ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့်၂၀၂၂ ဘောလုံးရာသီအတွက် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမား ကျော်မင်းဦး ကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယခုနှစ် ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။အရည်အချင်းရှိ ကစားသမားကောင်းများပေါ်ထွက်လာရေးအတွက် အစဉ်အမြဲ ရှာဖွေဖော်ထုတ်လျက်ရှိသော
ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့် ဒဏ်ရာကြောင့် မြက်ခင်းစိမ်းနဲ့ ဝေးကွာခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန်ယူနိုက်တက် အသင်းကစားသမားဟောင်း ကျော်မင်းဦးအား ကစားသမားဘဝကို
ပြန်လည် မြေတောင်မြှောက်ပေးချင်သောကြောင့် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်တယ်လို့ သိရပါတယ် ကျော်မင်းဦးအနေဖြင့် အသက် ၂၆ နှစ်အရွယ်မှာ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင်
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဘောလုံးပညာကို လေ့လာသင်ကြားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ မြန်မာ နေရှင်နယ်လိဂ်ကလပ် အသင်းဖြစ်တဲ့ ဧရာဝတီယူနိုက်တက် အသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ
၂နှစ်ကြာကစားခဲ့ပြီး၂၀၁၅ ခုနှစ်တွင် ရှုံးထွက်ဖလားကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် လူငယ်ခြေတက်တစ်ယောက်ဖြစ်တဲ့ ကျော်မင်းဦးကို ရန်ကုန်အသင်းက
၂၀၁၆ ခုနှစ်တွင် သုံးနှစ်စာချုပ်ဖြင့်ခေါ်ဆိုခဲ့ပြီး အသင်းနှင့်အတူ ကွင်းဖွင့်ဖလား ၂ ကြိမ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့တဲ့
ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်ဒဏ်ရာကြောင့်ကစားသမား ဘဝကနေ အနားယူချိန်အတွင်းမှာ ကျော်မင်းဦးအနေဖြင့် မော်ဒယ် လောကသို့ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်
ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့်၂၀၂၂ ဘောလုံးရာသီအတွက် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ကွင်းလယ် ကစားသမားကျော်မင်းဦး ကို ယခုနှစ် ရာသီကုန်အထိ
စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ် အရည်အချင်းရှိ ကစားသမားကောင်းများပေါ်ထွက်လာရေးအတွက် အစဉ်အမြဲ ရှာဖွေဖော်ထုတ်လျက်ရှိသော ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့်
ဒဏ်ရာကြောင့် မြက်ခင်းစိမ်းနဲ့ ဝေးကွာခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန်ယူနိုက်တက် အသင်းကစားသမားဟောင်း ကျော်မင်းဦးအား ကစားသမားဘဝကို ပြန်လည် မြေတောင်မြှောက်ပေးချင်သောကြောင့် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply