ရန်ကုန်နှင့် မန္တလေးတွင် တစ်နေ့ အပြား (၂၀) သာ ထုတ်ရောင်းပြီး အပြင်မှာ ပြန်ချိန်ရင် အလေးချိန်လျော့နေတဲ့ ရွှေဒင်္ဂါးမှာ ဂျင်းဖြစ်နေ…

စကစ က ရွှေစင်ပြားများ ထုတ်ရောင်းသည့်အစီအစဉ်တွင် လူတစ်ဦးကို ရွှေပြားတစ်ပြား တစ်ကြိမ်သာ ပြင်ပဈေးကွက်ပေါက်ဈေးဖြင့် မနေ့က စက်တင်ဘာလ (၂၃) ရက်နေ့က ရောင်းချပေးခဲ့သည်။

နေပြည်တော်တွင် မကဘဲ ရန်ကုန်နှင့် မန္တလေးတွင် ရွှေစင်တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သားအပြားများကို စက်တင်ဘာလ (၂၃) ရက်နေ့တွင် စတင်ရောင်းချပေးရာ ရန်ကုန်ကမ္ဘာအေးကျောက်မျက်ရတနာ ပြခန်းတွင် နေလယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးခဲ့သည်။

“အထက်ကညွန်ကြားချက်အတိုင်းရောင်းတာ မနက်ဖြန် စနေ၊ တနင်္ဂနွေတောင် ရောင်းမရောင်း မသိသေးဘူး။ တနင်္လာနေ့တော့ ပြခန်းပိတ်တယ်။ ရုံးပိတ်တယ်။ မရောင်းဘူး” ဟု ရွှေစင်ပြားရောင်းချပေးသည့် ဝန်ထမ်းက ပြောသည်။ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သားအပြားများဖြစ်ပြီး တစ်ရက်လျှင် တစ်မျိုးကို အပြား ၂၀ သာ ရောင်းချရာ စုစုပေါင်း ၃၅ ကျပ်သား ခန့်သာ ရောင်းချကြောင်း သိရှိရသည်။

စက်တင်ဘာ (၂၃) ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးအရ ရွှေစင်တစ်ကျပ်သားလျှင် ပစ္စည်းဖိုး၊ လက်ခ၊ ပိ တောက်သား ရွှေထည့်ဘူးအပါ နှစ်ဆယ့်ခုနှစ်သိန်းလေးသောင်းကျပ်ဝန်းကျင်နီးပါး (၂၇၃၈၉၀၅၀ ကျပ်) ဖြင့် ရောင်းချခဲ့သည်။ နေ့လယ် ၂ နာရီဝန်းကျင်တွင် တစ်ကျပ်သား ရွှေပြား ၂၀ မှာ ရောင်းကုန်သွားပြီး ငါးမူးသားနှင့် တစ်မတ်သားရွှေပြားအချို့သာ ကျန်နေကြောင်း ဝန်ထမ်းများက ပြောသည်။

“ဒီနေ့စရောင်းတယ်ဆိုလို့ လာပြီး စမ်းဝယ်ကြည့်တာ အပြင်ဈေးအတိုင်းဆိုတော့ ဘာမှမထူးဘူး” ဟု လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံသွန်းလုပ်ထားသော ရွှေပြားများကို စကစ က ပြင်ပရွှေဈေး၊ ဒေါ်လာဈေးဖြင့် ပြည်သူလူထုအား အမြတ်ယူရောင်းချနေခြင်းဖြစ်ပြီး မှတ်ပုံတင်မူရင်းနှင့် မိတ္တူနှစ်စုံ ယူဆောင်လာရန် လိုအပ်သည်ဟုဆိုသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်းတွင် နေ့စဉ် လူတစ်ဦးလျှင် သုံးပိသာနီးပါး အရောင်း၊ အဝယ်လုပ်ကိုင်နေသည့်အခြေအနေတွင် ရှိသောကြောင့် စကစ ၏ ရောင်းချနေသော ရွှေစင်ပြားများသည် ဈေးကွက်အပေါ်သက်ရော က်မှု မရှိနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

ရန်ကုန်ရွှေဘုံသာလမ်းတွင် အခေါက်ရွှေအရောင်း၊ အဝယ်ရပ်နားထားသော်လည်း ပြင်ပပေါက်ဈေးအရ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်းဝန်းကျင်ပေါက်ဈေးရှိသည်။“စကစ က ရောင်းပေးတဲ့ ရွှေပြားတွေက အပြင်မှာ ပြန်ချိန်ရင် နှစ်ရွှေးတစ်ခြမ်းလျော့တယ်။ မြန်မာငွေနဲ့ဆို ငါးသောင်းနဲ့ ခြောက်သောင်းကြားကွာတယ်” ဟု ဝါရင့်ရွှေကုန်သည်တစ်ဦီးက ပြောသည်။

စကစ ၏ သတင်းပြန်ကြားရေးမှ ရွှေဈေးတည်ငြိမ်ရန် ရွှေပြားများထုတ်ရောင်းနေသည်ဟု ဝါဒဖြန့်ချီ လိမ်လည်ကာ သတင်းစာရှင်းပွဲများတွင် ပြောဆိုနေသော်လည်း လက်တွေ့တွင် တနေ့ အပြား ၂၀ သာ ထုတ်ရောင်းနေသဖြင့် ဈေးကွက်လိုအပ်ချက် ပြည့်မီရန် မလွယ်ကူကြောင်းသိရသည်။ (MPA)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စကစ က ေ႐ႊစင္ျပားမ်ား ထုတ္ေရာင္းသည့္အစီအစဥ္တြင္ လူတစ္ဦးကို ေ႐ႊျပားတစ္ျပား တစ္ႀကိမ္သာ ျပင္ပေဈးကြက္ေပါက္ေဈးျဖင့္ မေန႕က စက္တင္ဘာလ (၂၃) ရက္ေန႕က ေရာင္းခ်ေပးခဲ့သည္။

ေနျပည္ေတာ္တြင္ မကဘဲ ရန္ကုန္ႏွင့္ မႏၲေလးတြင္ ေ႐ႊစင္တစ္က်ပ္သား၊ ငါးမူးသားႏွင့္ တစ္မတ္သားအျပားမ်ားကို စက္တင္ဘာလ (၂၃) ရက္ေန႕တြင္ စတင္ေရာင္းခ်ေပးရာ ရန္ကုန္ကမာၻေအးေက်ာက္မ်က္ရတနာ ျပခန္းတြင္ ေနလယ္ ၁၂ နာရီမွ ညေန ၄ နာရီအထိ ေရာင္းခ်ေပးခဲ့သည္။

“အထက္ကၫြန္ၾကားခ်က္အတိုင္းေရာင္းတာ မနက္ျဖန္ စေန၊ တနဂၤေႏြေတာင္ ေရာင္းမေရာင္း မသိေသးဘူး။ တနလၤာေန႕ေတာ့ ျပခန္းပိတ္တယ္။ ႐ုံးပိတ္တယ္။ မေရာင္းဘူး” ဟု ေ႐ႊစင္ျပားေရာင္းခ်ေပးသည့္ ဝန္ထမ္းက ေျပာသည္။ တစ္က်ပ္သား၊ ငါးမူးသားႏွင့္ တစ္မတ္သားအျပားမ်ားျဖစ္ၿပီး တစ္ရက္လွ်င္ တစ္မ်ိဳးကို အျပား ၂၀ သာ ေရာင္းခ်ရာ စုစုေပါင္း ၃၅ က်ပ္သား ခန႔္သာ ေရာင္းခ်ေၾကာင္း သိရွိရသည္။

စက္တင္ဘာ (၂၃) ရက္ေန႕ ကမာၻ႔ေ႐ႊေပါက္ေဈးအရ ေ႐ႊစင္တစ္က်ပ္သားလွ်င္ ပစၥည္းဖိုး၊ လက္ခ၊ ပိ ေတာက္သား ေ႐ႊထည့္ဘူးအပါ ႏွစ္ဆယ့္ခုႏွစ္သိန္းေလးေသာင္းက်ပ္ဝန္းက်င္နီးပါး (၂၇၃၈၉၀၅၀ က်ပ္) ျဖင့္ ေရာင္းခ်ခဲ့သည္။ ေန႕လယ္ ၂ နာရီဝန္းက်င္တြင္ တစ္က်ပ္သား ေ႐ႊျပား ၂၀ မွာ ေရာင္းကုန္သြားၿပီး ငါးမူးသားႏွင့္ တစ္မတ္သားေ႐ႊျပားအခ်ိဳ႕သာ က်န္ေနေၾကာင္း ဝန္ထမ္းမ်ားက ေျပာသည္။

“ဒီေန႕စေရာင္းတယ္ဆိုလို႔ လာၿပီး စမ္းဝယ္ၾကည့္တာ အျပင္ေဈးအတိုင္းဆိုေတာ့ ဘာမွမထူးဘူး” ဟု လာေရာက္ဝယ္ယူသူတစ္ဦးက ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံသြန္းလုပ္ထားေသာ ေ႐ႊျပားမ်ားကို စကစ က ျပင္ပေ႐ႊေဈး၊ ေဒၚလာေဈးျဖင့္ ျပည္သူလူထုအား အျမတ္ယူေရာင္းခ်ေနျခင္းျဖစ္ၿပီး မွတ္ပုံတင္မူရင္းႏွင့္ မိတၱဴႏွစ္စုံ ယူေဆာင္လာရန္ လိုအပ္သည္ဟုဆိုသည္။

ရန္ကုန္ေ႐ႊေဈးကြက္အတြင္းတြင္ ေန႕စဥ္ လူတစ္ဦးလွ်င္ သုံးပိသာနီးပါး အေရာင္း၊ အဝယ္လုပ္ကိုင္ေနသည့္အေျခအေနတြင္ ရွိေသာေၾကာင့္ စကစ ၏ ေရာင္းခ်ေနေသာ ေ႐ႊစင္ျပားမ်ားသည္ ေဈးကြက္အေပၚသက္ေရာ က္မႈ မရွိနိုင္ေၾကာင္း ေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားက ေျပာသည္။

ရန္ကုန္ေ႐ႊဘုံသာလမ္းတြင္ အေခါက္ေ႐ႊအေရာင္း၊ အဝယ္ရပ္နားထားေသာ္လည္း ျပင္ပေပါက္ေဈးအရ အကယ္ဒမီ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ၂၈ သိန္းဝန္းက်င္ေပါက္ေဈးရွိသည္။“စကစ က ေရာင္းေပးတဲ့ ေ႐ႊျပားေတြက အျပင္မွာ ျပန္ခ်ိန္ရင္ ႏွစ္ေ႐ႊးတစ္ျခမ္းေလ်ာ့တယ္။ ျမန္မာေငြနဲ႕ဆို ငါးေသာင္းနဲ႕ ေျခာက္ေသာင္းၾကားကြာတယ္” ဟု ဝါရင့္ေ႐ႊကုန္သည္တစ္ဦီးက ေျပာသည္။

စကစ ၏ သတင္းျပန္ၾကားေရးမွ ေ႐ႊေဈးတည္ၿငိမ္ရန္ ေ႐ႊျပားမ်ားထုတ္ေရာင္းေနသည္ဟု ဝါဒျဖန႔္ခ်ီ လိမ္လည္ကာ သတင္းစာရွင္းပြဲမ်ားတြင္ ေျပာဆိုေနေသာ္လည္း လက္ေတြ႕တြင္ တေန႕ အျပား ၂၀ သာ ထုတ္ေရာင္းေနသျဖင့္ ေဈးကြက္လိုအပ္ခ်က္ ျပည့္မီရန္ မလြယ္ကူေၾကာင္းသိရသည္။ (MPA)

Be the first to comment

Leave a Reply

Your email address will not be published.


*