တစ်ယောက်ကိုတစ်ယောက် စောင်းမြောင်းပြီးစာတွေရေးတင်ကာ လူသိရှင်ကြား ပြဿနာဖြစ်နေတဲ့ Sophia Everest နဲ့ Key Lashi တို့ စုံတွဲ
Sophia Everest နဲ့ Key Lashi တို့ စုံတွဲကတော့ လူငယ်သမီးရည်းစားသဘာဝပီပီ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ရှိကြတဲ့ စုံတွဲပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချစ်သူသက်တမ်း (၂) နှစ်ပြည့်သွားခဲ့တဲ့ Sophia Everest နဲ့ Key Lashi တို့ဟာ လတ်တလောမှာ ဒူဘိုင်းမှာအတူတူနေပြီး အလုပ်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ Sophia Everest နဲ့ Key Lashi တို့ စုံတွဲဟာ ပြဿနာတွေတက်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် စာတွေအသီးသီးရေးတင်နေကြတာကိုတွေ့ရပါတယ်။
Key Lashi က “နေရင်းထိုင်ရင်းတောင် $ ပြသာနာကရအောင်ရှာနေတာ သွား ေ-သ လိုက်။ နင့်$ပြသနာတွေအကုန်ချပြပြီး နင့်ဘက်ကခံနိုင်တဲ့လူရှာလိုက် နောက်ကြောင်းတော့ ပြန်မလာနဲ့နော်” ဆိုပြီး
သူ့ရဲ့အကောင့်မှာ ရေးသားခဲ့သလို Sophia Everest ကလည်း “အရက်ကို နေ့တိုင်း သောက်မူး မှောက် အရက်သမားလိုသောက် $ပြသနာ တက်ပီဟေ့ဆို နောက်နေ့ စာအရှည်ကြီး
သနားစရာ အရမ်းကောင်းသော ဘဝကို ရုံးကန်နေရသော သားလိမ္မာလေးလို ကဗျာတွေ စာတွေရေးတင် မိန်းမတယောက်ကို ဘယ်လောက် စိတ်ဒုက္ခပေးသလည်းဆို ခံရမှသိမယ်ဟေ့။
ဒါပဲ ပြောလိုက်မယ်။ ဒီတခါမှ မပြတ်ရင် ငါ $ မှတ်မရှိလို့ပဲ။ ငါမရှိပဲနေနိုင်မလား ကြည့်လိုက်ပေါ့တဲ့ ဆိုပဲ ယောကျ်ားတစ်ယောက်မဟုတ်တဲ့ မိန်းမလိုမိန်းမရ ယောကျာ်းနဲ့ မှ ငါဘဝက အလုပ်ကပြန်လာတိုင်း
စိတ်ချမ်းသာသာ မအိပ်စက်ရဘူး။ ပြသနာတွေ ဒေါသတွေနဲ့ မျက်လုံး ၂ လုံးမှိတ်ရတယ် စောင့်ကြည့်လိုက်ပေါ့ကွယ် ပေါ်တင် ကြေငြာတယ် $ရမ်း ကိုပြတ်ပြီဟေ့” ဆိုပြီး
သူမရဲ့အကောင့်မှာ ရေးသားခဲ့ပါတယ်။ဒါ့အပြင် Sophia Everest က Key Lashi ရဲ့ ပိုစ့်အောက်မှာ ဒူဘိုင်းမှာ သူမရှာပေးတဲ့အလုပ်ကနေ သတ္တိရှိရင်ထွက်လိုက်ဆိုပြီး ရေးသားခဲ့ပါတယ်။
Key Lashi နဲ့ Sophia Everest တို့ရဲ့အချစ်ရေးက ဒီမှာပဲ အဆုံးသတ်သွားတော့မှာလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*