ကုန်ပစ္စည်းတွေကို ဈေးမကျလို့ မင်းအောင်လှိုင်မပြောပဲ ဈေးသည်တွေကို ဂျေဝင်နေတဲ့ မအလခေတ် ဈေးမရောင်းဖူးသော စည်သူမောင်
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် စည်သူမောင်ကတော့ သွားတက်ကလေးနဲ့ စွဲဆောင်မှုရှိတာကြောင့် တချိန်က မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စည်သူမောင်ဟာ ဒီကနေ့မှာတော့ ဒေါ်လာဈေး၊ ဆီဈေးတွေပြန်ကျပေမယ့်လည်း ဆေးဝါးနဲ့ကုန်ပစ္စည်းတွေကို ဈေးမချပေးကြတဲ့ ဝိသမလောဘသားတွေအကြောင်း ပြောလာခဲ့တာကို တွေ့ရပါတယ်။
စည်သူမောင်က “$ ဈေးတွေ ဆီဈေးတွေ တဖြည်းဖြည်းပြန်ကျလာပြီ ဒါပေမယ့် $ / ဆီဈေး တက်လို့ဆိုပြီး အပြိုင်လိုက်တက်တဲ့ ဆေး နဲ့ အခြားပစ္စည်းတွေ ဈေးပြန်မချပေးကြဘူး။
အမှန်တော့ ဥပမာတခုပြရရင် ဈေးရောင်းတဲ့သူက ပစ္စည်းတမျိုးကို အရင်ဈေးနဲ့ ၁ ခု ၁၀၀၀/- နဲ့ ၁၀ ခုဝယ်ထားပြီးပြန်ရောင်းတယ်ဆိုပါစို့ ဒီပစ္စည်းရောင်းမကုန်သေးသ၍ သူ့အရင်းက ၁၀၀၀/- ပဲလေ
နောက်တခါပြန်ဝယ်လို့ အရင်း ၂၀၀၀/- ဖြစ်သွားလဲ အဲ့ကျမှ ဈေးတင်ရောင်းပေါ့။ အခုက အရင်ပစ္စည်း အရင်း ၁၀၀၀/- နဲ့ဝယ်ထားတာရောင်းမကုန်သေးဖူး ပြန်ဝယ်ရက် ဒီဈေးနဲ့မရတော့ဖူးဆိုပြီး
အရင်း ၁၀၀၀/- နဲ့ပစ္စည်းကို အရင်း ၂၀၀၀/- ဈေးနဲ့ ချက်ချင်း ဈေးတင်ရောင်းရော တကယ်တမ်း နစ်နာသူတွေက စားသုံးသူတွပေါ့။ ဆးကုမ္ပဏီအချို့ ပိုဆိုးပါတယ်။ ခုဈေးတွေပြန်ကျတော့ ခုနကလို ကျဈေးနဲ့ရထားပေမယ့်
တက်ဈေးနဲ့တင်ရောင်းတဲ့သူတွေက အရင် ဝယ်ရင်းဈေးအမြင့်နဲ့ ဝယ်ထားရလို့ ပြန်ချပေးလို့ မရဘူးတဲ့။ အဲ့ဒါ ဝိသမလောဘသားထဲမှာပါတယ်။ မဖြစ်မနေ လိုအပ်လို့ ဝယ်ယူသုံးစွဲရတဲ့သူတွေအတွက်တော့
စိတ်မကောင်းစရာပဲ ပြည်သူပြည်သားတွေ အဆင်ပြေဖို့ ဆုတောင်းရုံမှတစ်ပါး” ဆိုပြီး ပြောလာခဲ့ပါတယ်။စည်သူမောင်ကတော့ ဝယ်ရင်းဈေးအမြင့်နဲ့ ဝယ်ထားရလို့
ပြန်ချပေးလို့ မရဘူးဆိုကာ တက်ဈေးနဲ့ပစ္စည်းတွေရောင်းချနေသူတွေဟာ ဝိသမလောဘသားတွေဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*