စိတ်မနှံ့သူကူးစက်ရောဂါသည် အမျိုးသမီးမွေးဖွား ခဲ့သော ကလေးလေးကို လက်ခံစောင့်ရှောက်ပေး ခဲ့တဲ့ ခိုင်နှင်းဝေ
အခြေအနေ အမျိုးမျိုးကြောင့် မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေး နေသူကတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင်
ပါနေတာ စိတ်မကောင်းစရာပါ။ ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်းသဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့
စောင့်ရှောက်ပေးနေတာ လေးစားစရာပါ။ အခုလည်း စိတ်မနှံ့အမျိုးသမီးမွေးဖွားခဲ့သော (၂) ပေါင်ခန့် ကလေးငယ်လေးကို လက်ခံစောင့်ရှောက် ပေးခဲ့ပြန်ပါတယ်။
ကလေးရဲ့ ပုံတွေနဲ့အတူ ” ဥက္ကံဘက်မှ စိတ်မနှံ့အမျိုးသမီးမွေးဖွားခဲ့သော (၂) ပေါင်ခန့်ပဲ ရှိတဲ့ ကလေးလေးကို ကျမတို့ဂေဟာမှာ လက်ခံစောင့်ရှောက်ထားပါတယ်ရှင်
စိတ်မကောင်းစွာပဲ ကလေးမှာ ကူးစက်ရောဂါ ကူးစက်ခံနေရတာကိုလဲ သိရပါတယ် ကလေးအမေ အတွက်လဲ စိတ်မကောင်းဖြစ်မိပြီး စိတ်ပူမိပါတယ်ကလေး အမေအတွက်
နီးစပ်ရာမှ တခုခု စီစဉ်ပေးလို့ရအောင် အသိလေး ပေးဖြစ်တာပါ ကလေးကိုတော့ ကျမ အတတ်နိုင်ဆုံး ကုသမွေးစားသွားမှာ ဖြစ်ပါတယ်ရှင်” ဟု ဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*