
အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ ကြက်သွန်နီဈေးတွေ ပြန်ကျလာခဲ့ပြီး ကုန်အဝင်များလို့ ဈေးဆက်ကျနိုင်တယ်လို့ ပွဲရုံပိုင်ရှင်တွေကပြောပါတယ်။
စက်တင်ဘာလ အစပိုင်းက ကြက်သွန်နီ တစ်ပိဿာကို ၃၇၀၀ ကျပ် အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိ တစ်ပိဿာကို ၃၀၀၀ ဝန်းကျင် ပြန်ရောက်လာကာ စားသုံး သူတွေအနေနဲ့လည်း ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် အသုံးလျှော့လာမှုကြောင့် အရောင်းအဝယ် အရမ်းနည်းပါးတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။
လက်ရှိ ဈေးကွက်ထဲမှာ ကြက်သွန်နီကိုဖွင့်ထားတဲ့ဈေးတန်းအောက် ၁၀၀၊ ၂၀၀၊ ၃၀၀ လျှော့ရောင်းမှ ရောင်းရတဲ့အနေအထားဖြစ်နေပြီး ကုန်လက်ကျန်များတဲ့အနေအထားဖြစ်နေကာ နယ်ဘက်တွေမှာလည်း ကုန်အဝင်များနေလို့ ဈေးနှုန်းတက်စေချင်လို့ထိန်းတာကလွဲရင် ကုန်အဝင်ဆက်များနိုင်တယ်လို့ မြန်မာနိုင်ငံစားဖို ဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ ၂၄ရက်နေ့ထိ ဈေးနှုန်းတွေအရ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၂၆၀၀ ကနေ ၃၀၀၀ ကျပ်ဝန်းကျင်၊ ပျော်ဘွယ်ကြက်သွန်နီ တစ်ပိဿာကို ၂၃၀၀ ကနေ ၂၈၀၀ ကျပ်ဝန်းကျင်၊ မုံရွာကြက်သွန်နီ တစ်ပိဿာကို ၂၈၀၀ ကနေ ၃၃၀၀ ဝန်းကျင်နဲ့ တောင်သာကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၇၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
အခြေခံရပ်ကွက်ဈေးတွေမှာတော့ ကြက်သွန်နီအရွယ် အစားကြီး အလုံးလှရင် တစ်ပိဿာကို ၄၀၀၀ ကျပ်၊ အလုံးအသေးဆိုရင် တစ်ပိဿာကို ၃၅၀၀ ကျပ်ဝန်း ကျင်ဈေးရှိတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အခုတစ္ပတ္ ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္ကထုတ္ျပန္တဲ့ေဈးႏႈန္းေတြအရ ၾကက္သြန္နီေဈးေတြ ျပန္က်လာခဲ့ၿပီး ကုန္အဝင္မ်ားလို႔ ေဈးဆက္က်နိဳင္တယ္လို႔ ပြဲ႐ုံပိုင္ရွင္ေတြကေျပာပါတယ္။
စက္တင္ဘာလ အစပိုင္းက ၾကက္သြန္နီ တစ္ပိႆာကို ၃၇၀၀ က်ပ္ အထိ ေဈးျမင့္တက္ခဲ့ေပမယ့္ လက္ရွိ တစ္ပိႆာကို ၃၀၀၀ ဝန္းက်င္ ျပန္ေရာက္လာကာ စားသုံး သူေတြအေနနဲ႕လည္း ေဈးႏႈန္းႀကီးျမင့္လာတဲ့အတြက္ အသုံးေလွ်ာ့လာမႈေၾကာင့္ အေရာင္းအဝယ္ အရမ္းနည္းပါးတယ္လို႔ ပြဲ႐ုံပိုင္ရွင္ေတြဆီက သိရပါတယ္။
လက္ရွိ ေဈးကြက္ထဲမွာ ၾကက္သြန္နီကိုဖြင့္ထားတဲ့ေဈးတန္းေအာက္ ၁၀၀၊ ၂၀၀၊ ၃၀၀ ေလွ်ာ့ေရာင္းမွ ေရာင္းရတဲ့အေနအထားျဖစ္ေနၿပီး ကုန္လက္က်န္မ်ားတဲ့အေနအထားျဖစ္ေနကာ နယ္ဘက္ေတြမွာလည္း ကုန္အဝင္မ်ားေနလို႔ ေဈးႏႈန္းတက္ေစခ်င္လို႔ထိန္းတာကလြဲရင္ ကုန္အဝင္ဆက္မ်ားနိုင္တယ္လို႔ ျမန္မာနိုင္ငံစားဖို ေဆာင္သီးႏွံ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သဴမ်ားအသင္းက တာဝန္ရွိသူတစ္ဦးက ေျပာၾကားထားပါတယ္။
ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္ရဲ႕ စက္တင္ဘာ ၂၄ရက္ေန႕ထိ ေဈးႏႈန္းေတြအရ ဆိပ္ျဖဴၾကက္သြန္နီ တစ္ပိႆာကို ၂၆၀၀ ကေန ၃၀၀၀ က်ပ္ဝန္းက်င္၊ ေပ်ာ္ဘြယ္ၾကက္သြန္နီ တစ္ပိႆာကို ၂၃၀၀ ကေန ၂၈၀၀ က်ပ္ဝန္းက်င္၊ မုံ႐ြာၾကက္သြန္နီ တစ္ပိႆာကို ၂၈၀၀ ကေန ၃၃၀၀ ဝန္းက်င္နဲ႕ ေတာင္သာၾကက္သြန္နီ တစ္ပိႆာကို ၂၀၀၀ ကေန ၂၇၀၀ က်ပ္ဝန္းက်င္မွာ ရွိေနတယ္လို႔ သိရပါတယ္။
အေျခခံရပ္ကြက္ေဈးေတြမွာေတာ့ ၾကက္သြန္နီအ႐ြယ္ အစားႀကီး အလုံးလွရင္ တစ္ပိႆာကို ၄၀၀၀ က်ပ္၊ အလုံးအေသးဆိုရင္ တစ္ပိႆာကို ၃၅၀၀ က်ပ္ဝန္း က်င္ေဈးရွိတယ္လို႔ အိမ္ရွင္မေတြဆီက သိရပါတယ္။
Leave a Reply