ကရင်ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၁၀ လအတွင်း တပ်ရင်း ၈ ရင်းစာ ပြုတ်သွား၊ စစ်အင်အားစာရင်းသိပြီးနောက် တိုင်းမှူးအသစ် ဗိုလ်ချုပ် မြတ်သက်ဦး စိတ်ပျက်နေ

အာဏာသိမ်း စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင့်အမျိုးသား အစည်းအရုံး – KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေများအား စစ်ရေးအရ သိမ်းပိုက်ရန်အတွက်အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) မှ အမှတ် ၈ နှင့် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) (စကခ ၂၀) ၊သထုံမြို့ အခြေစိုက် တပ်မ ၄၄ လက် အောက်မှ တပ်ရင်းများဖြင့် ၁၀ လကြာ ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် တပ်ရင်း ၈ ရင်းစာ ပမာဏရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် သေကြေ၊ ထွက်ပြေး၊ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရဖြင်းများနှင့် CDM ပြုလုပ်မှုများပေါ်ပေါက်ခဲ့မှုများကြောင့် အင်အားပြုန်းတီးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။

“ကရင်ပြည်နယ်က မြဝတီ-ဝေါလေ လမ်းပိုင်းမှာချည်းဘဲကို သူတို့ထိုးစစ်ဆင်နေတာ တပ်ရင်း ၁၈ ရှိတယ်။ ကော့ကရိတ်ဘက်မပါသေးဘူး။ အခု လက်ရှိက သေတာရော၊ ပြေးတာရော၊ CDM လုပ်တောတွေရော၊ အရှင်ဖမ်းခံရတာတွေရောဆို တပ်ရင်း ၈ ရင်းစာရှိတဲ့ လူပမာဏလောက်အထိကို ပြုတ်သွားတာ”ဟု အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နှင့်နီးစပ်သည့် စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က ကချင်ပြည်နယ်။ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ရတခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုအောင်ကို မပခတိုင်းမှူးအဖြစ် ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တိုက်ရိုက်နေရာချိန်းခဲ့သည်။

ရတခတိုင်းမှူးသစ် ဗိုလ်ချုပ်မြတ်သက်ဦးမှာ မော်လမြိုင်သို့ရောက်ရှိပြီးနောက် စစ်အင်အားစာရင်းများကို မေးမြန်းစစ်ဆေးခဲ့ရာ ၁၀ လအတွင်း တပ်ပြုန်းတီးအင်အား ၁၀၀၀ ကျော်ရှိနေသဖြင့် စိတ်ပျက်နေကြော င်း စစ်ဘက်သတင်းရင်းမြစ်က ဆက်ပြောသည်။

“တပ်ရင်း ၈ ရင်းစာလောက် အင်အားပြုန်းတီးနေတာသိတဲ့နောက် တိုင်းမှူးအသစ် ဗိုလ်ချုပ်မြတ်သက်ဦး တော်တော်ကို ခေါင်းကိုက်၊ ခေါင်းခဲနေတယ်။ အဓိကတော့ ပြုန်းတီးအင်အားများနေလို့ နောက်ထပ် မြေပြင် ထိုးစစ်ဆင်မယ့် စစ်ဆင်ရေးတွေ စီစဉ်ဖို့ကို ခေါင်းကိုက်နေတာ”ဟု သူက ပြောသည်။

လက်ရှိတွင် KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ်သို့ ထိုးစစ်ဆင်နေသောတပ်များမှာ ရတခ လက်အောက်ရှိ နယ်မြေခံတိုင်းတပ်ရင်းများ၊ တပ်မ ၄၄ လက်အောက်ရှိ တပ်ရင်းများနှင့် ကရခတိုင်းရှိ တန င်္သာရီတိုင်း၊ ခမောက်ကြီးမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၂၀၊ ဘတ်ပြင်းမြို့အခြေစိုက် စခက ၁၃ လက်အောက်ခံတပ်များနှင့် ကရင်ပြည်နယ်မှ BGF တပ်များဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှုကို KNU လက်အောက်ရှိ KNLA KNDO တပ်များ၊ ကော်ဘရာ၊ ကျားဖြူ၊ Federal Wings အပါအဝင် PDF တပ်များ၊ KNDO မှခွဲထွက်၍ သီးခြားတည်ထောင်ထားသည့် ကော်သူးလေတပ်မတော်တို့က အပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ အထိနာလျှက်ရှိသည်။

“ကျွန်တော်တို့ သိရသလောက်တော့ ပြုန်းတီးအင်အားက ၁၀ လအတွင်းမှာ ၁၀၀၀ ကျော်ကတော့ အနည်းဆုံးရှိတယ်။ ဘာလို့ဆိုတော့ တိုက်ပွဲတွေမှာ နေ့တိုင်းနီးပါးကျတယ်။ ပြီးတော့ ဆက်မတိုက်ချင်တော့လို့ ကျွန် တော်တို့လို CDM လုပ်ပြီး ပြည်သူနဲ့ပူးပေါင်းသူတွေရောဆိုရင် တပ်က ကရင်ထိုးစစ်မှာ ပြုန်းတီးအင်အားက ၁၀၀၀ အောက်ကို ဘယ်လိုမှ မလျော့နိုင်ဘူး။ အဲ့ထက်တောင် များနိုင်သေးတယ်”ဟု တပ်မ ၄၄ လက် အောက်ခံ အမှတ် ၂ ခြေမြန်တပ်ရင်းမှ CDM စစ်သားတစ်ဦးက ပြောသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) လက် အောက်ခံတပ်များမှာ မြဝတီမြို့နယ်သို့ ရှေ့တန်း ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီး တိုက်ပွဲများဆက် လက်ပြင်းထန်နေ၍ အဆိုပါတပ်များကို စစ်ကောင်စီက နောက်တန်း ပြန်မပို့နိုင်ဖြစ်နေသည်။

ထို့ကြောင့် ယခုနှစ်ဆန်းပိုင်းက စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တနင်္သာရီတိုင်း၊ ကော့သောင်းနှင့်ဘုတ်ပြင်းမြို့များသို့သွားရောက်၍ နောက်တန်းမှ စစ်သည်မိသားစုဝင်များကို ကွင်းဆင်း၍ နှစ်သိမ့်စည်းရုံးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ကရင္ျပည္နယ္တိုက္ပြဲမ်ား၌ စစ္ေကာင္စီဘက္မွ ၁၀ လအတြင္း တပ္ရင္း ၈ ရင္းစာ ျပဳတ္သြား၊ စစ္အင္အားစာရင္းသိၿပီးေနာက္ တိုင္းမႉးအသစ္ ဗိုလ္ခ်ဳပ္ ျမတ္သက္ဦး စိတ္ပ်က္ေန

အာဏာသိမ္း စစ္ေကာင္စီတပ္က ထိုင္း-ျမန္မာနယ္စပ္ရွိ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ရွိ ကရင့္အမ်ိဳးသား အစည္းအ႐ုံး – KNU တပ္မဟာ ၆ ထိမ္းခ်ဳပ္နယ္ေျမမ်ားအား စစ္ေရးအရ သိမ္းပိုက္ရန္အတြက္အတြက္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွစ၍ ထိုးစစ္ဆင္ခဲ့ေၾကာင္း သိရသည္။

ကမ္းရိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ (ကရခ) မွ အမွတ္ ၈ ႏွင့္ အမွတ္ ၂၀ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၈) (စကခ ၂၀) ၊သထုံၿမိဳ႕ အေျခစိုက္ တပ္မ ၄၄ လက္ ေအာက္မွ တပ္ရင္းမ်ားျဖင့္ ၁၀ လၾကာ ထိုးစစ္ဆင္ခဲ့ရာ လက္ရွိတြင္ တပ္ရင္း ၈ ရင္းစာ ပမာဏရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀၀၀ ေက်ာ္ ေသေၾက၊ ထြက္ေျပး၊ စစ္သုံ႕ပန္းအျဖစ္အဖမ္းခံရျဖင္းမ်ားႏွင့္ CDM ျပဳလုပ္မႈမ်ားေပၚေပါက္ခဲ့မႈမ်ားေၾကာင့္ အင္အားျပဳန္းတီးခဲ့ေၾကာင္း စစ္ဘက္သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

“ကရင္ျပည္နယ္က ျမဝတီ-ေဝါေလ လမ္းပိုင္းမွာခ်ည္းဘဲကို သူတို႔ထိုးစစ္ဆင္ေနတာ တပ္ရင္း ၁၈ ရွိတယ္။ ေကာ့ကရိတ္ဘက္မပါေသးဘူး။ အခု လက္ရွိက ေသတာေရာ၊ ေျပးတာေရာ၊ CDM လုပ္ေတာေတြေရာ၊ အရွင္ဖမ္းခံရတာေတြေရာဆို တပ္ရင္း ၈ ရင္းစာရွိတဲ့ လူပမာဏေလာက္အထိကို ျပဳတ္သြားတာ”ဟု အေရွ႕ ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ) ႏွင့္နီးစပ္သည့္ စစ္ဘက္သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၉ ရက္ေန႕က ကခ်င္ျပည္နယ္။ ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (မပခ) တိုင္းမႉး ဗိုလ္ခ်ဳပ္ ျမတ္သက္ဦးကို မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕အေျခစိုက္ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ) တိုင္းမႉးအျဖစ္ ေျပာင္းေ႐ႊ႕ခဲ့သည္။ ရတခ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေအာင္ကို မပခတိုင္းမႉးအျဖစ္ ဗိုလ္ခ်ဳပ္ ျမတ္သက္ဦးႏွင့္ တိုက္ရိုက္ေနရာခ်ိန္းခဲ့သည္။

ရတခတိုင္းမႉးသစ္ ဗိုလ္ခ်ဳပ္ျမတ္သက္ဦးမွာ ေမာ္လၿမိဳင္သို႔ေရာက္ရွိၿပီးေနာက္ စစ္အင္အားစာရင္းမ်ားကို ေမးျမန္းစစ္ေဆးခဲ့ရာ ၁၀ လအတြင္း တပ္ျပဳန္းတီးအင္အား ၁၀၀၀ ေက်ာ္ရွိေနသျဖင့္ စိတ္ပ်က္ေနေၾကာ င္း စစ္ဘက္သတင္းရင္းျမစ္က ဆက္ေျပာသည္။

“တပ္ရင္း ၈ ရင္းစာေလာက္ အင္အားျပဳန္းတီးေနတာသိတဲ့ေနာက္ တိုင္းမႉးအသစ္ ဗိုလ္ခ်ဳပ္ျမတ္သက္ဦး ေတာ္ေတာ္ကို ေခါင္းကိုက္၊ ေခါင္းခဲေနတယ္။ အဓိကေတာ့ ျပဳန္းတီးအင္အားမ်ားေနလို႔ ေနာက္ထပ္ ေျမျပင္ ထိုးစစ္ဆင္မယ့္ စစ္ဆင္ေရးေတြ စီစဥ္ဖို႔ကို ေခါင္းကိုက္ေနတာ”ဟု သူက ေျပာသည္။

လက္ရွိတြင္ KNU တပ္မဟာ ၆ ထိမ္းခ်ဳပ္နယ္ေျမ ျမဝတီၿမိဳ႕နယ္သို႔ ထိုးစစ္ဆင္ေနေသာတပ္မ်ားမွာ ရတခ လက္ေအာက္ရွိ နယ္ေျမခံတိုင္းတပ္ရင္းမ်ား၊ တပ္မ ၄၄ လက္ေအာက္ရွိ တပ္ရင္းမ်ားႏွင့္ ကရခတိုင္းရွိ တန သၤာရီတိုင္း၊ ခေမာက္ႀကီးၿမိဳ႕အေျခစိုက္ စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ စကခ ၂၀၊ ဘတ္ျပင္းၿမိဳ႕အေျခစိုက္ စခက ၁၃ လက္ေအာက္ခံတပ္မ်ားႏွင့္ ကရင္ျပည္နယ္မွ BGF တပ္မ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါစစ္ေကာင္စီတပ္မ်ား၏ထိုးစစ္ဆင္မႈကို KNU လက္ေအာက္ရွိ KNLA KNDO တပ္မ်ား၊ ေကာ္ဘရာ၊ က်ားျဖဴ၊ Federal Wings အပါအဝင္ PDF တပ္မ်ား၊ KNDO မွခြဲထြက္၍ သီးျခားတည္ေထာင္ထားသည့္ ေကာ္သူးေလတပ္မေတာ္တို႔က အျပင္းအထန္ခုခံတိုက္ခိုက္ေနသျဖင့္ စစ္ေကာင္စီတပ္မ်ား ထိုးစစ္ဆင္မႈ မေအာင္ျမင္ဘဲ အထိနာလွ်က္ရွိသည္။

“ကြၽန္ေတာ္တို႔ သိရသေလာက္ေတာ့ ျပဳန္းတီးအင္အားက ၁၀ လအတြင္းမွာ ၁၀၀၀ ေက်ာ္ကေတာ့ အနည္းဆုံးရွိတယ္။ ဘာလို႔ဆိုေတာ့ တိုက္ပြဲေတြမွာ ေန႕တိုင္းနီးပါးက်တယ္။ ၿပီးေတာ့ ဆက္မတိုက္ခ်င္ေတာ့လို႔ ကြၽန္ ေတာ္တို႔လို CDM လုပ္ၿပီး ျပည္သူနဲ႕ပူးေပါင္းသူေတြေရာဆိုရင္ တပ္က ကရင္ထိုးစစ္မွာ ျပဳန္းတီးအင္အားက ၁၀၀၀ ေအာက္ကို ဘယ္လိုမွ မေလ်ာ့နိုင္ဘူး။ အဲ့ထက္ေတာင္ မ်ားနိုင္ေသးတယ္”ဟု တပ္မ ၄၄ လက္ ေအာက္ခံ အမွတ္ ၂ ေျချမန္တပ္ရင္းမွ CDM စစ္သားတစ္ဦးက ေျပာသည္။

ကမ္းရိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ (ကရခ) လက္ ေအာက္ခံတပ္မ်ားမွာ ျမဝတီၿမိဳ႕နယ္သို႔ ေရွ႕တန္း ထြက္ေနရသည္မွာ ၂ ႏွစ္နီးပါးရွိေနၿပီး တိုက္ပြဲမ်ားဆက္ လက္ျပင္းထန္ေန၍ အဆိုပါတပ္မ်ားကို စစ္ေကာင္စီက ေနာက္တန္း ျပန္မပို႔နိုင္ျဖစ္ေနသည္။

ထို႔ေၾကာင့္ ယခုႏွစ္ဆန္းပိုင္းက စစ္ေခါင္းေဆာင္ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကိုယ္တိုင္ တနသၤာရီတိုင္း၊ ေကာ့ေသာင္းႏွင့္ဘုတ္ျပင္းၿမိဳ႕မ်ားသို႔သြားေရာက္၍ ေနာက္တန္းမွ စစ္သည္မိသားစုဝင္မ်ားကို ကြင္းဆင္း၍ ႏွစ္သိမ့္စည္း႐ုံးမႈမ်ား ျပဳလုပ္ေနရေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*