
” ထီပေါက်တုန်းကတော့ ပျော်တာပေါ့ဗျာ။ အိမ်မှာ လူတွေ တရုန်းရုန်း၊ ကင်မရာတွေ တဖျတ်ဖျတ်နဲ့ တစ်အိမ်လုံး ပျော်မဆုံး၊ မော်မဆုံးပေါ့” လို့ အနုက ပြောတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ နေထိုင်တဲ့ အနုက ယာဉ်မောင်းအလုပ်နဲ့ အသက်မွေးသူ။
ဒါပေမဲ့ မလေးရှားမှာ အလုပ်သွားလုပ်တော့မယ့်ဆဲဆဲ ထီထိုးလိုက်တာ ရူပီး သန်း ၂၅၀ ဆု (အမေရိကန်ဒေါ်လာ ၃.၀၆ သန်း) ဆွတ်ခူးခဲ့တယ်။ ဒါက ကီရာလာပြည်နယ်သမိုင်းမှာ ဆုကြေးအမြင့်ဆုံး အလယ်ပုံထီဆုကြီးပါ။စက်တင်ဘာလလယ်မှာ သူ ထီပေါက်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး သူနဲ့ သူ့မိသားစုကို လူတွေက ပုံစံအမျိုးမျိုးနဲ့ အကူအညီလှမ်းတောင်းကြတာပါ။ ” ထီမပေါက်ခဲ့ရင် ကောင်းမယ်လို့တောင် တွေးမိတယ်။ ဒါမှမဟုတ် တတိယဆုလောက်ပဲ ပေါက်ရင် ကောင်းမယ်။ အခုတော့ ကျွန်တော် အိမ်ထဲက အိမ်ပြင်တောင် ထွက်လို့မရတော့ဘူး။ ယုတ်စွအဆုံး ကျွန်တော့်ကလေး နေမကောင်းတာတောင် ဆရာဝန် သွားမပြရဲတဲ့အထိပါပဲ။
အနုဟာ အခွန်ဆောင်ပြီး ဆုကြေးငွေ ရူပီး သန်း ၁၅၀ ရရှိမှာပါ။ ” မနက်တိုင်း ကျွန်တော့်အိမ်ကို လူတွေလာပြီး အကူအညီတောင်းကြတယ်။ အခုထိ ကျွန်တော်တောင် ထီပေါက်တဲ့ ပိုက်ဆံတပြားမှ မရသေးဘူး။ ကျွန်တော် ဘယ်လိုပြောပြော သူတို့က ကျွန်တော်ကြုံနေရတဲ့ဒုက္ခကို နားမလည်ကြပါဘူးဗျာ” လို့ အနုက ဆိုပါတယ်။
အဲဒီအတွက် အနုက လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတစ်ခုတင်တယ်။ သူ့မိသားစုကို လာမနှောင့်ယှက်ကြပါနဲ့တော့တဲ့။ အခုတော့ အနုက အိမ်ပြောင်းဖို့ စဉ်းစားနေပါပြီ။ ပြည်နယ်အစိုးရကတော့ အနုကို ဆုကြေးငွေ ပေးအပ်ချိန်မှာ ငွေကို ကောင်းကောင်းသုံးစွဲတတ်ဖို့ တစ်ရက်ကြာ သင်တန်းပို့ချသွားမယ်ဖြစ်ပါတယ်။
Ref: Kerala lottery: India jackpot winner fed up with requests for help
Team (ရိုးရာလေး)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
႐ူပီး သန္း ၂၅၀ ဆု ထီေပါက္ခဲ့လို႔ ေနာင္တရေနသူ
” ထီေပါက္တုန္းကေတာ့ ေပ်ာ္တာေပါ့ဗ်ာ။ အိမ္မွာ လူေတြ တ႐ုန္း႐ုန္း၊ ကင္မရာေတြ တဖ်တ္ဖ်တ္နဲ႕ တစ္အိမ္လုံး ေပ်ာ္မဆုံး၊ ေမာ္မဆုံးေပါ့” လို႔ အႏုက ေျပာတယ္။ အိႏၵိယနိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္မွာ ေနထိုင္တဲ့ အႏုက ယာဥ္ေမာင္းအလုပ္နဲ႕ အသက္ေမြးသူ။
ဒါေပမဲ့ မေလးရွားမွာ အလုပ္သြားလုပ္ေတာ့မယ့္ဆဲဆဲ ထီထိုးလိုက္တာ ႐ူပီး သန္း ၂၅၀ ဆု (အေမရိကန္ေဒၚလာ ၃.၀၆ သန္း) ဆြတ္ခူးခဲ့တယ္။ ဒါက ကီရာလာျပည္နယ္သမိုင္းမွာ ဆုေၾကးအျမင့္ဆုံး အလယ္ပုံထီဆုႀကီးပါ။စက္တင္ဘာလလယ္မွာ သူ ထီေပါက္ခဲ့ပါတယ္။
အဲဒီအခ်ိန္ကစၿပီး သူနဲ႕ သူ႕မိသားစုကို လူေတြက ပုံစံအမ်ိဳးမ်ိဳးနဲ႕ အကူအညီလွမ္းေတာင္းၾကတာပါ။ ” ထီမေပါက္ခဲ့ရင္ ေကာင္းမယ္လို႔ေတာင္ ေတြးမိတယ္။ ဒါမွမဟုတ္ တတိယဆုေလာက္ပဲ ေပါက္ရင္ ေကာင္းမယ္။ အခုေတာ့ ကြၽန္ေတာ္ အိမ္ထဲက အိမ္ျပင္ေတာင္ ထြက္လို႔မရေတာ့ဘူး။ ယုတ္စြအဆုံး ကြၽန္ေတာ့္ကေလး ေနမေကာင္းတာေတာင္ ဆရာဝန္ သြားမျပရဲတဲ့အထိပါပဲ။
အႏုဟာ အခြန္ေဆာင္ၿပီး ဆုေၾကးေငြ ႐ူပီး သန္း ၁၅၀ ရရွိမွာပါ။ ” မနက္တိုင္း ကြၽန္ေတာ့္အိမ္ကို လူေတြလာၿပီး အကူအညီေတာင္းၾကတယ္။ အခုထိ ကြၽန္ေတာ္ေတာင္ ထီေပါက္တဲ့ ပိုက္ဆံတျပားမွ မရေသးဘူး။ ကြၽန္ေတာ္ ဘယ္လိုေျပာေျပာ သူတို႔က ကြၽန္ေတာ္ႀကဳံေနရတဲ့ဒုကၡကို နားမလည္ၾကပါဘူးဗ်ာ” လို႔ အႏုက ဆိုပါတယ္။
အဲဒီအတြက္ အႏုက လူမႈကြန္ရက္ေပၚမွာ ဗီဒီယိုတစ္ခုတင္တယ္။ သူ႕မိသားစုကို လာမေႏွာင့္ယွက္ၾကပါနဲ႕ေတာ့တဲ့။ အခုေတာ့ အႏုက အိမ္ေျပာင္းဖို႔ စဥ္းစားေနပါၿပီ။ ျပည္နယ္အစိုးရကေတာ့ အႏုကို ဆုေၾကးေငြ ေပးအပ္ခ်ိန္မွာ ေငြကို ေကာင္းေကာင္းသုံးစြဲတတ္ဖို႔ တစ္ရက္ၾကာ သင္တန္းပို႔ခ်သြားမယ္ျဖစ္ပါတယ္။
Ref: Kerala lottery: India jackpot winner fed up with requests for help
Team (ရိုးရာေလး)
Leave a Reply