“စစ်အာဏာရှင်စနစ်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ရန်ပုံငွေပွဲ” မှာ တော်လှန်ရေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ မင်းမော်ကွန်း

နိုင်ငံကျော်မင်းသားတစ်ယောက်လည်းဖြစ်သလို မြေပဲယိုအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

လက်ရှိမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ သူ့ရဲ့စည်းစိမ်၊ မိသားစုနဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး တရားသောဓမ္မဘက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်နေတဲ့ မင်းမော်ကွန်းဟာ သြစတေးလျနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်ရှိနေပေမယ့် အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်း

ရဲဘော်တွေအတွက် ထောက်ပို့တပ်သားအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်ရှိသွားပေမယ့် တော်လှန်ရေးအတွက် သွေးအေးသွားခြင်းမရှိတဲ့ မင်းမော်ကွန်းဟာ သြစတေးလျနိုင်ငံက

စစ်အာဏာရှင်ဆန့်ကျင်ရေးပွဲတွေကိုလည်း တက်ရောက်နေလျက်ရှိပါတယ်။ မနေ့က စက်တင်ဘာလ (၂၄) ရက်နေ့မှာလည်း မင်းမော်ကွန်းက သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ

ကျင်းပတဲ့ “စစ်အာဏာရှင်စနစ် ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ရန်ပုံငွေပွဲ”ကိုတက်ရောက်ပြီး “အလိုမရှိ”၊ “ခွန်အားဖြည့်မိငယ်”၊ “ညီလေးရေ”သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တာကို

အခုလိုမျိုးပဲ တွေ့ရပါတယ်။ မင်းမော်ကွန်းကတော့ သြစတေးလျနိုင်ငံမှ ာအာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်း ရဲဘော်တွေအတွက် ထောက်ပို့တပ်သားအဖြစ် ဆက်လက်ရှိနေရင်း ပြည်သူတွေအတွက်လည်း အင်အားဖြစ်စေလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

နိုင္ငံေက်ာ္မင္းသားတစ္ေယာက္လည္းျဖစ္သလို ေျမပဲယိုအဖြဲ႕ရဲ႕ ပင္တိုင္အဆိုေတာ္တစ္ေယာက္လည္းျဖစ္တဲ့ မင္းေမာ္ကြန္းကေတာ့

လက္ရွိျမန္မာနိုင္ငံစစ္အာဏာသိမ္းမႈျဖစ္စဥ္မွာ သူ႕ရဲ႕စည္းစိမ္၊ မိသားစုနဲ႕ အလုပ္အကိုင္ေတြကို စြန႔္လႊတ္ၿပီး တရားေသာဓမၼဘက္မွာ ခိုင္ခိုင္မာမာရပ္တည္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

တိုင္းျပည္အတြက္ စြန႔္လႊတ္အနစ္နာခံၿပီး ေပးဆပ္ေနတဲ့ မင္းေမာ္ကြန္းဟာ ၾသစေတးလ်နိဳင္ငံကို နိုင္ငံေရးခိုလႈံခြင့္နဲ႕ေရာက္ရွိေနေပမယ့္ အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ရင္း

ရဲေဘာ္ေတြအတြက္ ေထာက္ပို႔တပ္သားအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ပါတယ္။ နိုင္ငံရပ္ျခားေရာက္ရွိသြားေပမယ့္ ေတာ္လွန္ေရးအတြက္ ေသြးေအးသြားျခင္းမရွိတဲ့ မင္းေမာ္ကြန္းဟာ ၾသစေတးလ်နိဳင္ငံက

စစ္အာဏာရွင္ဆန႔္က်င္ေရးပြဲေတြကိုလည္း တက္ေရာက္ေနလ်က္ရွိပါတယ္။ မေန႕က စက္တင္ဘာလ (၂၄) ရက္ေန႕မွာလည္း မင္းေမာ္ကြန္းက ၾသစေၾတးလ်နိဳင္ငံ ပါ့သ္ၿမိဳ႕မွာ

က်င္းပတဲ့ “စစ္အာဏာရွင္စနစ္ က်ဆဳံးဖို႔ အေမ့ဝတ္စုံနဲ႕ တြန္းလွန္စို႔ ရန္ပုံေငြပြဲ”ကိုတက္ေရာက္ၿပီး “အလိုမရွိ”၊ “ခြန္အားျဖည့္မိငယ္”၊ “ညီေလးေရ”သီခ်င္းေတြနဲ႕ သီဆိုေဖ်ာ္ေျဖခဲ့တာကို

အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။ မင္းေမာ္ကြန္းကေတာ့ ၾသစေတးလ်နိဳင္ငံမွ ာအာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ရင္း ရဲေဘာ္ေတြအတြက္ ေထာက္ပို႔တပ္သားအျဖစ္ ဆက္လက္ရွိေနရင္း ျပည္သူေတြအတြက္လည္း အင္အားျဖစ္ေစလ်က္ရွိေနတာပဲ ျဖစ္ပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*