် Miss Grand International အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိကြောင်း Bangkok Post သတင်းတွင် ယနေ့ ဖော်ပြထားသည်။

အလှမယ် ဟန်လေးသည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ရ ရှိမည်ဖြစ်ပြီး မနက်ဖြန်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတဆင့် တောင်ကိုရီးယားနိုင်ငံ တွင် တထောက်နားကာ ကနေဒါနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်သိရသည်။

စက်တင်ဘာ ၁၈ ရက်တွင် အလှမယ်ဟန်လေးသည် ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက် သုဝဏ္ဏဘူမိလေဆိပ်ကို ပြန်လည်ရောက်ရှိလာချိန်၌ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ထိန်းသိမ်းခံရပြီးနောက် အကူအညီပေးရန် UNHCR သို့ တောင်းဆိုရာ ၎င်းတို့က ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ ပြည်ဘက်သို့ ပြန်ပို့မည် မဟုတ်ကြောင်း ကတိပြုထားသည်ဟု ပြောဆိုခဲ့သလို စက်တင်ဘာလ ၂၃ ရက်နေ့က UNHCR မှ တာဝန်ရှိသူများမှ ဟန်လေးအား လာရောက် တွေ့ဆုံခဲ့ကာ အမြန်ဆုံးလွတ်မြော က်ရေး လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။

မြန်မာအလှမယ်ဟန်လေးသည် ၂၀၂၁ မတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် “Miss Grand International 2020” ပြိုင်ပွဲစင်မြင့်ထက်မှတဆင့် “Stop the War & Violence” ခေါင်း စဉ်ဖြင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်အာဏာရှင်၏ အကြမ်းဖက်မှု အခြေအနေများအား ကမာ္ဘကသိစေရန် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အတွက် အာဏာသိမ်း စစ်ကောင်စီက အလှမယ်ဟန်လေးအား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲ ဆိုထားသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အလွမယ္ ဟန္ေလး ကေနနိုင္ငံတြင္ ခိုလႈံခြင့္ရ

ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ သုဝဏၰဘူမိေလဆိပ္တြင္ ၿပီးခဲ့သည့္ အပတ္က ထိန္းသိမ္းခံထားရသည့္ Miss Grand International အလွမယ္ ဟန္ေလး ကေနဒါနိုင္ငံတြင္ ခိုလႈံခြင့္ရရွိေၾကာင္း Bangkok Post သတင္းတြင္ ယေန႕ ေဖာ္ျပထားသည္။

အလွမယ္ ဟန္ေလးသည္ ကေနဒါနိုင္ငံ တို႐ြန္တိုၿမိဳ႕ တြင္ ဒုကၡသည္အျဖစ္ ခိုလႈံေနထိုင္ခြင့္ရ ရွိမည္ျဖစ္ၿပီး မနက္ျဖန္တြင္ ဘန္ေကာက္ၿမိဳ႕ သုဝဏၰဘူမိေလဆိပ္မွတဆင့္ ေတာင္ကိုရီးယားနိုင္ငံ တြင္ တေထာက္နားကာ ကေနဒါနိုင္ငံသို႔ ဆက္လက္ထြက္ခြာမည္သိရသည္။

စက္တင္ဘာ ၁၈ ရက္တြင္ အလွမယ္ဟန္ေလးသည္ ဗီဇာကိစၥအတြက္ ဗီယက္နမ္နိုင္ငံသို႔ သြားေရာက္ခဲ့ၿပီးေနာက္ စက္တင္ဘာ ၂၁ ရက္ သုဝဏၰဘူမိေလဆိပ္ကို ျပန္လည္ေရာက္ရွိလာခ်ိန္၌ ထိန္းသိမ္းခံလိုက္ရျခင္း ျဖစ္သည္။

ထိုသို႔ ထိန္းသိမ္းခံရၿပီးေနာက္ အကူအညီေပးရန္ UNHCR သို႔ ေတာင္းဆိုရာ ၎တို႔က ထိုင္းနိုင္ငံ အေနျဖင့္ ျမန္မာ ျပည္ဘက္သို႔ ျပန္ပို႔မည္ မဟုတ္ေၾကာင္း ကတိျပဳထားသည္ဟု ေျပာဆိုခဲ့သလို စက္တင္ဘာလ ၂၃ ရက္ေန႕က UNHCR မွ တာဝန္ရွိသူမ်ားမွ ဟန္ေလးအား လာေရာက္ ေတြ႕ဆုံခဲ့ကာ အျမန္ဆုံးလြတ္ေျမာ က္ေရး လုပ္ေဆာင္ေနေၾကာင္း ေျပာဆိုခဲ့သည္။

ျမန္မာအလွမယ္ဟန္ေလးသည္ ၂၀၂၁ မတ္ ၂၇ ရက္တြင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ “Miss Grand International 2020” ၿပိဳင္ပြဲစင္ျမင့္ထက္မွတဆင့္ “Stop the War & Violence” ေခါင္း စဥ္ျဖင့္ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ျမန္မာစစ္အာဏာရွင္၏ အၾကမ္းဖက္မႈ အေျခအေနမ်ားအား ကမာၻကသိေစရန္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔အတြက္ အာဏာသိမ္း စစ္ေကာင္စီက အလွမယ္ဟန္ေလးအား နိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၄ (က) ျဖင့္ တရားစြဲ ဆိုထားသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*