ပြည်ပကို အားကိုးခြင်းထက် တိုင်းပြည်နဲ့ စီးပွားရေးကို ပြည်တွင်းအားနဲ့ အကောင်အထည် ဖော်မယ်လို့ စကစ ဥက္ကဌ ပြော

ပြည်ပကို အားကိုးခြင်းထက် တိုင်းပြည်ရဲ့စီးပွားရေးကို ပြည်တွင်းအားနဲ့အကောင်အထည် ဖော်မယ်လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “မိမိ၏ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒမှာ ပြည်တွင်းစီးပွားရေးကို အားပေးခြင်းနှင့် ကုန်ထု တ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ပြည်ပအားကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း၊

ပြည်တွင်းအား ဖြင့်ဆောင်ရွက်ရာတွင်လည်း အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကို ပြည်တွင်းစီးပွားရေးအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်” လို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၂)မှာ ပြောတာပါ။

ယင်းအပြင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူဖြစ်ရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို တိုးမြှင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေအောက် သယံဇာတများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေရရှိရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန် ဒေသအလိုက် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး ဆောင်ရွက်သွားရန် လိုအပ်တယ်လို့လည်း ထပ်ပြောပါတယ်။

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်






Be the first to comment

Leave a Reply

Your email address will not be published.


*