Rap သီချင်းတွေကိုသီဆိုတဲ့ အဆိုတော် ဂျောက်ဂျက်ကိုတော့ လူငယ်ပရိသတ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဂျောက်ဂျက်ဟာ တချိန်က Hip Hop ဂီတလောကမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ထိပ်ဆုံးကနေ အောင်မြင်မှုရရှိခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ သီချင်းသစ်တွေမထွက်ရှိသလောက်ကို နည်းပါးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂျောက်ဂျက်က
ငွေညှစ်သူတွေနဲ့ ကြုံခဲ့ရတဲ့ သူ့ရဲ့အကြောင်းကို အခုလိုပဲ ဝေမျှလာခဲ့ပါတယ်။ ဂျောက်ဂျက်က “မနေ့ညက လမ်းထိပ်က g&g မှာလိုတာ ထွက်ဝယ်တာ ည ၈နာရီခွဲလောက်ရေကျော်citymart ရှေ့မှာ
ကျွန်တော့်ကားဆီကိုပြေးဝင်လာပြီး ဘက်ကြည့် မှန်ကို ဝင်တို က်ပြီး ကား တို က် ခံရတယ်ဆိုပြီး ပ စ်လဲနေလို့ သွားဆွဲထူပြီး နောက်ထပ် သူ့လူ၂ယောက် နဲ့ ကျွန်တော်ဆေးခန်းလိုက်ပို့တာ
ဆေးခန်းတွေ တစ်ခုမှ မဖွင့်တော့ ကျွန်တော့်ကို ကားထဲမှာ ငွေညှစ်နေတာ သိလို့ အိမ်ပြန်ပြီး ပိုက်ဆံယူမယ်ပြောပြီး အိမ်နီးချင်းတွေနဲ့ ရပ်ကွက်လူကြီးတွေကို အကျိုးအကြောင်းပြောပြပြီး ခေါပြီး စစ်ဆေးတော့
မှတ်ပုံတင်အတုတွေရော သူတို့လိပ်စာ အလုပ်အကိုင်တွေကအစ အကုန်အတုတွေ ကျနော် မောင်းတဲ့အရှိန်ကို ကျနော် သိတဲ့အပြင် သူလာဝင်တိုက်တာကိုလည်း ကျွန်တော်သိနေလို့ ဖြစ်စဉ်အစထဲက
ကျနော်ဘာမှ သိပ်မစိုးရိမ်တာ သူတို့ဘာသူတို့ ရုပ်ရှင်ရိုက်ပြီးငွေညှစ်တာမျိုး ကားထဲမှာ တုန်းက သေအောင်အော်နေတဲ့ လူက လူကြီးတွေရှေ့ အလိမ်လဲပေါ်ရော ဒ ဏ်ရာပါပျောက်သွားတယ်။
ကိုယ့်ကားနဲ့ ကိုယ်သွားလဲ ဂရုစိုက်ပါ။ ညဖက်တွေက အဲလိုတွေ များတယ်။ ညက ကူညီပေးကြတဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖများနဲ့ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဆိုပြီး
ပြောလာတာပဲဖြစ်ပါတယ်။ဂျောက်ဂျက်ကတော့ သူ့ကားနဲ့ တို က် မိချင်ယောင်ဆောင်ပြီး ငွေညှစ်ဖို့ကြိုးစားကြသူတွေကို ရပ်ကွက်ထဲက ရပ်မိရပ်ဖအကူအညီတွေနဲ့ ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply