ဟန်လင်းတွင် သဲကျောက်ဖြင့်ထုလုပ်ထားသည့် ရုပ်ထုကြီး တူးဖော်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟန်လင်းမြို့တွင် သဲကျောက်ဖြင့်ထုလုပ်ထားသည့် ရုပ်ထုကြီးအား ယခုရက်ပိုင်းအတွင်း တူးဖော်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ သဲကျောက်ရုပ်တုကြီးကို ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစုမှ တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သဲကျောက်ရုပ်တုကြီးမှာ အမြင့် ၁၁ပေ ခြောက်လက်မ၊ ဗျက် ငါးပေ၊ ကျောက်သားထုအထူဆုံး တစ်ပေ ခြောက်လက်မ၊ အပါးဆုံး တစ်ပေ ထုထည်ရှိကြောင်း သိရသည်။

ဟန်လင်းဌာနစု၏ စဉ်ဆက်မပြတ် သုတေသနပြုဖော်ထုတ်ခဲ့မှုကြောင့် ဟန်လင်း၏ နန်းတော်ရာ မြို့ရိုးဝင်ပေါက်ကိုပါ တွေ့ရှိလာပြီး အဆိုပါ မြို့ရိုးဝင်ပေါက်သည် ဗိဿနိုးရှိ နန်းတော်မြို့ရိုးဝင်ပေါက်နှင့် ဆင်တူသော်လည်း ဗိဿနိုးနန်းတော်မြို့ရိုးဝင်ပေါက်ကဲ့သို့ ရှင်းရှင်းလင်းလင်းမရှိကြောင်း သိရသည်။

ဟန်လင်း၏ နန်းတော်ရာ မြို့ရိုးဝင်ပေါက် တူးဖော်စဉ်က အဆိုပါသဲကျောက်ရုပ်ထုကြီးသည် ဝင်ပေါက်ရှေ့ မြေထုအတွင်း မှောက်လျက် အနေအထားဖြင့်တွေ့ရှိခဲ့ပြီး ကြီးမားလွန်းသည့်အတွက် တစ်ဖက်တွင် အရုပ်များပါခဲ့ပါက တူးဖော်ရာတွင် ပျက်စီးသွားမည်ဖြစ်သော ကြောင့် ၎င်းရုပ်တုကြီးအား ယာယီအဆောက်အအုံမဆောက်နိုင်ခင် မြေထဲတွင် မူလတည်ရှိနေသည့်အတိုင်း ထားခဲ့ရသောကြောင့် နှစ်အနည်းငယ်ကြာခဲ့ကြောင်းလည်း သိရသည်။

အဆိုပါသဲကျောက်ရုပ်ထုကြီး၏ အပိုင်းအစများအား ၂၀၂၀ ခုနှစ်အတွင်းတွင် စတင်တွေ့ရှိခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း ဟန်လင်းဌာနစု၏ စဉ်ဆက်မပြတ် သုတေသနပြုဖော်ထုတ်ခဲ့မှုကြောင့် ခက်ခက်ခဲခဲပြန်ဆက်ရင်း ရရှိခဲ့ကြောင်း သိရသည်။

သဲကျောက်ရုပ်ထုကြီး တူးဖော်တွေ့ရှိမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစုနှင့် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာတွင် လတ်တလော ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် အသေးစိတ်အချက်အလက်အား မသိရှိရသေးပေ။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ဟန္လင္းတြင္ သဲေက်ာက္ျဖင့္ထုလုပ္ထားသည့္
႐ုပ္ထုႀကီး တူးေဖာ္ၿပီးစီး

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟန္လင္းၿမိဳ႕တြင္ သဲေက်ာက္ျဖင့္ထုလုပ္ထားသည့္ ႐ုပ္ထုႀကီးအား ယခုရက္ပိုင္းအတြင္း တူးေဖာ္ၿပီးစီးခဲ့ေၾကာင္း သိရသည္။

အဆိုပါ သဲေက်ာက္႐ုပ္တုႀကီးကို ကမာၻ႔အေမြအႏွစ္ ေဒသမ်ားဌာနခြဲ၊ ဟန္လင္းဌာနစုမွ တူးေဖာ္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး သဲေက်ာက္႐ုပ္တုႀကီးမွာ အျမင့္ ၁၁ေပ ေျခာက္လက္မ၊ ဗ်က္ ငါးေပ၊ ေက်ာက္သားထုအထူဆုံး တစ္ေပ ေျခာက္လက္မ၊ အပါးဆုံး တစ္ေပ ထုထည္ရွိေၾကာင္း သိရသည္။

ဟန္လင္းဌာနစု​၏ စဥ္ဆက္မျပတ္ သုေတသနျပဳေဖာ္ထုတ္ခဲ့မႈေၾကာင့္ ဟန္လင္း​၏ နန္းေတာ္ရာ ၿမိဳ႕ရိုးဝင္ေပါက္ကိုပါ ေတြ႕ရွိလာၿပီး အဆိုပါ ၿမိဳ႕ရိုးဝင္ေပါက္သည္ ဗိႆနိုးရွိ နန္းေတာ္ၿမိဳ႕ရိုးဝင္ေပါက္ႏွင့္ ဆင္တူေသာ္လည္း ဗိႆနိုးနန္းေတာ္ၿမိဳ႕ရိုးဝင္ေပါက္ကဲ့သို႔ ရွင္းရွင္းလင္းလင္းမရွိေၾကာင္း သိရသည္။

ဟန္လင္း​၏ နန္းေတာ္ရာ ၿမိဳ႕ရိုးဝင္ေပါက္ တူးေဖာ္စဥ္က အဆိုပါသဲေက်ာက္႐ုပ္ထုႀကီးသည္ ဝင္ေပါက္ေရွ႕ ေျမထုအတြင္း ေမွာက္လ်က္ အေနအထားျဖင့္ေတြ႕ရွိခဲ့ၿပီး ႀကီးမားလြန္းသည့္အတြက္ တစ္ဖက္တြင္ အ႐ုပ္မ်ားပါခဲ့ပါက တူး​ေဖာ္ရာတြင္ ပ်က္စီးသြားမည္ျဖစ္ေသာ ေၾကာင့္ ၎႐ုပ္တုႀကီးအား ယာယီအေဆာက္အအုံမေဆာက္နိုင္ခင္ ေျမထဲတြင္ မူလတည္ရွိေနသည့္အတိုင္း ထားခဲ့ရေသာေၾကာင့္ ႏွစ္အနည္းငယ္ၾကာခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါသဲေက်ာက္႐ုပ္ထုႀကီး​၏ အပိုင္းအစမ်ားအား ၂၀၂၀ ခုႏွစ္အတြင္းတြင္ စတင္ေတြ႕ရွိခဲ့ၿပီး ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ဟန္လင္းဌာနစု​၏ စဥ္ဆက္မျပတ္ သုေတသနျပဳေဖာ္ထုတ္ခဲ့မႈေၾကာင့္ ခက္ခက္ခဲခဲျပန္ဆက္ရင္း ရရွိခဲ့ေၾကာင္း သိရသည္။

သဲေက်ာက္႐ုပ္ထုႀကီး တူးေဖာ္ေတြ႕ရွိမႈႏွင့္ပတ္သက္ၿပီး ကမာၻ႔အေမြအႏွစ္ ေဒသမ်ားဌာနခြဲ၊ ဟန္လင္းဌာနစုႏွင့္ တာဝန္ရွိသူမ်ားအား ဆက္သြယ္ေမးျမန္းရာတြင္ လတ္တေလာ ျပန္လည္ေျဖၾကားျခင္းမရွိေသာေၾကာင့္ အေသးစိတ္အခ်က္အလက္အား မသိရွိရေသးေပ။

Be the first to comment

Leave a Reply

Your email address will not be published.


*