နေပြည်တော်မှ တုန်လှုပ်ခြောက်ခြားနေသည့် စစ်ခေါင်းဆောင်များအတွက် မရဏ တရား (သို့မဟုတ်) အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်များ၊ ယခင် စစ်ဗိုလ်ချုပ်ဟောင်း များ၏ မိတ်ဆွေ၊ အစ်ကိုကြီး၊ ဆရာဖြစ်ခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း အငြိမ်း စား ဗိုလ်မှူးချုပ် အုန်းသွင်သည် စက်တင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ၎င်း၏ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇနှင့်အတူ ပစ်ခတ် ရှင်းလင်းခံရပြီး သေဆုံးခဲ့ပြီဖြစ်သည်။

စစ်ခေါင်းဆောင်တို့၏ စီနီယာအစ်ကိုကြီးဖြစ်သည့်အတွ က် သေဆုံးချိန်တွင်တောင်မှ အခွင့်ထူးခံ အခွင့် အရေးကို သူရရှိခဲ့သည်။ အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်နှင့် သားမက် ဗိုလ်ကြီးဟောင်း ရဲတေဇတို့၏ အသက်မဲ့နေသည့် ရုပ်အလောင်းနှစ်ခုကို အင်းလျားကန်ဘေးရှိ စစ်တပ်ပိုင် ကန်သာယာဆေးရုံကြီးတွင် လက်ခံထားရှိခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဘဝကူးပြောင်းချိန်တွင်ပင် သူတို့နှစ်ဦးသည် စစ်တပ်၏ VIP ဖြစ်နေဆဲပင်ဖြစ်သည်။

အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင် အသတ်ခံရသည့်သတင်းက လက်ရှိ စစ်ခေါင်းဆောင်များနှင့် အငြိမ်း စား စစ်ခေါင်း ဆောင်များအတွက် တုန်လှုပ်ချောက်ခြားစေခဲ့သည်။ ပြည်သူကို ရမ်းချင်တိုင်းရမ်း သတ်ချင်တိုင်း သတ်ခဲ့သူများ၏ ရှေ့သို့ သေခြင်းတရား အချိန်မရွေးရောက်လာတော့မည်ဆိုသည်ကို အချက် ပေးခေါင်းလောင်းထိုးခြင်းဟုဆိုလျှင် လည်း မမှားနိုင်ပေ။

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်၏ လူမှုကွန်ရက်စာမျက်နှာများတွင် “အစ်ကိုကြီး”ဟု မှတ်ချက်ဝင်ရေးလေ့ရှိသော လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ကိုကိုလှိုင်တို့လည်း ညပိုင်း အိပ်၍ ပျော်မည်မထင်ပေ။

အုန်းသွင်၏ တပည့်များတွင် လက်ရှိ ဒုစစ်ခေါင်းဆော င် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကာကွယ် ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ပါဝင်လေရာ ဆရာဖြစ်သူအတွက် သင်္ကန်းပို့ပေးရန်နှင့် လွမ်းသူ့ပန်းခြင်း ပို့ရန် ပြင်ဆင်နေလောက်ကြပြီ။

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုအကြောင်းအရင်းက အဘယ်ကြောင့်နည်း။ အဖြေကရှင်းလင်းလှသည်။ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့သောကြောင့် စစ်အာဏာသိမ်းမှုကြောင့်ပင် သူ၏ ဘဝဇတ်သိမ်း နိဂုံးချုပ်သွားခြင်း ဖြစ်သည်။အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်က မည်သို့ မည်ပုံ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့ပါသနည်း။ နောက်ဆုံးအချိန်အထိ ပြည်သူလူထုအပေါ် မည်သို့သဘောထားခဲ့ပါသနည်း။

စစ်တပ်အာဏာသိမ်းရေး အစဉ်တစိုက်ကြိုးပမ်းခဲ့သူ

ဗိုလ်မှူးချုပ် အုန်းသွင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိကြပြီး အာ ဏာမသိမ်းမီ တစ်နှစ်အလိုက ၂၀၀၈ အခြေခံဥပဒေအတွင်းမှပင် အာဏာသိမ်း၍ရကြောင်းကို အာဏာ သိမ်းသည်ဟုမပြောဘဲ အာဏာထိန်းသည်ဟု သုံးနှုန်းရန် အကြံပြုစာတမ်းရေးသားပေးပို့ခဲ့သူဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။

မတ်လ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ်အချိန် သူ၏ လူမှုကွန်ရက် တွင် ” မသိမ်းနိုင်အောင်နဲ့ ကာကွယ်ဖို့ ခြေ/ဥ ကိုရေးဆွဲထားတယ်။ သွေဖည်ယင်/အများပြည်သူလက်မခံရင်တော့ ထိန်းဖို့ဖြစ်လာမယ် မူရင်းတော့ မပျက်နိုင်ဘူးပေါ့” (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားခဲ့သည်။

မင်းအောင်လှိုင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဒေါင်းနန်းကျမှနှုတ်ဆက်ပါ၏” ဟူသော ကျေးရွာဆိုင်းဘုတ်ဓာတ်ပုံနှင့်အတူ ” လိုလိုမယ်မယ် Save ထားတဲ့ပုံကလေး အခုမှပဲအသက်ဝင်လာတော့တယ်” ဟု စစ်အာဏာသိမ်းမှုကို ဝမ်းပန်းတသာဖြင့် ဗိုလ်မှူးချုပ် အုန်းသွင်က ကြိုဆိုခဲ့သည်။

အာဏာသိမ်းသည့်နံနက်ပိုင်း ပျော်လွန်း၍ ညတွင်ပါတီပေးအောင်ပွဲခံမည်ဟုပင် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်တပ်ဆန့်ကျင်သူ ပြည်သူမှန်သမျှကို သတ်ဖြတ်ရန် တိုက်တွန်းသူ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး စစ်တပ်အနေဖြင့် နွေဦးတော် လှန်ရေး ဆန္ဒပြလူငယ်များကို မလှန်နိုင်ရေး များများ သတ်ဖြတ်ရန် တိုက်တွန်းခဲ့သူတစ်ဦးအဖြစ် ဗိုလ်မှူးချုပ်အုန်းသွင်က မှတ်တမ်းကျန်ခဲ့သည်။

“များများသတ်ပစ်မှ ဒီလိုပရမ်းပဒါ ဖြစ်နေတာတွေ အကုန်ငြိမ်သွားမှာ၊ မြန်မြန်နဲ့ များများသတ်ပစ်မှ ရမှာ ” ဟု ဗိုလ်ချုပ်အုံးသွင်က စစ်တပ်သို့ သဘောထားမှတ်ချက်ပေးသည်ဟု တပ်တွင်းသတင်းရင်းမြစ် ထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ရိုင်းစိုင်းခဲ့သူ

အုန်းသွင်သည် စစ်တပ်တွင်းရှိစဉ်က ” ယုတ်ယုတ်ပတ်ပတ်” ဆဲရေးတိုင်းထွာတတ်သူဖြစ်ကာ စစ်တက္ကသိုလ်တွင် သူ့ကို မြင်းဂေါင်းဟုနာမည်ပြောင်ပေးခဲ့ကြကြောင်း တပ်တွင်းသတင်းရပ်ကွက်ထံမှ သိရှိရသည်။ သူသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့သူဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နေ့ သူ၏ လူမှုကွန်ရက်တွင် “International Prostitute ဟု ခေါ်သော နိုင်ငံတကာ ဖာသည် မအား အကျွန်ုပ် မျက်ဝါးထင်ထင် တွေ့မြင်ရပြီမို့ သေပျော်ခြေပြီပါတကား” ဟု (မူရင်းအတိုင်းဖော်ပြထားပါသည်) မှတ်ချက်ရေးသားခဲ့သည်။

အဆိုပါ မှတ်ချက်ရေးပြီး ၄ နှစ်ကျော်ကြာအချိန်တွင် သူ သေဆုံးခဲ့ပြီဖြစ်သည်။ သေပျော်ခဲ့သည်လား ၊ မပျော်ခဲ့သည်လားကိုတော့ သူကိုယ်တိုင်မှပင် သိနိုင်မည်ဖြစ်သည်။

မွတ်စလင်ဆန့်ကျင်ရေး သံအမတ်

အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်သည် တောင်အာဖရိကနိုင်ငံ၊ မော်ဒိုက်နိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်သံအမတ်ကြီးအဖြစ် ၂၀၁၁ခု နှစ်အထိ ဆယ်နှစ်ကျော်ကြာတာဝန်ယူခဲ့သည်။သို့သော် သူသည် သံတမန်မဆန်ဘဲ မွတ်စလင် ဆန့်ကျင်ရေး ၊ မုန်းတီးရေး လူမှုကွန်ရက်တွင် အမြဲလိုလိုလှုံ့ဆော်ခဲ့သည်။

အခြေခံဥပဒေရေးရာဆိုင်ရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံမှုအတွက် ၂၀၁၉ ခုနှစ်တွင် တရားခံကြည်လင်းကို ကြိုးမိန့်သေဒဏ်နှင့် ထောင်ဒဏ် ၂၃ နှစ်ကျခံရန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ပူးတွဲတရားခံ အေင်ဝင်းဇော်ကိုလည်းကြိုးမိန့်နှင့်သေဒဏ်ချမှတ်ခဲ့ပြီး အောင်ဝင်ထွန်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ လူမှုကွန်ရက်တွင် ဗိုလ်ချုပ်အုံးသွင်က ” ငနီသေနတ်ပစ်ခံရတယ်..ဂျန္နက်ဘုံရောက်/မရောက်မသိဘူး..အင်န်ရှားလား..ကိုကြည်လင်းကိစ္စပြီး/မပြီး..မသိနိုင်ဘူး. အင်န်ရှားလား.သဗ္ဗေသတ္တာကမ္မသကာ” (မူရင်းရေးသားချက်အတိုင်းဖော်ပြ) ဟု ရေးသားခဲ့သည်။

သုံးသပ်ချက်

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စစ်အာဏာ သိမ်းမှုကို လက်ယက်ခေါ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် သူ့ဘ၀ အဆုံးသတ်ခဲ့ရသည်။ ပြည်သူကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အသတ်ခံခဲ့ရသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုကို ဝမ်းသာဝမ်းမြောက်ဖြစ်ခဲ့သော သူ့အတွက် သူသေဆုံးချိန်တွင် ပြည်သူများစွာက ဝမ်းသာအားရဖြစ်ကြသည်။

ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုသည် ယူတတ်လျှင် နေပြည်တော် စစ်ခေါင်းဆောင်များအတွက် တရားရစရာပင်ဖြစ်သည်။

ဆရာတော်၊ သံဃာတော် ဟောကြားသည့် “ကာလဝိဘတ် နောက်ပိုးတက်သော်… ဘုရားသော်မှ ပေးဆပ်ရမြဲ” ဆိုသည့် ဩဝါဒအတိုင်း ဗိုလ်မှူးချုပ်အုန်းသွင်၏ ဘဝဖြစ်စဉ်ကို ဆန်းစစ်လေ့လာလျှင် နေပြည်တော်စစ်ခေါင်းဆောင်များအတွက် သင်ခန်းစာများ ရပေလိမ့်မည်။

သို့သော် လက်နက်မဲ့ ပြည်သူထောင်ပေါင်းများစွာကို လမ်းပေါ်တွင် ခေါင်းကို ချိန်ရွယ်၍ ပစ်သတ်ခဲ့ခြင်း၊ ကလေးငယ်များကို ရဟတ်ယာဉ်ဖြင့် ပစ်သတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောရေးတွင် ပြည်သူများကို မုဒိမ်းကျင့် ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာ သန်းပေါင်းများစွာကို နှင်ထုတ် သတ်ဖြတ်ခဲ့ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တရားမျှတမှုကိုမူ စစ်ခေါင်းဆောင်များ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် ဝဋ်ကြွေးနှင့် ပြစ်ဒဏ်ကို ရာထူးရှိသည့်အချိန် မခံရလျှင်တောင်မှ ရာထူးမဲ့သည့်အချိန် ၊ အိုမင်းမစွမ်းချိန် အာဏာမဲ့သွားချိန် တရားမျှတမှုအတွက် မလွဲမသွေ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

အာဇာနည် မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင် အပါအဝင် ယခုနောက်ဆုံး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အဆုံး စစ်ခေါင်း ဆောင်များက မတရားသတ်ဖြတ်ခဲ့သော ထော င်ပေါင်းများစွာသော နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးအတွက် တရားမျှတမှု ပြန်လည် ရယူရန် ပြည်သူလူထုကလည်း ဆုံးဖြတ်ချက် ခိုင်မာနေပြီဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေနျပည္ေတာ္မွ တုန္လႈပ္ေျခာက္ျခားေနသည့္ စစ္ေခါင္းေဆာင္မ်ားအတြက္ မရဏ တရား (သို႔မဟုတ္) အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္ သတ္ျဖတ္ခံရမႈ၏ ေနာက္ကြယ္

အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၊ စိုးဝင္း အပါအဝင္ လက္ရွိ စစ္ဗိုလ္ခ်ဳပ္မ်ား၊ ယခင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္း မ်ား၏ မိတ္ေဆြ၊ အစ္ကိုႀကီး၊ ဆရာျဖစ္ခဲ့သူ စစ္တကၠသိုလ္အပတ္စဥ္ ၁၅ ေက်ာင္းဆင္း အၿငိမ္း စား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္သည္ စက္တင္ ဘာလ ၂၄ ရက္ေန႕ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္အခ်ိန္ ၎၏ သားမက္ျဖစ္သူ ဗိုလ္ႀကီးေဟာင္း ရဲေတဇႏွင့္အတူ ပစ္ခတ္ ရွင္းလင္းခံရၿပီး ေသဆုံးခဲ့ၿပီျဖစ္သည္။

စစ္ေခါင္းေဆာင္တို႔၏ စီနီယာအစ္ကိုႀကီးျဖစ္သည့္အတြ က္ ေသဆုံးခ်ိန္တြင္ေတာင္မွ အခြင့္ထူးခံ အခြင့္ အေရးကို သူရရွိခဲ့သည္။ အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္ႏွင့္ သားမက္ ဗိုလ္ႀကီးေဟာင္း ရဲေတဇတို႔၏ အသက္မဲ့ေနသည့္ ႐ုပ္အေလာင္းႏွစ္ခုကို အင္းလ်ားကန္ေဘးရွိ စစ္တပ္ပိုင္ ကန္သာယာေဆး႐ုံႀကီးတြင္ လက္ခံထားရွိခဲ့ျခင္းျဖစ္သည္။ ေနာက္ဆုံး ဘဝကူးေျပာင္းခ်ိန္တြင္ပင္ သူတို႔ႏွစ္ဦးသည္ စစ္တပ္၏ VIP ျဖစ္ေနဆဲပင္ျဖစ္သည္။

အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ အုန္းသြင္ အသတ္ခံရသည့္သတင္းက လက္ရွိ စစ္ေခါင္းေဆာင္မ်ားႏွင့္ အၿငိမ္း စား စစ္ေခါင္း ေဆာင္မ်ားအတြက္ တုန္လႈပ္ေခ်ာက္ျခားေစခဲ့သည္။ ျပည္သူကို ရမ္းခ်င္တိုင္းရမ္း သတ္ခ်င္တိုင္း သတ္ခဲ့သူမ်ား၏ ေရွ႕သို႔ ေသျခင္းတရား အခ်ိန္မေ႐ြးေရာက္လာေတာ့မည္ဆိုသည္ကို အခ်က္ ေပးေခါင္းေလာင္းထိုးျခင္းဟုဆိုလွ်င္ လည္း မမွားနိုင္ေပ။

အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ “အစ္ကိုႀကီး”ဟု မွတ္ခ်က္ဝင္ေရးေလ့ရွိေသာ လက္ရွိ နိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္၊ အျပည္ျပည္ဆိုင္ရာဆက္ဆံေရးဝန္ႀကီး ကိုကိုလွိုင္တို႔လည္း ညပိုင္း အိပ္၍ ေပ်ာ္မည္မထင္ေပ။

အုန္းသြင္၏ တပည့္မ်ားတြင္ လက္ရွိ ဒုစစ္ေခါင္းေဆာ င္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ၊ ကာကြယ္ ေရး ဦးစီးခ်ဳပ္ (ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) တို႔ပါဝင္ေလရာ ဆရာျဖစ္သူအတြက္ သကၤန္းပို႔ေပးရန္ႏွင့္ လြမ္းသူ႕ပန္းျခင္း ပို႔ရန္ ျပင္ဆင္ေနေလာက္ၾကၿပီ။

အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္ေသဆုံးမႈအေၾကာင္းအရင္းက အဘယ္ေၾကာင့္နည္း။ အေျဖကရွင္းလင္းလွသည္။ စစ္အာဏာသိမ္းမႈကို ဖိတ္ေခၚခဲ့ေသာေၾကာင့္ စစ္အာဏာသိမ္းမႈေၾကာင့္ပင္ သူ၏ ဘဝဇတ္သိမ္း နိဂုံးခ်ဳပ္သြားျခင္း ျဖစ္သည္။အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ အုန္းသြင္က မည္သို႔ မည္ပုံ စစ္အာဏာသိမ္းမႈကို ဖိတ္ေခၚခဲ့ပါသနည္း။ ေနာက္ဆုံးအခ်ိန္အထိ ျပည္သူလူထုအေပၚ မည္သို႔သေဘာထားခဲ့ပါသနည္း။

စစ္တပ္အာဏာသိမ္းေရး အစဥ္တစိုက္ႀကိဳးပမ္းခဲ့သူ

ဗိုလ္မႉးခ်ဳပ္ အုန္းသြင္သည္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ အလြန္နီးကပ္သည့္ဆက္ဆံေရးရွိၾကၿပီး အာ ဏာမသိမ္းမီ တစ္ႏွစ္အလိုက ၂၀၀၈ အေျခခံဥပေဒအတြင္းမွပင္ အာဏာသိမ္း၍ရေၾကာင္းကို အာဏာ သိမ္းသည္ဟုမေျပာဘဲ အာဏာထိန္းသည္ဟု သုံးႏႈန္းရန္ အႀကံျပဳစာတမ္းေရးသားေပးပို႔ခဲ့သူျဖစ္သည္ဟု တပ္တြင္းသတင္းရင္းျမစ္တစ္ခုက ေျပာသည္။

မတ္လ ၈ ရက္၊ ၂၀၂၀ ျပည့္ႏွစ္အခ်ိန္ သူ၏ လူမႈကြန္ရက္ တြင္ ” မသိမ္းနိုင္ေအာင္နဲ႕ ကာကြယ္ဖို႔ ေျခ/ဥ ကိုေရးဆြဲထားတယ္။ ေသြဖည္ယင္/အမ်ားျပည္သူလက္မခံရင္ေတာ့ ထိန္းဖို႔ျဖစ္လာမယ္ မူရင္းေတာ့ မပ်က္နိုင္ဘူးေပါ့” (မူရင္းသတ္ပုံအတိုင္း) ဟု ေရးသားခဲ့သည္။

မင္းေအာင္လွိုင္ စစ္အာဏာသိမ္းသည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕တြင္ “ေဒါင္းနန္းက်မွႏႈတ္ဆက္ပါ၏” ဟူေသာ ေက်း႐ြာဆိုင္းဘုတ္ဓာတ္ပုံႏွင့္အတူ ” လိုလိုမယ္မယ္ Save ထားတဲ့ပုံကေလး အခုမွပဲအသက္ဝင္လာေတာ့တယ္” ဟု စစ္အာဏာသိမ္းမႈကို ဝမ္းပန္းတသာျဖင့္ ဗိုလ္မႉးခ်ဳပ္ အုန္းသြင္က ႀကိဳဆိုခဲ့သည္။

အာဏာသိမ္းသည့္နံနက္ပိုင္း ေပ်ာ္လြန္း၍ ညတြင္ပါတီေပးေအာင္ပြဲခံမည္ဟုပင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

စစ္တပ္ဆန႔္က်င္သူ ျပည္သူမွန္သမွ်ကို သတ္ျဖတ္ရန္ တိုက္တြန္းသူ

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႕ စစ္အာဏာသိမ္းခ်ိန္မွ စတင္ၿပီး စစ္တပ္အေနျဖင့္ ေႏြဦးေတာ္ လွန္ေရး ဆႏၵျပလူငယ္မ်ားကို မလွန္နိုင္ေရး မ်ားမ်ား သတ္ျဖတ္ရန္ တိုက္တြန္းခဲ့သူတစ္ဦးအျဖစ္ ဗိုလ္မႉးခ်ဳပ္အုန္းသြင္က မွတ္တမ္းက်န္ခဲ့သည္။

“မ်ားမ်ားသတ္ပစ္မွ ဒီလိုပရမ္းပဒါ ျဖစ္ေနတာေတြ အကုန္ၿငိမ္သြားမွာ၊ ျမန္ျမန္နဲ႕ မ်ားမ်ားသတ္ပစ္မွ ရမွာ ” ဟု ဗိုလ္ခ်ဳပ္အုံးသြင္က စစ္တပ္သို႔ သေဘာထားမွတ္ခ်က္ေပးသည္ဟု တပ္တြင္းသတင္းရင္းျမစ္ ထံမွ သိရွိရသည္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ရိုင္းစိုင္းခဲ့သူ

အုန္းသြင္သည္ စစ္တပ္တြင္းရွိစဥ္က ” ယုတ္ယုတ္ပတ္ပတ္” ဆဲေရးတိုင္းထြာတတ္သူျဖစ္ကာ စစ္တကၠသိုလ္တြင္ သူ႕ကို ျမင္းေဂါင္းဟုနာမည္ေျပာင္ေပးခဲ့ၾကေၾကာင္း တပ္တြင္းသတင္းရပ္ကြက္ထံမွ သိရွိရသည္။ သူသည္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေပၚလည္း ရိုင္းရိုင္းစိုင္းစိုင္း မွတ္ခ်က္ေပးခဲ့သူျဖစ္သည္။

၂၀၁၈ ခုႏွစ္ ဇြန္လ ၂ ရက္ေန႕ သူ၏ လူမႈကြန္ရက္တြင္ “International Prostitute ဟု ေခၚေသာ နိုင္ငံတကာ ဖာသည္ မအား အကြၽန္ုပ္ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရၿပီမို႔ ေသေပ်ာ္ေျခၿပီပါတကား” ဟု (မူရင္းအတိုင္းေဖာ္ျပထားပါသည္) မွတ္ခ်က္ေရးသားခဲ့သည္။

အဆိုပါ မွတ္ခ်က္ေရးၿပီး ၄ ႏွစ္ေက်ာ္ၾကာအခ်ိန္တြင္ သူ ေသဆုံးခဲ့ၿပီျဖစ္သည္။ ေသေပ်ာ္ခဲ့သည္လား ၊ မေပ်ာ္ခဲ့သည္လားကိုေတာ့ သူကိုယ္တိုင္မွပင္ သိနိုင္မည္ျဖစ္သည္။

မြတ္စလင္ဆန႔္က်င္ေရး သံအမတ္

အၿငိမ္းစား ဗိုလ္ခ်ဳပ္အုန္းသြင္သည္ ေတာင္အာဖရိကနိုင္ငံ၊ ေမာ္ဒိုက္နိုင္ငံ၊ ဘဂၤလားေဒရွ႔္နိုင္ငံ၊ သီရိလကၤာနိုင္ငံတို႔တြင္သံအမတ္ႀကီးအျဖစ္ ၂၀၁၁ခု ႏွစ္အထိ ဆယ္ႏွစ္ေက်ာ္ၾကာတာဝန္ယူခဲ့သည္။သို႔ေသာ္ သူသည္ သံတမန္မဆန္ဘဲ မြတ္စလင္ ဆန႔္က်င္ေရး ၊ မုန္းတီးေရး လူမႈကြန္ရက္တြင္ အၿမဲလိုလိုလႈံ႕ေဆာ္ခဲ့သည္။

အေျခခံဥပေဒေရးရာဆိုင္ရာ ကြၽမ္းက်င္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ အသတ္ခံမႈအတြက္ ၂၀၁၉ ခုႏွစ္တြင္ တရားခံၾကည္လင္းကို ႀကိဳးမိန႔္ေသဒဏ္ႏွင့္ ေထာင္ဒဏ္ ၂၃ ႏွစ္က်ခံရန္ ေျမာက္ပိုင္းခရိုင္တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့သည္။ ပူးတြဲတရားခံ ေအင္ဝင္းေဇာ္ကိုလည္းႀကိဳးမိန႔္ႏွင့္ေသဒဏ္ခ်မွတ္ခဲ့ၿပီး ေအာင္ဝင္ထြန္းကို ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခဲ့သည္။

၂၀၁၉ ခုႏွစ္ ၊ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႕ လူမႈကြန္ရက္တြင္ ဗိုလ္ခ်ဳပ္အုံးသြင္က ” ငနီေသနတ္ပစ္ခံရတယ္..ဂ်ႏၷက္ဘုံေရာက္/မေရာက္မသိဘူး..အင္န္ရွားလား..ကိုၾကည္လင္းကိစၥၿပီး/မၿပီး..မသိနိုင္ဘူး. အင္န္ရွားလား.သေဗၺသတၱာကမၼသကာ” (မူရင္းေရးသားခ်က္အတိုင္းေဖာ္ျပ) ဟု ေရးသားခဲ့သည္။

သုံးသပ္ခ်က္

အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ အုန္းသြင္သည္ စစ္အာဏာ သိမ္းမႈကို လက္ယက္ေခၚခဲ့ၿပီး စစ္အာဏာသိမ္းမႈေၾကာင့္ သူ႕ဘ၀ အဆုံးသတ္ခဲ့ရသည္။ ျပည္သူကို သတ္ျဖတ္ရန္ တိုက္တြန္းခဲ့ၿပီးေနာက္ သူကိုယ္တိုင္လည္း အသတ္ခံခဲ့ရသည္။ တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီ အသတ္ခံရမႈကို ဝမ္းသာဝမ္းေျမာက္ျဖစ္ခဲ့ေသာ သူ႕အတြက္ သူေသဆုံးခ်ိန္တြင္ ျပည္သူမ်ားစြာက ဝမ္းသာအားရျဖစ္ၾကသည္။

ဗိုလ္မႉးခ်ဳပ္ အုန္းသြင္ေသဆုံးမႈသည္ ယူတတ္လွ်င္ ေနျပည္ေတာ္ စစ္ေခါင္းေဆာင္မ်ားအတြက္ တရားရစရာပင္ျဖစ္သည္။

ဆရာေတာ္၊ သံဃာေတာ္ ေဟာၾကားသည့္ “ကာလဝိဘတ္ ေနာက္ပိုးတက္ေသာ္… ဘုရားေသာ္မွ ေပးဆပ္ရၿမဲ” ဆိုသည့္ ဩဝါဒအတိုင္း ဗိုလ္မႉးခ်ဳပ္အုန္းသြင္၏ ဘ၀ျဖစ္စဥ္ကို ဆန္းစစ္ေလ့လာလွ်င္ ေနျပည္ေတာ္စစ္ေခါင္းေဆာင္မ်ားအတြက္ သင္ခန္းစာမ်ား ရေပလိမ့္မည္။

သို႔ေသာ္ လက္နက္မဲ့ ျပည္သူေထာင္ေပါင္းမ်ားစြာကို လမ္းေပၚတြင္ ေခါင္းကို ခ်ိန္႐ြယ္၍ ပစ္သတ္ခဲ့ျခင္း၊ ကေလးငယ္မ်ားကို ရဟတ္ယာဥ္ျဖင့္ ပစ္သတ္ျခင္း၊ အျပစ္မဲ့ ျပည္သူမ်ားကို ေလယာဥ္ျဖင့္ ဗုံးက်ဲျခင္း၊ စစ္ေၾကာေရးတြင္ ျပည္သူမ်ားကို မုဒိမ္းက်င့္ ညွဥ္းဆဲသတ္ျဖတ္ျခင္း၊ ရိုဟင္ဂ်ာ သန္းေပါင္းမ်ားစြာကို ႏွင္ထုတ္ သတ္ျဖတ္ခဲ့ျခင္း စသည့္ စစ္ရာဇဝတ္မႈမ်ား၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားအတြက္ တရားမွ်တမႈကိုမူ စစ္ေခါင္းေဆာင္မ်ား ျပန္လည္ေပးဆပ္ရမည္ျဖစ္သည္။

က်ဴးလြန္ခဲ့ေသာ စစ္ရာဇဝတ္မႈ၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈ အတြက္ ဝဋ္ေႂကြးႏွင့္ ျပစ္ဒဏ္ကို ရာထူးရွိသည့္အခ်ိန္ မခံရလွ်င္ေတာင္မွ ရာထူးမဲ့သည့္အခ်ိန္ ၊ အိုမင္းမစြမ္းခ်ိန္ အာဏာမဲ့သြားခ်ိန္ တရားမွ်တမႈအတြက္ မလြဲမေသြ ျပန္လည္ ေပးဆပ္ရမည္ျဖစ္သည္။

အာဇာနည္ မျမသြဲ႕သြဲ႕ခိုင္၊ မၾကယ္စင္ အပါအဝင္ ယခုေနာက္ဆုံး ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔အဆုံး စစ္ေခါင္း ေဆာင္မ်ားက မတရားသတ္ျဖတ္ခဲ့ေသာ ေထာ င္ေပါင္းမ်ားစြာေသာ ေႏြဦးေတာ္လွန္ေရး သူရဲေကာင္းမ်ားအားလုံးအတြက္ တရားမွ်တမႈ ျပန္လည္ ရယူရန္ ျပည္သူလူထုကလည္း ဆုံးျဖတ္ခ်က္ ခိုင္မာေနၿပီျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*