
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေ ဖမ်းဆီးပြီး ကားပေါ် အပြည့်တင်နေချိန်မှာ စစ်သားက ရဲကို ပါးရိုက်လိုက်တဲ့ ဖြစ်စဉ်တခုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ စစ်ကား ( DC) တစ်စီး၊ ရဲကား(Faw) တစ်စီးနဲ့ ကုန်တင်ကားတစ်စီး၊ စစ်သား၊ ရဲအင်အား ဆယ်ဦးဝန်းကျင်ပါဝင်ပြီး ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ဂိတ်တခုအနီးမှာ လာသမျှဆိုင်ကယ်တွေကို ဖမ်းဆီးကာ အကုန်သိမ်းယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန် လမ်းရှင်းပေးနေတဲ့ သူတို့အဖွဲ့က ရဲတစ်ဦးဟာ ဖြတ်သန်းလာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတဲ့အကြောင်းပြောပြီး လက်ဟန်ခြေဟန်နဲ့ မလာဖို့နဲ့ ပြန်လှည့်ဖို့ ပြောဆိုခဲ့တာကြောင့် စစ်သားတစ်ဦးဟာ အဲဒီရဲကို လူအနည်းငယ်ရှင်းတဲ့နေရာကို ခေါ်ပြီး ပါးရိုက်ခဲ့တယ်လို့ အင်းစိန်မြို့ခံတွေက ပြောပြပါတယ်။
“ စစ်သားက ဘာလို့အဲဒီလိုလုပ်တာလဲမေးပြီး အဲဒီရဲကို ခေါ်ရိုက်တာ။ ရဲက ပြည်သူတွေ ကျပ်တည်းနေချိန်မှာ ဒီလိုတွေလုပ်တာ မသင့်တော်ဘူးထင်လို့ ပြန်လှည့်ခိုင်းလိုက်တာလို့ကြားလိုက်ရတယ်။ ကျွန်တော်တို့ ထိုင်နေတဲ့ ကွမ်းယာဆိုင်နဲ့ သိပ်မဝေးဘူး။ အတိုင်းသားကြားရတယ် ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
မနေ့က အင်းစိန်မြို့နယ်၊ အင်းစိန်ပန်းခြံ လမ်းသစ်လမ်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပေမယ့် စစ်သားနဲ့ရဲတွေဟာ အဲဒီနေရာကို သွားဖို့ထက် ဆိုင်ကယ်တွေကို ကားတစ်စီးအပြည့်ရတဲ့အထိ အေးအေးဆေးဆေး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့လညဘ်း မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆိုင်ကယ်တွေကို စစ်သားနဲ့ ရဲတွေက ပွဲစားတွေရှာပြီး ကြိုက်တာယူ (၆) စီးတစ်အုပ်ကို ကျပ် သိန်း (၂၀) နဲ့ ပြန်လည်ရောင်းချနေတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက The Nation Voice ကိုပြောပြပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဖမ္းဆီးေနစဥ္ ဆိုင္ကယ္ေတြ ျပန္လွည့္ခိုင္းတဲ့ရဲကို စစ္သားက ပါးရိုက္
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္မွာ မေန႕က ညေနပိုင္းမွာ စစ္ေကာင္စီလက္ေအာက္ခံ စစ္သား၊ ရဲနဲ႕ ယာဥ္ထိန္းရဲေတြက ဆိုင္ကယ္ေတြ ဖမ္းဆီးၿပီး ကားေပၚ အျပည့္တင္ေနခ်ိန္မွာ စစ္သားက ရဲကို ပါးရိုက္လိုက္တဲ့ ျဖစ္စဥ္တခုျဖစ္ပြါးခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
အဲဒီျဖစ္စဥ္မွာ စစ္ကား ( DC) တစ္စီး၊ ရဲကား(Faw) တစ္စီးနဲ႕ ကုန္တင္ကားတစ္စီး၊ စစ္သား၊ ရဲအင္အား ဆယ္ဦးဝန္းက်င္ပါဝင္ၿပီး ဆိုင္ကယ္ကယ္ရီဆြဲတဲ့ ဂိတ္တခုအနီးမွာ လာသမွ်ဆိုင္ကယ္ေတြကို ဖမ္းဆီးကာ အကုန္သိမ္းယူၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီအခ်ိန္ လမ္းရွင္းေပးေနတဲ့ သူတို႔အဖြဲ႕က ရဲတစ္ဦးဟာ ျဖတ္သန္းလာတဲ့ ဆိုင္ကယ္ေတြကို ဖမ္းဆီးေနတဲ့အေၾကာင္းေျပာၿပီး လက္ဟန္ေျခဟန္နဲ႕ မလာဖို႔နဲ႕ ျပန္လွည့္ဖို႔ ေျပာဆိုခဲ့တာေၾကာင့္ စစ္သားတစ္ဦးဟာ အဲဒီရဲကို လူအနည္းငယ္ရွင္းတဲ့ေနရာကို ေခၚၿပီး ပါးရိုက္ခဲ့တယ္လို႔ အင္းစိန္ၿမိဳ႕ခံေတြက ေျပာျပပါတယ္။
“ စစ္သားက ဘာလို႔အဲဒီလိုလုပ္တာလဲေမးၿပီး အဲဒီရဲကို ေခၚရိုက္တာ။ ရဲက ျပည္သူေတြ က်ပ္တည္းေနခ်ိန္မွာ ဒီလိုေတြလုပ္တာ မသင့္ေတာ္ဘူးထင္လို႔ ျပန္လွည့္ခိုင္းလိုက္တာလို႔ၾကားလိုက္ရတယ္။ ကြၽန္ေတာ္တို႔ ထိုင္ေနတဲ့ ကြမ္းယာဆိုင္နဲ႕ သိပ္မေဝးဘူး။ အတိုင္းသားၾကားရတယ္ ” လို႔ ၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။
မေန႕က အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ပန္းၿခံ လမ္းသစ္လမ္းမွာ ဗုံးေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ေပမယ့္ စစ္သားနဲ႕ရဲေတြဟာ အဲဒီေနရာကို သြားဖို႔ထက္ ဆိုင္ကယ္ေတြကို ကားတစ္စီးအျပည့္ရတဲ့အထိ ေအးေအးေဆးေဆး ဖမ္းဆီးတာေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္တယ္လို႔လညဘ္း ၿမိဳ႕ခံေတြက ဆိုပါတယ္။
လက္ရွိမွာ ဖမ္းဆီးခံခဲ့ရတဲ့ ဆိုင္ကယ္ေတြကို စစ္သားနဲ႕ ရဲေတြက ပြဲစားေတြရွာၿပီး ႀကိဳက္တာယူ (၆) စီးတစ္အုပ္ကို က်ပ္ သိန္း (၂၀) နဲ႕ ျပန္လည္ေရာင္းခ်ေနတယ္လို႔လည္း စစ္တပ္နဲ႕ နီးစပ္သူေတြက The Nation Voice ကိုေျပာျပပါတယ္။
Leave a Reply