
အင်္ဂလိပ်လို Rubbish, Garbage, Waste စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပြီး မြန်မာစကားမှာ သုံးတဲ့ အမှိုက်ဆိုတဲ့ အရာတွေကို လေ့လာဆန်းစစ်ကြည့်လိုက်ရင် တွေ့ရမှာက ရုပ်ဝတ္ထု အသုံးအဆောင် ပစ္စည်းတွေကို ရည်ရွယ်ချက်တခုခုအတွက် လူသားတွေက သုံးစွဲပြီးတဲ့နောက် ထွက်လာတဲ့ ဘေးထွက်စွန့်ပစ်ပစ္စည်းတွေကို ခေါ်တာဖြစ်ပါတယ်။
အဲဒီဘေးထွက်အမှိုက်တွေထဲမှာ တချို့က တိုက်ရိုက်ပြန်လည်အသုံးချ (Reuse) လို့ရတဲ့ အမှိုက်တွေရှိသလို တချို့အမှိုက်တွေက အသွင်သဏ္ဌာန်အသစ်ဖြစ်အောင် ပြန်လည်ထုတ်လုပ် အသုံးချ (Recycle) လို့ရတဲ့ အမှိုက်တွေလည်း ရှိတတ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေထဲက တန်ဖိုးရှိတဲ့ အရာတွေကို ထုတ်နုတ်အသုံးချတာကိုပဲ မြန်မာစကားမှာ အမှိုက်ထဲက ရွှေထုတ်တယ်လို့ သုံးနှုန်းကြတာဖြစ်တယ်။
ဒါပေမဲ့ တချို့သောအမှိုက်တွေကတော့ ဘယ်လိုမှ ပြန်လည်အသုံးချလို့ မရနိုင်တော့တာမို့ မြေကြီးထဲ မြှုပ်ပစ်ရတာ၊ ဒါမှမဟုတ် အဲဒီလို တန်ဖိုးမဲ့အမှိုက်တွေကို မီးရှို့ပြာချပြီး ထွက်လာတဲ့အပူကို သုံးပြီး ရေနွေးငွေ့တာဘိုင်ကြီးတွေ လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူကြရပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း နိုင်ငံနဲ့ ပြည်သူလူထုကို ကောင်းကျိုးမပေးဘဲ ဒုက္ခနဲ့ ဆိုးကျိုးသာ ပေးတတ်ပြီး ဘယ်လိုမှ ပြန်လည်အသုံးချလို့ မရနိုင်တော့တဲ့ စစ်အမှိုက်တွေ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစစ်အမှိုက်တွေဟာ လက်နက်အားကိုး ဗိုလ်ကျတဲ့ အကျင့်စရိုက်ဆိုးကို ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ပြင်ဆင်မှုမပြုလုပ်နိုင်ဘဲ စစ်ရာဇဝတ်မှု အမျိုးမျိုးကို အတောမသတ် ဆက်လက်ကျူးလွန်နေကြပြီး ပြန်လည်သန့်စင်လို့ မရလောက်အောင် အကုသိုလ် အညစ်အကြေး အထပ်ထပ် လိမ်းကျံနေလို့ ဖြစ်ပါတယ်။
အမှန်တော့ အဲဒီစစ်အမှိုက်အုပ်စုကို အကျင့်ဆိုးတွေပြင်ဖို့ မြန်မာပြည်သူတွေက အချိန်ပေးခဲ့ရာမှာ လုံလောက်တဲ့အချိန်ထက် ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ၁၉၈၈ စက်တင်ဘာလမှာ သတ်ဖြတ်အာဏာသိမ်းလို့ ပါတီစုံပေးမယ်လို့ မရိုးမသား လိမ်ညာ ကတိပေးခဲ့ပြီးတော့လည်း အကျင့်ဟောင်းတွေ မပြင်ဆင်ခဲ့ကြဘဲ ကတိဖောက်ဖျက်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်ဗိုလ်ယုတ်တွေ စိတ်ဓာတ်ညံ့ဖျင်းတာ သိပေမဲ့လည်း သူမဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ထားတဲ့ သံယောဇဉ်နဲ့ NLD ပြည်သူ့ပါတီနဲ့ ပြည်သူအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာစွာ သတ်ဖြတ်ဗိုလ်ကျခဲ့ပေမဲ့ နောင်တရပြီး ပြုပြင်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ် အနိုင်ရပေမဲ့ အစိုးရဖွဲ့တဲ့အခါ မြင့်ဆွေတို့လို စစ်ဗိုလ်ဟောင်းတွေကို အစိုးရအဖွဲ့ထဲ ထည့်သွင်းပြီး လက်တွဲခေါ်ယူလို့ အခွင့်အရေးပေးခဲ့ပေမဲ့ မြင့်ဆွေတို့ စစ်ဗိုလ်ယုတ်တသိုက်ဟာ အကျင့်ဆိုးတွေ မပြင်တဲ့အပြင် ကျေးဇူးကန်းပြီး ထမင်းရှင် ပြည်သူတွေရဲ့ လက်ကို ပြန်ကိုက် အာဏာထပ်လုခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ဗိုလ်ယုတ်တွေထဲက သူတော်ကောင်းမျက်နှာဖုံး စွပ်ထားတဲ့ သိန်းစိန်ဆိုတာ ၂၀၀၈ ခုနှစ် မေလထဲမှာ ပြည်သူအလိုမတူတဲ့ နာဂစ်စစ်ကျွန်ဥပဒေထဲ စစ်အာဏာရှင်စနစ်မျိုးစေ့ကို မြှုပ်နှံထားခဲ့ပြီးမှ NLD ပါဝင်မယှဉ်ပြိုင်နိုင်အောင် နည်းမျိုးစုံနဲ့ ယုတ်ပတ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်မရှိဘဲ အနိုင်ရပြီး စစ်ဘောင်းဘီချွတ်အစိုးရ ဖွဲ့ခဲ့တာပါ။
ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ သိန်းစိန်တို့ရဲ့ သိုးရေခြုံဝံပုလွေ အစိုးရလက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့် အနည်းအကျဉ်းပေး၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲရာကနေ အလီလီခွဲလွှတ်လို့ နိုင်ငံတကာအကူအညီ အထောက်အပံ့ရအောင်လုပ်လို့ အဓိကမကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြပြီး သူတို့ကပဲ ဒီမိုကရေစီပေးသလိုလို ကျေးဇူးအတင်ခံချင်ခဲ့ကြတာ လူတိုင်းသိကြပါတယ်။
စစ်ဘောင်းဘီချွတ်အစိုးရလက်ထက်မှာ ကျောင်းသားတွေက ဒီမိုကရေစီပညာရေးစစ်စစ်ကို တောင်းကြတဲ့အခါ လူမဆန်စွာ ရိုက်နှက်ဖမ်းဆီးခဲ့ကြသလို သိတတ်နားလည်ကြတဲ့ ပြည်သူတွေ၊ နိုင်ငံရေးသမားတွေက သိုးရေခြုံဝံပုလွေ အစိုးရကို ပြောင်းလဲချိန်တန်ပြီလို့ ပြောဆို တိုက်တွန်းကြတုန်းက ကြောင်ချေးသိန်းစိန်က ဘာကိုပြောင်းလဲရမှာလဲ၊ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းလဲပေးပြီးပြီ၊ ဆက်ပြောင်းချင်ရင်တော့ ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ်ဆိုတဲ့ သဘောမျိုး ဗြောင်လိမ်ညာခဲ့တာပဲ။
အခုတော့ ကြောင်ချေးသိန်းစိန်တို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်ထဲ ထည့်သွင်း ဖုံးကွယ်ထားတဲ့ စစ်ဝံပုလွေဟာ သိုးရေခွာချလို့ ပြည်သူ့အာဏာကို ထပ်လုယူပြီး နိုင်ငံသူ နိုင်ငံသားတွေကို ကိုက်ဖြတ်စားသောက်နေကြတာ မဟုတ်လား။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံနဲ့ ပြည်သူအပေါ် ဘယ်တုန်းကမှ စိတ်စေတနာကောင်း မရှိကြတဲ့ အခွင့်ထူးခံ စစ်အမှိုက်တွေဟာ သူတို့ရဲ့ စိတ်ဓာတ်ဆိုး အကျင့်ဆိုးတွေကို ပြင်ဆင်ဖို့ မြူတမှုန်မျှလောက်စာ ဆန္ဒမရှိတဲ့အပြင် တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုအပေါ် လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်လိုစိတ်ဟာ သူတို့အရိုးထဲစွဲပြီး ဂျွပ်တက်နေပြီ ဖြစ်ပါတယ်။
ပြည်သူဟာ အုပ်ချုပ်ခံ၊ သူတို့သာ အုပ်စိုးသူ၊ သူတို့ပေးမှသာ ဒီမိုကရေစီကို ပြည်သူတွေ ရနိုင်မယ်ဆိုတဲ့ ပဒေသရာဇ်သွေးဆိုးတွေ စီးဆင်းလည်ပတ်နေတဲ့ စစ်အမှိုက် လူအမှိုက်တွေသာ ဖြစ်ကြပါတယ်။
အဲဒီလို ပြန်လည်သန့်စင်လို့ မရလောက်အောင် ကိုယ်ကျင့်သီလ စိတ်ဓာတ်အတွေးအခေါ်တွေ ပျက်စီးနေကြတဲ့ စစ်အမှိုက်၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေကို ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးကြီးက နောက်ထပ်အခွင့်အရေး ထပ်မပေးတော့ဘဲ အမြစ်က ဆွဲနုတ်ပြီး လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ရှင်းလင်းဖယ်ရှားနေတာဟာ အခုဆို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်ကို ထင်ရှားစွာ မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အဂၤလိပ္လို Rubbish, Garbage, Waste စသျဖင့္ အမ်ိဳးမ်ိဳးေခၚေဝၚၾကၿပီး ျမန္မာစကားမွာ သုံးတဲ့ အမွိုက္ဆိုတဲ့ အရာေတြကို ေလ့လာဆန္းစစ္ၾကည့္လိုက္ရင္ ေတြ႕ရမွာက ႐ုပ္ဝတၳဳ အသုံးအေဆာင္ ပစၥည္းေတြကို ရည္႐ြယ္ခ်က္တခုခုအတြက္ လူသားေတြက သုံးစြဲၿပီးတဲ့ေနာက္ ထြက္လာတဲ့ ေဘးထြက္စြန႔္ပစ္ပစၥည္းေတြကို ေခၚတာျဖစ္ပါတယ္။
အဲဒီေဘးထြက္အမွိုက္ေတြထဲမွာ တခ်ိဳ႕က တိုက္ရိုက္ျပန္လည္အသုံးခ် (Reuse) လို႔ရတဲ့ အမွိုက္ေတြရွိသလို တခ်ိဳ႕အမွိုက္ေတြက အသြင္သဏၭာန္အသစ္ျဖစ္ေအာင္ ျပန္လည္ထုတ္လုပ္ အသုံးခ် (Recycle) လို႔ရတဲ့ အမွိုက္ေတြလည္း ရွိတတ္ပါတယ္။ စြန႔္ပစ္ပစၥည္းေတြထဲက တန္ဖိုးရွိတဲ့ အရာေတြကို ထုတ္ႏုတ္အသုံးခ်တာကိုပဲ ျမန္မာစကားမွာ အမွိုက္ထဲက ေ႐ႊထုတ္တယ္လို႔ သုံးႏႈန္းၾကတာျဖစ္တယ္။
ဒါေပမဲ့ တခ်ိဳ႕ေသာအမွိုက္ေတြကေတာ့ ဘယ္လိုမွ ျပန္လည္အသုံးခ်လိဳ႕ မရနိုင္ေတာ့တာမို႔ ေျမႀကီးထဲ ျမႇုပ္ပစ္ရတာ၊ ဒါမွမဟုတ္ အဲဒီလို တန္ဖိုးမဲ့အမွိုက္ေတြကို မီးရွို႔ျပာခ်ၿပီး ထြက္လာတဲ့အပူကို သုံးၿပီး ေရေႏြးေငြ႕တာဘိုင္ႀကီးေတြ လည္ပတ္ေစၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္ယူၾကရပါတယ္။
ျမန္မာ့လူ႕အဖြဲ႕အစည္းထဲမွာလည္း နိုင္ငံနဲ႕ ျပည္သူလူထုကို ေကာင္းက်ိဳးမေပးဘဲ ဒုကၡနဲ႕ ဆိုးက်ိဳးသာ ေပးတတ္ၿပီး ဘယ္လိုမွ ျပန္လည္အသုံးခ်လိဳ႕ မရနိုင္ေတာ့တဲ့ စစ္အမွိုက္ေတြ ရွိၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီစစ္အမွိုက္ေတြဟာ လက္နက္အားကိုး ဗိုလ္က်တဲ့ အက်င့္စရိုက္ဆိုးကို ေျပာင္းလဲလာတဲ့ ေခတ္နဲ႕အညီ ျပင္ဆင္မႈမျပဳလုပ္နိုင္ဘဲ စစ္ရာဇဝတ္မႈ အမ်ိဳးမ်ိဳးကို အေတာမသတ္ ဆက္လက္က်ဴးလြန္ေနၾကၿပီး ျပန္လည္သန႔္စင္လို႔ မရေလာက္ေအာင္ အကုသိုလ္ အညစ္အေၾကး အထပ္ထပ္ လိမ္းက်ံေနလို႔ ျဖစ္ပါတယ္။
အမွန္ေတာ့ အဲဒီစစ္အမွိုက္အုပ္စုကို အက်င့္ဆိုးေတြျပင္ဖို႔ ျမန္မာျပည္သူေတြက အခ်ိန္ေပးခဲ့ရာမွာ လုံေလာက္တဲ့အခ်ိန္ထက္ ေက်ာ္လြန္ခဲ့ၿပီး ျဖစ္ပါတယ္။ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီးကို ၁၉၈၈ စက္တင္ဘာလမွာ သတ္ျဖတ္အာဏာသိမ္းလို႔ ပါတီစုံေပးမယ္လို႔ မရိုးမသား လိမ္ညာ ကတိေပးခဲ့ၿပီးေတာ့လည္း အက်င့္ေဟာင္းေတြ မျပင္ဆင္ခဲ့ၾကဘဲ ကတိေဖာက္ဖ်က္ခဲ့ၾကတာ အားလုံးအသိပဲ ျဖစ္ပါတယ္။
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း စစ္ဗိုလ္ယုတ္ေတြ စိတ္ဓာတ္ညံ့ဖ်င္းတာ သိေပမဲ့လည္း သူမဖခင္ တည္ေထာင္ခဲ့တဲ့ တပ္မေတာ္နဲ႕ တပ္မေတာ္သားေတြအေပၚ ထားတဲ့ သံေယာဇဥ္နဲ႕ NLD ျပည္သူ႕ပါတီနဲ႕ ျပည္သူအေပၚ ကမ္းကုန္ေအာင္ ရက္စက္ယုတ္မာစြာ သတ္ျဖတ္ဗိုလ္က်ခဲ့ေပမဲ့ ေနာင္တရၿပီး ျပဳျပင္လာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာအျပတ္အသတ္ အနိုင္ရေပမဲ့ အစိုးရဖြဲ႕တဲ့အခါ ျမင့္ေဆြတို႔လို စစ္ဗိုလ္ေဟာင္းေတြကို အစိုးရအဖြဲ႕ထဲ ထည့္သြင္းၿပီး လက္တြဲေခၚယူလို႔ အခြင့္အေရးေပးခဲ့ေပမဲ့ ျမင့္ေဆြတို႔ စစ္ဗိုလ္ယုတ္တသိုက္ဟာ အက်င့္ဆိုးေတြ မျပင္တဲ့အျပင္ ေက်းဇူးကန္းၿပီး ထမင္းရွင္ ျပည္သူေတြရဲ႕ လက္ကို ျပန္ကိုက္ အာဏာထပ္လုခဲ့ၾကတာ ျဖစ္ပါတယ္။
စစ္ဗိုလ္ယုတ္ေတြထဲက သူေတာ္ေကာင္းမ်က္ႏွာဖုံး စြပ္ထားတဲ့ သိန္းစိန္ဆိုတာ ၂၀၀၈ ခုႏွစ္ ေမလထဲမွာ ျပည္သူအလိုမတူတဲ့ နာဂစ္စစ္ကြၽန္ဥပေဒထဲ စစ္အာဏာရွင္စနစ္မ်ိဳးေစ့ကို ျမႇုပ္ႏွံထားခဲ့ၿပီးမွ NLD ပါဝင္မယွဥ္ၿပိဳင္နိုင္ေအာင္ နည္းမ်ိဳးစုံနဲ႕ ယုတ္ပတ္ခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဘက္မရွိဘဲ အနိုင္ရၿပီး စစ္ေဘာင္းဘီခြၽတ္အစိုးရ ဖြဲ႕ခဲ့တာပါ။
ဒီမိုကေရစီမ်က္ႏွာဖုံးစြပ္ထားတဲ့ သိန္းစိန္တို႔ရဲ႕ သိုးေရၿခဳံဝံပုေလြ အစိုးရလက္ထက္မွာ မီဒီယာ လြတ္လပ္ခြင့္ အနည္းအက်ဥ္းေပး၊ နိုင္ငံေရးအက်ဥ္းသားေတြကို ျပန္ေပးဆြဲရာကေန အလီလီခြဲလႊတ္လို႔ နိုင္ငံတကာအကူအညီ အေထာက္အပံ့ရေအာင္လုပ္လို႔ အဓိကမက်တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ျပၿပီး သူတို႔ကပဲ ဒီမိုကေရစီေပးသလိုလို ေက်းဇူးအတင္ခံခ်င္ခဲ့ၾကတာ လူတိုင္းသိၾကပါတယ္။
စစ္ေဘာင္းဘီခြၽတ္အစိုးရလက္ထက္မွာ ေက်ာင္းသားေတြက ဒီမိုကေရစီပညာေရးစစ္စစ္ကို ေတာင္းၾကတဲ့အခါ လူမဆန္စြာ ရိုက္ႏွက္ဖမ္းဆီးခဲ့ၾကသလို သိတတ္နားလည္ၾကတဲ့ ျပည္သူေတြ၊ နိုင္ငံေရးသမားေတြက သိုးေရၿခဳံဝံပုေလြ အစိုးရကို ေျပာင္းလဲခ်ိန္တန္ၿပီလို႔ ေျပာဆို တိုက္တြန္းၾကတုန္းက ေၾကာင္ေခ်းသိန္းစိန္က ဘာကိုေျပာင္းလဲရမွာလဲ၊ စစ္အာဏာရွင္စနစ္ကေန ဒီမိုကေရစီစနစ္ ေျပာင္းလဲေပးၿပီးၿပီ၊ ဆက္ေျပာင္းခ်င္ရင္ေတာ့ ကြန္ျမဴနစ္စနစ္ပဲ က်န္ေတာ့တယ္ဆိုတဲ့ သေဘာမ်ိဳး ေျဗာင္လိမ္ညာခဲ့တာပဲ။
အခုေတာ့ ေၾကာင္ေခ်းသိန္းစိန္တို႔ ၂၀၀၈ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒေအာက္ထဲ ထည့္သြင္း ဖုံးကြယ္ထားတဲ့ စစ္ဝံပုေလြဟာ သိုးေရခြာခ်လိဳ႕ ျပည္သူ႕အာဏာကို ထပ္လုယူၿပီး နိုင္ငံသူ နိုင္ငံသားေတြကို ကိုက္ျဖတ္စားေသာက္ေနၾကတာ မဟုတ္လား။
ဒီေဆာင္းပါးကို နိဂုံးခ်ဳပ္ရရင္ နိုင္ငံနဲ႕ ျပည္သူအေပၚ ဘယ္တုန္းကမွ စိတ္ေစတနာေကာင္း မရွိၾကတဲ့ အခြင့္ထူးခံ စစ္အမွိုက္ေတြဟာ သူတို႔ရဲ႕ စိတ္ဓာတ္ဆိုး အက်င့္ဆိုးေတြကို ျပင္ဆင္ဖို႔ ျမဴတမႈန္မွ်ေလာက္စာ ဆႏၵမရွိတဲ့အျပင္ တိုင္းရင္းသား ရဟန္းရွင္လူ ျပည္သူလူထုအေပၚ လက္နက္အားကိုး ဗိုလ္က်အနိုင္က်င့္လိုစိတ္ဟာ သူတို႔အရိုးထဲစြဲၿပီး ဂြၽပ္တက္ေနၿပီ ျဖစ္ပါတယ္။
ျပည္သူဟာ အုပ္ခ်ဳပ္ခံ၊ သူတို႔သာ အုပ္စိုးသူ၊ သူတို႔ေပးမွသာ ဒီမိုကေရစီကို ျပည္သူေတြ ရနိုင္မယ္ဆိုတဲ့ ပေဒသရာဇ္ေသြးဆိုးေတြ စီးဆင္းလည္ပတ္ေနတဲ့ စစ္အမွိုက္ လူအမွိုက္ေတြသာ ျဖစ္ၾကပါတယ္။
အဲဒီလို ျပန္လည္သန႔္စင္လို႔ မရေလာက္ေအာင္ ကိုယ္က်င့္သီလ စိတ္ဓာတ္အေတြးအေခၚေတြ ပ်က္စီးေနၾကတဲ့ စစ္အမွိုက္၊ မ်ိဳးဆက္ေဟာင္း၊ မ်ိဳးဆက္သစ္ေတြကို ၂၁ ရာစု ျမန္မာ့ေႏြဦးေတာ္လွန္ေရးႀကီးက ေနာက္ထပ္အခြင့္အေရး ထပ္မေပးေတာ့ဘဲ အျမစ္က ဆြဲႏုတ္ၿပီး လူ႕အဖြဲ႕အစည္းကေန အၿပီးတိုင္ ရွင္းလင္းဖယ္ရွားေနတာဟာ အခုဆို ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုပန္းတိုင္ကို ထင္ရွားစြာ ျမင္ေတြ႕ေနရၿပီ ျဖစ္ပါေၾကာင္း။
မင္းေကာင္းခ်စ္
Leave a Reply