
ဘဝမှာ လူတစ်ယောက်ဟာ တစ်ခါတလေ ရင်ကွဲခံပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချကြရပါတယ်။ ရင်ကွဲခံပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ရတဲ့အထဲမှာ မက္ကဆီကိုနိုင်ငံက (၁၂) နှစ်အရွယ်ကောင်လေးလည်းအပါအဝင်ပါပဲ။
(၁၂) နှစ်အရွယ်ကောင်လေး အန်ဒရီဟာ သူ့ခွေးလေးကို အရုပ်လေးနဲ့အတူ ကတ်ထူဘူးတစ်ခုထဲ ထည့်ပြီး စာလေးတစ်စောင်နဲ့အတူ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရှေ့ လာစွန့်ပစ်ခဲ့တာပါ။ ခွေးလေးကို စွန့်ပစ်ရတဲ့အကြောင်းအရင်းကို စာထဲမှာ ရေးထားပါတယ်။ ဒီစာလေးက ဖတ်ရသူတိုင်းကို စိတ်မကောင်းဖြစ်သွားစေနိုင်ပါတယ်။
“ကျွန်တော့်နာမည် အန်ဒရီပါ။ (၁၂) နှစ်ပါ။ ခွေးလေးကို တိရစ္ဆာန်ဂေဟာရှေ့မှာ စွန့်ပစ်ဖို့ ကျွန်တော့်အမေနဲ့ ကျွန်တော် ဆုံးဖြတ်ခဲ့ရတယ်။ ကျွန်တော့်အဖေက သူ့ကို ရောင်းပစ်ဖို့ စဉ်းစားနေခဲ့လို့ ကျွန်တော့်အဖေမသိအောင် အခုလိုလုပ်လိုက်ရတာပါ။
ကျွန်တော့်အဖေက ခွေးလေးကို အမြဲရိုက်တယ်။ ကန်တယ်။ အရမ်းကြီးကန်ခံရတဲ့အခါတုန်းက ခွေးလေးရဲ့အမြီးလေး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။ တိရစ္ဆာန်ဂေဟာက သူ့ကို ကူညီပေးနိုင်မယ်။ သူ့ကို စောင့်ရှောက်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကစား စရာအရုပ်လေးရော ပါ ပါတယ်။ ဒါမှ သူ ကျွန်တော့်ကို မမေ့မှာ”လို့ စာထဲမှာ ရေးထားပါတယ်။
ခွေးလေးရဲ့နာမည်ကတော့ ရီနီလို့ သိရပါတယ်။ တိရ စ္ဆာန်စောင့်ရှောက်ရေးဂေဟာ Xollin က ခွေးလေး ရီနီကို သူတို့ဂေဟာရှေ့မှာတွေ့ပြီးကယ်တင်ခဲ့ပါတယ်။ သူ့ကို မွေးမယ့်ပိုင်ရှင်ကို တွေ့ဖို့ မျှော်လင့်နေရပါတယ်။ အခုဆို ရီနီက အခြားခွေး (၂၀၃) ကောင်နဲ့အတူ တိရစ္္ဆာန်ဂေဟာမှာ နေထိုင်ရင်း ပျော်ရွှင်နေပါတယ်။
Ref: Ladbible “Boy abandons puppy in box with heartbreaking note”
Team ( ရိုးရာလေး )
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စြန႔္ပစ္ခံေခြးေလးနဲ႕အတူ ရင္ထဲထိေစမယ့္ စာေလးတစ္ေစာင္
ဘဝမွာ လူတစ္ေယာက္ဟာ တစ္ခါတေလ ရင္ကြဲခံၿပီး ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ကို ခ်ၾကရပါတယ္။ ရင္ကြဲခံၿပီး ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ကို ခ်လိဳက္ရတဲ့အထဲမွာ မကၠဆီကိုနိုင္ငံက (၁၂) ႏွစ္အ႐ြယ္ေကာင္ေလးလည္းအပါအဝင္ပါပဲ။
(၁၂) ႏွစ္အ႐ြယ္ေကာင္ေလး အန္ဒရီဟာ သူ႕ေခြးေလးကို အ႐ုပ္ေလးနဲ႕အတူ ကတ္ထူဘူးတစ္ခုထဲ ထည့္ၿပီး စာေလးတစ္ေစာင္နဲ႕အတူ တိရစာၦန္ေစာင့္ေရွာက္ေရးေဂဟာေရွ႕ လာစြန႔္ပစ္ခဲ့တာပါ။ ေခြးေလးကို စြန႔္ပစ္ရတဲ့အေၾကာင္းအရင္းကို စာထဲမွာ ေရးထားပါတယ္။ ဒီစာေလးက ဖတ္ရသူတိုင္းကို စိတ္မေကာင္းျဖစ္သြားေစနိုင္ပါတယ္။
“ကြၽန္ေတာ့္နာမည္ အန္ဒရီပါ။ (၁၂) ႏွစ္ပါ။ ေခြးေလးကို တိရစာၦန္ေဂဟာေရွ႕မွာ စြန႔္ပစ္ဖို႔ ကြၽန္ေတာ့္အေမနဲ႕ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့ရတယ္။ ကြၽန္ေတာ့္အေဖက သူ႕ကို ေရာင္းပစ္ဖို႔ စဥ္းစားေနခဲ့လို႔ ကြၽန္ေတာ့္အေဖမသိေအာင္ အခုလိုလုပ္လိုက္ရတာပါ။
ကြၽန္ေတာ့္အေဖက ေခြးေလးကို အၿမဲရိုက္တယ္။ ကန္တယ္။ အရမ္းႀကီးကန္ခံရတဲ့အခါတုန္းက ေခြးေလးရဲ႕အၿမီးေလး ထိခိုက္ဒဏ္ရာရသြားခဲ့တယ္။ တိရစာၦန္ေဂဟာက သူ႕ကို ကူညီေပးနိုင္မယ္။ သူ႕ကို ေစာင့္ေရွာက္ေပးနိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ကစား စရာအ႐ုပ္ေလးေရာ ပါ ပါတယ္။ ဒါမွ သူ ကြၽန္ေတာ့္ကို မေမ့မွာ”လို႔ စာထဲမွာ ေရးထားပါတယ္။
ေခြးေလးရဲ႕နာမည္ကေတာ့ ရီနီလို႔ သိရပါတယ္။ တိရ စာၦန္ေစာင့္ေရွာက္ေရးေဂဟာ Xollin က ေခြးေလး ရီနီကို သူတို႔ေဂဟာေရွ႕မွာေတြ႕ၿပီးကယ္တင္ခဲ့ပါတယ္။ သူ႕ကို ေမြးမယ့္ပိုင္ရွင္ကို ေတြ႕ဖို႔ ေမွ်ာ္လင့္ေနရပါတယ္။ အခုဆို ရီနီက အျခားေခြး (၂၀၃) ေကာင္နဲ႕အတူ တိရစ္ၦာန္ေဂဟာမွာ ေနထိုင္ရင္း ေပ်ာ္႐ႊင္ေနပါတယ္။
Ref: Ladbible “Boy abandons puppy in box with heartbreaking note”
Team ( ရိုးရာေလး )
Leave a Reply