သရုပ်ဆောင် မြသဉ္ဇာလီကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ခဲ့သူ လူသိများတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြသဉ္ဇာလီဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် လူငယ်တွေနဲ့အပြိုင် နုပျိုနေဆဲဖြစ်ပြီး ခေတ်ဆန်ဆန် သွက်သွက်လက်လက်နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
မြသဉ္ဇာလီရဲ့ ချစ်သူဟာလည်း သရုပ်ဆောင် မိုးအောင်ရင်ဖြစ်ပြီး နှစ်ယောက်သားဟာ အသက်အရွယ်ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။
အသက်အရွယ်ကွာခြားမှုကြောင့် ပရိသတ်အချို့ရဲ့ဝေဖန်မှုကို ခံရတဲ့ မြသဉ္ဇာလီဟာ ဒီကနေ့မှာတော့ သူမရဲ့ချစ်သူ မိုးအောင်ရင်ဆီက သီတင်းကျွတ်လက်ဆောင်ရရှိခဲ့ကြောင်း
ပြောလာပါတယ်။ မြသဉ္ဇာလီက “ဟေ့ ယူတို့ သတင်းကျွတ်လက်ဆောင်ရပြီးပြီလား? အိုင်ကတော့ အမေအရွယ်ကြီးဆိုတော့ ကန်တော့ခံပြီးပြီနော် မနာလိုမရှိကြပါနဲ့ ရုပ်တွေအိုစနာရတဲ့အထဲ
ဂျုံးဂျုံးကျကုန်အူးမယ်” ဆိုပြီး မိုးအောင်ရင်ပေးတဲ့ လက်ဆောင် ဖိနပ်ပုံလေးကို ပြသလာခဲ့ပါတယ်။ မိုးအောင်ရင်ဟာ မြသဉ္ဇာလီအတွက် လိုအပ်တာမှန်သမျှကို
ဖြည့်ဆည်းပေးတဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သလို မြသဉ္ဇာလီဟာလည်း မိုးအောင်ရင်အတွက် အစစအရာရာ ဖြည့်ဆည်းပေးနေတဲ့ ချစ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply