စစ်ကောင်စီ သတ်မှတ်ထားတဲ့ ”ဖုန်းမပြောရနယ်မြေ (သို့မဟုတ်) ဇီးရိုးမိုင်

“ခင်ဗျားဖုန်းပြောတာ အဝပြောထားနော်။တော်ကြာ ဖုန်းမပြောရ နယ်မြေရောက်တော့မယ်”ကျွန်တော့်ခုံ ဘေးနားမှာထိုင်လိုက်လာတဲ့ ခရီးဖော်တစ်ဦးက ဖုန်းပြောနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြုံးစစနဲ့ သတိပေးသလို လှမ်းပြောလိုက်ခြင်းပါ။

အဆက်အစပ်မရှိတဲ့ ခရီးဖော်ရဲ့ စကားကြောင့် ကြောင် တောင်တောင် ယောင်နန ဖြစ်သွားခဲ့ရတယ်။မကြာခင်အချိန်မှာပဲ ကျွန်တော်စီးလာတဲ့အဝေးပြေးကားကြီးက နေပြည်တော် အမြန်လမ်း ဇီးရိုးမိုင်အနီးတိုးဂိတ်ထဲကိုဝင်ရောက်လာပါတယ်။ ထိုအခါ ကားပေါ်မှာ ပါလာတဲ့ ယာဉ်အကူက ယခုလို သတိပေးစကား ဆိုပါတယ်။

”အခုထဲက ဖုန်းတွေ လက်စသတ်မယ်။ ပြောစရာရှိတာမြန်မြန်ပြောပါ။ ဖြစ်နိုင်ရင် ဖုန်းတွေ လုံးဝ ပိတ်ထားကြပါ။ မကြာခင်မှာ တိုးဂိတ်ကနေ တစ်ဆင့် ဇီးရိုးမိုင်စစ်ဆေးရေး ဂိတ်ကိုဖြတ်ရပါတော့မယ်။ ထပ်ပြောမယ်နော်။ ဖုန်းလုံးဝ၊ လုံးဝမပြောပါနဲ့။ ကားပေါ် ကနေ ဆွဲချခံရင် လုံးဝတာဝန်မယူပါဘူး”

ထိုအခါမှသာ စကားသံကြားမှ ဘေးကမိတ်ဆွေရဲ့ဆိုလိုရင်း ကို ကျွန်တော် သဘောပေါက်မိတော့ပါတယ်။”တကယ်ရှိတယ်ဗျ ”မြန်မာနိုင်ငံမှာဖုန်းမပြောရနယ်မြေဆိုတာ တကယ်ရှိတာပါ။ နယ်မြေအသစ်တွေ ထပ်တိုး လာတာပေါ့။ ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးမှ ထွက်ပေါ်လာတဲ့ ဖုန်းမပြောရ နယ်မြေသစ်ပါ။

ရန်ကုန်မြို့အဝင်ဂိတ် တိုးဂိတ်ကနေ သူတို့(စစ်ကောင်စီတပ်)စခန်းအထိ ဇီးရိုးမိုင်ကို တစ်ဖာလုံလောက်ရှိမယ်။ အဲဒီမှာ X-Ray စက်တွေစစ်ဆေးရေးတွေရှိပါတယ်။ ဖုန်းပြောတာနဲ့ သူတို့စက်ထဲဝင်တယ်ထင်ပါတယ်။ဘယ် ကားထဲကနေပြောနေတာလဲဆိုပြီး ဆွဲချတော့တာပါပဲ။ အဲဒီအခါကျရင် စပယ်ယာ (ယာဉ်အကူ) တွေ ဆင်းရှင်းပေတော့ပေါ့။

“အဲ့ဒီလို ရှင်းလို့မရရင် အချိန်အကြာကြီးစောင့်ပေတော့ ဗျို့။ ရန်ကုန်ထဲလည်းဝင်မရဘဲ နဲ့ရှုပ်ကုန်တော့တာပေါ့” လို့ ယာဉ်မောင်းဆရာကြီးက ပြောပြနေတာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမြန်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ အများအပြားဖွင့်လှစ်ထားရှိပြီး တချို့နေရာတွေမှာတော့ ဂိတ်တွေကို အခိုင်အမာ ဆောက်လုပ်ထားပါတယ်။

အထူးသဖြင့် အမြန်လမ်းအမှတ်(၃)လမ်းဆုံနေရာဇီရိုးမိုင် အထွက်တွင် ဘယ်ညာ အဆောက်အအုံများကို အခိုင်အမာ ဆောက်ထားတာပါ။

”အခုကားတွေက ရန်ကုန်ကိုဝင်ချိန်ကို ပြောလို့မရတော့ဘူးဖြစ်နေတယ်။ အချိန်မှန် ဝင်ဖို့ အာမမခံနိုင်တော့ဘူး။ ခုနက ယာဉ်နောက်လိုက် အော်တယ်ဆိုတာ အလကား အော်တာမဟုတ်ဘူး။ တိုးဂိတ်ကနေ အမှတ် (၃) လမ်းဆုံအထိ ဖုန်းပြောလို့မရဘူး။ သူတို့စက်ထဲအကုန်ဝင်တယ်။ အဲဒီလိုမျိုးဆိုရင် ဖုန်းပြောနေတဲ့ကားကိုလမ်း ဘေးထိုးရပ်ခိုင်းပြီး ဖုန်းပြောတဲ့သူကိုဘာလဲ၊ သတင်းပေး တာလား ဆိုပြီး အောက်ဆွဲ ချပြီးတော့စစ်တော့တာ။ သူ့ကိုစစ်လို့မပြီးမချင်း ကားကိုလည်း ထွက်ခွင့်မပေးဘူး။ ဘေးထိုးရပ်ခိုင်းထားတယ်။ ဒီတော့ကျန်တဲ့ခရီးသည်တွေလည်း ဒုက္ခရောက်ကုန်တာ ပေါ့” လို့ ယာဉ်မောင်းက ဆက်လက်ပြောပြပါတယ်။

ခရီးသည်အများစုက ရန်ကုန်မြို့အဝင် တိုးဂိတ်နားရောက်တာနဲ့ သူတို့နေအိမ်က လာကြိုမယ့်သူတွေ မိသားစုတွေကို ဆက်သွယ်ကြပါတယ်။ တိုးဂိတ်အဝင်မှာ အများဆုံး ဆက်ကြတာလို့ ယာဉ်မောင်းထံက ထပ်မံသိရှိရပါတယ်။

” ဒီနေရာမှာ ခရီးသည်အများစုက ဖုန်းဆက်ကြတယ်ဗျ။ ဘာလို့လည်းဆိုတော့ ငါတို့ တိုးဂိတ်ကိုကျော်လာပြီနော်။ လာကြိုတော့လို့ ဘာတို့ပေါ့ဗျာ။ ဘာလို့လည်းဆိုတော့ တိုးဂိတ်ကျော်တာနဲ့ရန်ကုန်ထဲဝင်လာပြီလေ။ ဒီတော့ခရီးစဉ်ကိုချိန်လို့ရတယ်။ခန့်မှန်းလို့ရတာပေါ့” လို့ ယာဉ်မောင်းသူက ပြောပြနေပါတယ်။

လက်ရှိ ရန်ကုန်ကနေ ထွက်ခွာလာကြတဲ့ အဝေးပြေးယာဉ်လိုင်းများသည် ခေါက်ရေ လျော့မောင်းရခြင်း၊ ယာဉ်မောင်းများ လျော့ချခြင်းနှင့် တချို့ခရီးစဉ်များကို ရပ်နားထားရ ခြင်းများ ရှိနေတယ်လို့လည်း ကားဂိတ်တွေကနေ စုံစမ်း သိရပါတယ်။

”ကျွန်တော်တို့ အောင်မင်္ဂလာအဝေးပြေးဝင်း ထဲမှာ ကားလိုင်းတချို့ ရပ်နားထားရှိတယ်။ ခေါက်ရေတွေ လျော့ချလိုက်ရတာ ရှိတယ်။ အကြောင်းကတော့ဗျာ။ အရင်က ကျွန်တော် တို့ကားတွေက နေ့ညမနားရဘူး။ တောက်လျောက်မောင်းနေရတာ။ အခုက ညဘက်မှာ မာရှယ်လောနဲ့ ဆိုတော့မောင်းမရဘူး။ နောက်ပြီးတော့ ဆီဈေး ကြီးတာရယ်။ လမ်းမှာ ပေးရတဲ့ လမ်းကြောင်းကြေးတွေက အရင်ကထက်များလာတာရယ်ကြောင့် မဖြစ်မနေ ရပ်နားလိုက်ရတယ်” လို့ ကားဝင်းထဲမှာရှိတဲ့ ကားဆရာတချို့ထံက သိရပါတယ်။

ယခင်က ရန်ကုန်နေပြည်တော်ခရီး အကွာအဝေးကို ငါးနာရီကျော်သာ မောင်းနှင်ရသော်လည်းယခုအခါ ခြော က်နာရီကျော်ကြာ မောင်းနေရတယ်လို့ ကားဆရာ တချို့က ပြောပြပါတယ်။

”ကျွန်တော်တို့ ကီလို ၁၂၀လောက် နင်းရင် နေပြည် တော်-ရန်ကုန်ခရီးကို အသာလေးပဲ မောင်းလို့ရတယ်။ ခရီးသည်တွေလည်း အဆင်ပြေတယ်။ အခုက ရန်ကုန်အဝင်မှာ စစ်ဆေးတာက ကားများရင် အနည်းဆုံး နာရီဝက်လောက်ကြာပြီ။ နေပြည်တော် အဝင်ဆိုရင် ပိုဆိုးတာပေါ့။နေပူတာတွေ မိုးရွာတာတွေမသိဘူး။

ခရီးသည်တွေကို ဓါတ်တိုင်တစ်တိုင်စာလောက် မှတ်ပုံတင်တွေကိုင်ပြီး လမ်းလျှောက်ခိုင်းတယ်ဗျာ။ အဲဒီမှာလည်း ကားများရင် နာရီဝက်လောက်အချိန်ကြာပြီး ဒီကြားထဲလမ်းမှာ စစ်ဆေးရေး ဂိတ်တွေရှိပြန်တယ်။ အစစ်အဆေးဂိတ်တွေနဲ့ တင် တစ်နာရီခွဲ လောက် အချိန်ကုန်သွားတယ်” လို့ နေပြည်တော်ယာဉ်လိုင်းတစ်လိုင်းမှ ကားဆရာက ပြောပြပါတယ်။

လက်ရှိ အဝေးပြေးလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ ကားအောက်ဖုံးဖွင့်ခိုင်းခြင်း အစရှိသည့် စစ်ဆေးရေးများကို လုပ် ဆောင်နေပြီးခရီး သည်များ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ်နောက်လိုက်မှ ဂိတ်တိုင်းတွင် ပိုက်ဆံ ကျပ် ၅၀၀ သို့မဟုတ် ကျပ် ၁၀၀၀ လောက်ပေးမှသာ လမ်းကြောင်း အဆင်ပြေ တယ်လို့လည်း သိရပါတယ်။

” ဒါကြောင့်ပြောတာပေါ့ဗျာ။ ခင်ဗျားတို့ဖုန်းပြောတာကို စပယ်ယာတွေက ဘလိုင်းကြီး လိုက်ပိတ်နေတာမဟုတ်ဘူး။ တချို့ခရီးသည်တွေက ကိုယ့်ဖုန်းကိုယ် ပြောတာဘာဖြစ် လဲဆိုပြီး ပြန်ပြောတဲ့ ခရီးသည်တွေရှိတယ်ဗျ။ တကယ်တမ်း ပြဿနာတက်လို့ ရှင်းရတာ၊ အဆဲခံရတာက ကျွန်တော်တို့ယာဉ်နောက်လိုက်တွေပဲဗျ” လို့ အဝေးပြေးယာဉ်လိုင်း နောက်လိုက်တစ်ဦးက သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။

ဟုတ်ကဲ့.. စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မပြောရ၊ မလုပ်ရ၊ မသွားရ ဆိုတဲ့နယ်မြေသစ်တွေ နေရာအနှံ့ပေါ်ပေါက်လာနေတယ်ဆိုတာကို အခုလို ကျွန်တော် အတွေ့အကြုံနဲ့ ယှဉ်ပြီး အသိပေးလိုက်ပါတယ်။

ယောလင်းထန်

စာတည်း။ ။မောင်ကောင်း စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

”ဖုန္းမေျပာရနယ္ေျမ (သို႔မဟုတ္) ဇီးရိုးမိုင

“ခင္ဗ်ားဖုန္းေျပာတာ အဝေျပာထားေနာ္။ေတာ္ၾကာ ဖုန္းမေျပာရ နယ္ေျမေရာက္ေတာ့မယ္”ကြၽန္ေတာ့္ခုံ ေဘးနားမွာထိုင္လိုက္လာတဲ့ ခရီးေဖာ္တစ္ဦးက ဖုန္းေျပာေနတဲ့ ကြၽန္ေတာ့္ကို ၾကည့္ၿပီး ၿပဳံးစစနဲ႕ သတိေပးသလို လွမ္းေျပာလိုက္ျခင္းပါ။

အဆက္အစပ္မရွိတဲ့ ခရီးေဖာ္ရဲ႕ စကားေၾကာင့္ ေၾကာင္ ေတာင္ေတာင္ ေယာင္နန ျဖစ္သြားခဲ့ရတယ္။မၾကာခင္အခ်ိန္မွာပဲ ကြၽန္ေတာ္စီးလာတဲ့အေဝးေျပးကားႀကီးက ေနျပည္ေတာ္ အျမန္လမ္း ဇီးရိုးမိုင္အနီးတိုးဂိတ္ထဲကိုဝင္ေရာက္လာပါတယ္။ ထိုအခါ ကားေပၚမွာ ပါလာတဲ့ ယာဥ္အကူက ယခုလို သတိေပးစကား ဆိုပါတယ္။

”အခုထဲက ဖုန္းေတြ လက္စသတ္မယ္။ ေျပာစရာရွိတာျမန္ျမန္ေျပာပါ။ ျဖစ္နိုင္ရင္ ဖုန္းေတြ လုံးဝ ပိတ္ထားၾကပါ။ မၾကာခင္မွာ တိုးဂိတ္ကေန တစ္ဆင့္ ဇီးရိုးမိုင္စစ္ေဆးေရး ဂိတ္ကိုျဖတ္ရပါေတာ့မယ္။ ထပ္ေျပာမယ္ေနာ္။ ဖုန္းလုံးဝ၊ လုံးဝမေျပာပါနဲ႕။ ကားေပၚ ကေန ဆြဲခ်ခံရင္ လုံးဝတာဝန္မယူပါဘူး”

ထိုအခါမွသာ စကားသံၾကားမွ ေဘးကမိတ္ေဆြရဲ႕ဆိုလိုရင္း ကို ကြၽန္ေတာ္ သေဘာေပါက္မိေတာ့ပါတယ္။”တကယ္ရွိတယ္ဗ် ”ျမန္မာနိုင္ငံမွာဖုန္းမေျပာရနယ္ေျမဆိုတာ တကယ္ရွိတာပါ။ နယ္ေျမအသစ္ေတြ ထပ္တိုး လာတာေပါ့။ ဒါဟာ စစ္တပ္က အာဏာသိမ္းၿပီးမွ ထြက္ေပၚလာတဲ့ ဖုန္းမေျပာရ နယ္ေျမသစ္ပါ။

ရန္ကုန္ၿမိဳ႕အဝင္ဂိတ္ တိုးဂိတ္ကေန သူတို႔(စစ္ေကာင္စီတပ္)စခန္းအထိ ဇီးရိုးမိုင္ကို တစ္ဖာလုံေလာက္ရွိမယ္။ အဲဒီမွာ X-Ray စက္ေတြစစ္ေဆးေရးေတြရွိပါတယ္။ ဖုန္းေျပာတာနဲ႕ သူတို႔စက္ထဲဝင္တယ္ထင္ပါတယ္။ဘယ္ ကားထဲကေနေျပာေနတာလဲဆိုၿပီး ဆြဲခ်ေတာ့တာပါပဲ။ အဲဒီအခါက်ရင္ စပယ္ယာ (ယာဥ္အကူ) ေတြ ဆင္းရွင္းေပေတာ့ေပါ့။

“အဲ့ဒီလို ရွင္းလို႔မရရင္ အခ်ိန္အၾကာႀကီးေစာင့္ေပေတာ့ ဗ်ိဳ႕။ ရန္ကုန္ထဲလည္းဝင္မရဘဲ နဲ႕ရႈပ္ကုန္ေတာ့တာေပါ့” လို႔ ယာဥ္ေမာင္းဆရာႀကီးက ေျပာျပေနတာပါ။စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အျမန္လမ္းတစ္ေလွ်ာက္ စစ္ေဆးေရးဂိတ္မ်ား အမ်ားအျပားဖြင့္လွစ္ထားရွိၿပီး တခ်ိဳ႕ေနရာေတြမွာေတာ့ ဂိတ္ေတြကို အခိုင္အမာ ေဆာက္လုပ္ထားပါတယ္။

အထူးသျဖင့္ အျမန္လမ္းအမွတ္(၃)လမ္းဆုံေနရာဇီရိုးမိုင္ အထြက္တြင္ ဘယ္ညာ အေဆာက္အအုံမ်ားကို အခိုင္အမာ ေဆာက္ထားတာပါ။

”အခုကားေတြက ရန္ကုန္ကိုဝင္ခ်ိန္ကို ေျပာလို႔မရေတာ့ဘူးျဖစ္ေနတယ္။ အခ်ိန္မွန္ ဝင္ဖို႔ အာမမခံနိုင္ေတာ့ဘူး။ ခုနက ယာဥ္ေနာက္လိုက္ ေအာ္တယ္ဆိုတာ အလကား ေအာ္တာမဟုတ္ဘူး။ တိုးဂိတ္ကေန အမွတ္ (၃) လမ္းဆုံအထိ ဖုန္းေျပာလို႔မရဘူး။ သူတို႔စက္ထဲအကုန္ဝင္တယ္။ အဲဒီလိုမ်ိဳးဆိုရင္ ဖုန္းေျပာေနတဲ့ကားကိုလမ္း ေဘးထိုးရပ္ခိုင္းၿပီး ဖုန္းေျပာတဲ့သူကိုဘာလဲ၊ သတင္းေပး တာလား ဆိုၿပီး ေအာက္ဆြဲ ခ်ၿပီးေတာ့စစ္ေတာ့တာ။ သူ႕ကိုစစ္လို႔မၿပီးမခ်င္း ကားကိုလည္း ထြက္ခြင့္မေပးဘူး။ ေဘးထိုးရပ္ခိုင္းထားတယ္။ ဒီေတာ့က်န္တဲ့ခရီးသည္ေတြလည္း ဒုကၡေရာက္ကုန္တာ ေပါ့” လို႔ ယာဥ္ေမာင္းက ဆက္လက္ေျပာျပပါတယ္။

ခရီးသည္အမ်ားစုက ရန္ကုန္ၿမိဳ႕အဝင္ တိုးဂိတ္နားေရာက္တာနဲ႕ သူတို႔ေနအိမ္က လာႀကိဳမယ့္သူေတြ မိသားစုေတြကို ဆက္သြယ္ၾကပါတယ္။ တိုးဂိတ္အဝင္မွာ အမ်ားဆုံး ဆက္ၾကတာလို႔ ယာဥ္ေမာင္းထံက ထပ္မံသိရွိရပါတယ္။

” ဒီေနရာမွာ ခရီးသည္အမ်ားစုက ဖုန္းဆက္ၾကတယ္ဗ်။ ဘာလို႔လည္းဆိုေတာ့ ငါတို႔ တိုးဂိတ္ကိုေက်ာ္လာၿပီေနာ္။ လာႀကိဳေတာ့လို႔ ဘာတို႔ေပါ့ဗ်ာ။ ဘာလို႔လည္းဆိုေတာ့ တိုးဂိတ္ေက်ာ္တာနဲ႕ရန္ကုန္ထဲဝင္လာၿပီေလ။ ဒီေတာ့ခရီးစဥ္ကိုခ်ိန္လို႔ရတယ္။ခန႔္မွန္းလို႔ရတာေပါ့” လို႔ ယာဥ္ေမာင္းသူက ေျပာျပေနပါတယ္။

လက္ရွိ ရန္ကုန္ကေန ထြက္ခြာလာၾကတဲ့ အေဝးေျပးယာဥ္လိုင္းမ်ားသည္ ေခါက္ေရ ေလ်ာ့ေမာင္းရျခင္း၊ ယာဥ္ေမာင္းမ်ား ေလ်ာ့ခ်ျခင္းႏွင့္ တခ်ိဳ႕ခရီးစဥ္မ်ားကို ရပ္နားထားရ ျခင္းမ်ား ရွိေနတယ္လို႔လည္း ကားဂိတ္ေတြကေန စုံစမ္း သိရပါတယ္။

”ကြၽန္ေတာ္တို႔ ေအာင္မဂၤလာအေဝးေျပးဝင္း ထဲမွာ ကားလိုင္းတခ်ိဳ႕ ရပ္နားထားရွိတယ္။ ေခါက္ေရေတြ ေလ်ာ့ခ်လိဳက္ရတာ ရွိတယ္။ အေၾကာင္းကေတာ့ဗ်ာ။ အရင္က ကြၽန္ေတာ္ တို႔ကားေတြက ေန႕ညမနားရဘူး။ ေတာက္ေလ်ာက္ေမာင္းေနရတာ။ အခုက ညဘက္မွာ မာရွယ္ေလာနဲ႕ ဆိုေတာ့ေမာင္းမရဘူး။ ေနာက္ၿပီးေတာ့ ဆီေဈး ႀကီးတာရယ္။ လမ္းမွာ ေပးရတဲ့ လမ္းေၾကာင္းေၾကးေတြက အရင္ကထက္မ်ားလာတာရယ္ေၾကာင့္ မျဖစ္မေန ရပ္နားလိုက္ရတယ္” လို႔ ကားဝင္းထဲမွာရွိတဲ့ ကားဆရာတခ်ိဳ႕ထံက သိရပါတယ္။

ယခင္က ရန္ကုန္ေနျပည္ေတာ္ခရီး အကြာအေဝးကို ငါးနာရီေက်ာ္သာ ေမာင္းႏွင္ရေသာ္လည္းယခုအခါ ေျခာ က္နာရီေက်ာ္ၾကာ ေမာင္းေနရတယ္လို႔ ကားဆရာ တခ်ိဳ႕က ေျပာျပပါတယ္။

”ကြၽန္ေတာ္တို႔ ကီလို ၁၂၀ေလာက္ နင္းရင္ ေနျပည္ ေတာ္-ရန္ကုန္ခရီးကို အသာေလးပဲ ေမာင္းလို႔ရတယ္။ ခရီးသည္ေတြလည္း အဆင္ေျပတယ္။ အခုက ရန္ကုန္အဝင္မွာ စစ္ေဆးတာက ကားမ်ားရင္ အနည္းဆုံး နာရီဝက္ေလာက္ၾကာၿပီ။ ေနျပည္ေတာ္ အဝင္ဆိုရင္ ပိုဆိုးတာေပါ့။ေနပူတာေတြ မိုး႐ြာတာေတြမသိဘူး။

ခရီးသည္ေတြကို ဓါတ္တိုင္တစ္တိုင္စာေလာက္ မွတ္ပုံတင္ေတြကိုင္ၿပီး လမ္းေလွ်ာက္ခိုင္းတယ္ဗ်ာ။ အဲဒီမွာလည္း ကားမ်ားရင္ နာရီဝက္ေလာက္အခ်ိန္ၾကာၿပီး ဒီၾကားထဲလမ္းမွာ စစ္ေဆးေရး ဂိတ္ေတြရွိျပန္တယ္။ အစစ္အေဆးဂိတ္ေတြနဲ႕ တင္ တစ္နာရီခြဲ ေလာက္ အခ်ိန္ကုန္သြားတယ္” လို႔ ေနျပည္ေတာ္ယာဥ္လိုင္းတစ္လိုင္းမွ ကားဆရာက ေျပာျပပါတယ္။

လက္ရွိ အေဝးေျပးလမ္းတစ္ေလွ်ာက္ စစ္ေဆးေရးဂိတ္မ်ားတြင္ မွတ္ပုံတင္စစ္ေဆးျခင္း၊ ကားေအာက္ဖုံးဖြင့္ခိုင္းျခင္း အစရွိသည့္ စစ္ေဆးေရးမ်ားကို လုပ္ ေဆာင္ေနၿပီးခရီး သည္မ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ယာဥ္ေနာက္လိုက္မွ ဂိတ္တိုင္းတြင္ ပိုက္ဆံ က်ပ္ ၅၀၀ သို႔မဟုတ္ က်ပ္ ၁၀၀၀ ေလာက္ေပးမွသာ လမ္းေၾကာင္း အဆင္ေျပ တယ္လို႔လည္း သိရပါတယ္။

” ဒါေၾကာင့္ေျပာတာေပါ့ဗ်ာ။ ခင္ဗ်ားတို႔ဖုန္းေျပာတာကို စပယ္ယာေတြက ဘလိုင္းႀကီး လိုက္ပိတ္ေနတာမဟုတ္ဘူး။ တခ်ိဳ႕ခရီးသည္ေတြက ကိုယ့္ဖုန္းကိုယ္ ေျပာတာဘာျဖစ္ လဲဆိုၿပီး ျပန္ေျပာတဲ့ ခရီးသည္ေတြရွိတယ္ဗ်။ တကယ္တမ္း ျပႆနာတက္လို႔ ရွင္းရတာ၊ အဆဲခံရတာက ကြၽန္ေတာ္တို႔ယာဥ္ေနာက္လိုက္ေတြပဲဗ်” လို႔ အေဝးေျပးယာဥ္လိုင္း ေနာက္လိုက္တစ္ဦးက သူတို႔ ႀကဳံေတြ႕ရတဲ့ အခက္အခဲကို ေျပာျပပါတယ္။

ဟုတ္ကဲ့.. စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာနိုင္ငံမွာ မေျပာရ၊ မလုပ္ရ၊ မသြားရ ဆိုတဲ့နယ္ေျမသစ္ေတြ ေနရာအႏွံ႕ေပၚေပါက္လာေနတယ္ဆိုတာကို အခုလို ကြၽန္ေတာ္ အေတြ႕အႀကဳံနဲ႕ ယွဥ္ၿပီး အသိေပးလိုက္ပါတယ္။

ေယာလင္းထန္

စာတည္း။ ။ေမာင္ေကာင္း စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

Be the first to comment

Leave a Reply

Your email address will not be published.


*