
အာဏာသိမ်းစစ်ကောင်စီမှ KPay နှင့် Wave Money အစရှိသော မိုဘိုင်းငွေပေးချေမှုစနစ် (အွန်လိုင်းငွေ ကြေး အကောင့်များစွာကို စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ အွန်လိုင်း ငွေကြေးအကောင့်အများအပြားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ မိမိနာမည်ဖြင့် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နှင့် KPay ဖုန်းနံပါတ်တူညီသော်လည်း အကြောင်းပြချက် မရှိဘဲ အကောင့်အပိတ်ခံရသူများက ဒေသတွင်းရှိ KBZ ဘဏ်များထံသို့ သွားရောက်၍ အကောင့်ပြန်ဖွင့်ပေးရန် တောင်းဆိုကြရာ ဗဟိုဘဏ်ထံသို့ စာတင်ရန်နှင့် ဗဟိုဘဏ်ခွင့်ပြုပါက ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။
“ကျွန်တော့်မိတ်ဆွေတွေ KPay အကောင့်အပိတ်ခံရတယ်။ သူတို့ဖုန်းနဲ့ KPay ဖုန်း တူနေတာကို ဘလိုင်းကြီး အပိတ်ခံရတာ။ အဲဒါကို KBZ ဘဏ်သွားပြောတော့ ဗဟိုဘဏ်ကို စာတင်ပါတဲ့။ ဗဟိုဘဏ်က ပြန်ဖွင့်ပေးပါလို့ ခိုင်းရင် လုပ်ပေးမယ်တဲ့။ ဗဟိုဘဏ်က မညွန်ကြားဘဲ သူတို့ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောတယ်”ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီမှပိတ်သိမ်းခဲ့သည့် အွန်လိုင်းငွေကြေးအကောင့်ပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ကောင်စီမှ သိမ်းပိုက်ရယူခဲ့သည့်ငွေပမာဏ ကျပ်သိန်း ၂ သောင်းကျော် ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာ နိုင်ငံ ဗဟိုဘဏ်နှင့်နီးစပ်သူများက ဆိုသည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းစုံစမ်းချက်များအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအများအပြားသာမက ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများအသုံးပြုနေသော အွန်လိုင်းငွေကြေးအကောင့်များစွာ ပိတ်သိမ်းခံခဲ့ရပြီး ငွေကြေးပမာဏမှာလည်း ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ၎င်းတို့ဘဏ်၏ဝန်ဆောင်မှုဖြစ်သည့် KPay အကောင့်များအပေါ် တာဝန်ယူမှုရှိရမည် ဖြစ်သော်လည်း ငွေအပ်နှံသူနှင့် KPay သုံးစွဲသူများအပေါ် တာဝန်ယူမှုလုံးဝမရှိသည့်အပေါ် များစွာ စိတ်ပျက်ကြောင်း အကြောင်းပြချက်မရှိ အကောင့်ပိတ်သိမ်းခံရသူများက ဝေဖန်ပြောဆိုသည်။
“အခုက ဗဟိုဘဏ်ခိုင်းမှ ပြန်ဖွင့်ပေးမယ်ဆိုတော့ သူတို့ဘဏ်တွေကို ဘယ်လိုစိတ်မျိုးနဲ့ ယုံကြည့်ရမလဲ။ သူတို့ပဲ သုံးပါ၊ စိတ်ချရတယ်ဆိုလို့ သုံးကြပြီးမှ ဒီအပေါ်မှာ KBZ ဘဏ်အနေနဲ့ ဘာတာဝန်ယူမှုမှ မရှိဘူး။ တက ယ်တမ်းပြောရရင် မြန်မာပြည်က ပုဂ္ဂလိကဘဏ်တွေအပေါ် တစ်စက်မှ အယုံအကြည်မရှိတော့တာ”ဟု ပုသိမ်မြို့နယ်မှ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်မှ KPay၊ ရိုးမဘဏ်မှ Wave Money၊ ဧရာဝတီဘဏ်မှ Aya Pay အစရှိသဖြင့် အွန်လိုင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတည်ထောင်၍ လုပ်ကိုင်ခဲ့သည့်အနက် KPay မှာ လူသုံးအများဆုံးဖြစ်ပြီး သုံးစွဲသူ ၁၁ သန်းကျော်ရှိကြောင်း ဗဟိုဘဏ်စာရင်းများအရ သိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
KPay အပိတ္ခံရသူမ်ား ဗဟိုဘဏ္ဆီ တိုက္ရိုက္စာတင္ရန္ႏွင့္ ဗဟိုဘဏ္ခြင့္ျပဳလွ်င္ အေကာင့္ျပန္ဖြင့္ေပးမည္ဟု KBZ ဘဏ္မ်ားေျပာ
အာဏာသိမ္းစစ္ေကာင္စီမွ KPay ႏွင့္ Wave Money အစရွိေသာ မိုဘိုင္းေငြေပးေခ်မႈစနစ္ (အြန္လိုင္းေငြ ေၾကး အေကာင့္မ်ားစြာကို စည္းကမ္းခ်က္ႏွင့္ မကိုက္ညီဟုဆိုကာ စက္တင္ဘာလ ၂၀ ရက္ေန႕မွစတင္၍ အြန္လိုင္း ေငြေၾကးအေကာင့္အမ်ားအျပားအား ပိတ္သိမ္းခဲ့ေၾကာင္း သိရသည္။
ဧရာဝတီတိုင္း၌ မိမိနာမည္ျဖင့္ မွတ္ပုံတင္ထားေသာ ဖုန္းနံပါတ္ႏွင့္ KPay ဖုန္းနံပါတ္တူညီေသာ္လည္း အေၾကာင္းျပခ်က္ မရွိဘဲ အေကာင့္အပိတ္ခံရသူမ်ားက ေဒသတြင္းရွိ KBZ ဘဏ္မ်ားထံသို႔ သြားေရာက္၍ အေကာင့္ျပန္ဖြင့္ေပးရန္ ေတာင္းဆိုၾကရာ ဗဟိုဘဏ္ထံသို႔ စာတင္ရန္ႏွင့္ ဗဟိုဘဏ္ခြင့္ျပဳပါက ေဆာင္႐ြက္ေပးမည္ဟု ေျပာဆိုေၾကာင္း သိရသည္။
“ကြၽန္ေတာ့္မိတ္ေဆြေတြ KPay အေကာင့္အပိတ္ခံရတယ္။ သူတို႔ဖုန္းနဲ႕ KPay ဖုန္း တူေနတာကို ဘလိုင္းႀကီး အပိတ္ခံရတာ။ အဲဒါကို KBZ ဘဏ္သြားေျပာေတာ့ ဗဟိုဘဏ္ကို စာတင္ပါတဲ့။ ဗဟိုဘဏ္က ျပန္ဖြင့္ေပးပါလို႔ ခိုင္းရင္ လုပ္ေပးမယ္တဲ့။ ဗဟိုဘဏ္က မၫြန္ၾကားဘဲ သူတို႔ဘာမွ လုပ္မေပးနိုင္ဘူးလို႔ ေျပာတယ္”ဟု ပုသိမ္ၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။
စစ္ေကာင္စီမွပိတ္သိမ္းခဲ့သည့္ အြန္လိုင္းေငြေၾကးအေကာင့္ေပါင္း ၈ ေထာင္ေက်ာ္ရွိၿပီး စစ္ေကာင္စီမွ သိမ္းပိုက္ရယူခဲ့သည့္ေငြပမာဏ က်ပ္သိန္း ၂ ေသာင္းေက်ာ္ ရွိခဲ့ေၾကာင္း စစ္ေကာင္စီလက္ေအာက္ရွိ ျမန္မာ နိုင္ငံ ဗဟိုဘဏ္ႏွင့္နီးစပ္သူမ်ားက ဆိုသည္။
ဧရာဝတီတိုင္းမ္သတင္းဌာန၏ ေမးျမန္းစုံစမ္းခ်က္မ်ားအရ ျမန္မာနိုင္ငံရွိ ျပည္နယ္ႏွင့္တိုင္းအမ်ားအျပားသာမက ျပည္ပနိုင္ငံမ်ားရွိ ျမန္မာနိုင္ငံသားမ်ားအသုံးျပဳေနေသာ အြန္လိုင္းေငြေၾကးအေကာင့္မ်ားစြာ ပိတ္သိမ္းခံခဲ့ရၿပီး ေငြေၾကးပမာဏမွာလည္း က်ပ္သိန္းဆယ္ဂဏန္း၊ ရာဂဏန္းအထိ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
ကေမာၻဇဘဏ္အေနျဖင့္ ၎တို႔ဘဏ္၏ဝန္ေဆာင္မႈျဖစ္သည့္ KPay အေကာင့္မ်ားအေပၚ တာဝန္ယူမႈရွိရမည္ ျဖစ္ေသာ္လည္း ေငြအပ္ႏွံသူႏွင့္ KPay သုံးစြဲသူမ်ားအေပၚ တာဝန္ယူမႈလုံးဝမရွိသည့္အေပၚ မ်ားစြာ စိတ္ပ်က္ေၾကာင္း အေၾကာင္းျပခ်က္မရွိ အေကာင့္ပိတ္သိမ္းခံရသူမ်ားက ေဝဖန္ေျပာဆိုသည္။
“အခုက ဗဟိုဘဏ္ခိုင္းမွ ျပန္ဖြင့္ေပးမယ္ဆိုေတာ့ သူတို႔ဘဏ္ေတြကို ဘယ္လိုစိတ္မ်ိဳးနဲ႕ ယုံၾကည့္ရမလဲ။ သူတို႔ပဲ သုံးပါ၊ စိတ္ခ်ရတယ္ဆိုလို႔ သုံးၾကၿပီးမွ ဒီအေပၚမွာ KBZ ဘဏ္အေနနဲ႕ ဘာတာဝန္ယူမႈမွ မရွိဘူး။ တက ယ္တမ္းေျပာရရင္ ျမန္မာျပည္က ပုဂၢလိကဘဏ္ေတြအေပၚ တစ္စက္မွ အယုံအၾကည္မရွိေတာ့တာ”ဟု ပုသိမ္ၿမိဳ႕နယ္မွ လုပ္ငန္းရွင္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ျမန္မာနိုင္ငံတြင္ ကေမာၻဇဘဏ္မွ KPay၊ ရိုးမဘဏ္မွ Wave Money၊ ဧရာဝတီဘဏ္မွ Aya Pay အစရွိသျဖင့္ အြန္လိုင္ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားတည္ေထာင္၍ လုပ္ကိုင္ခဲ့သည့္အနက္ KPay မွာ လူသုံးအမ်ားဆုံးျဖစ္ၿပီး သုံးစြဲသူ ၁၁ သန္းေက်ာ္ရွိေၾကာင္း ဗဟိုဘဏ္စာရင္းမ်ားအရ သိရသည္။
Leave a Reply