ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တုန်းက ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အားလုံးပဲမှတ်မိကြအုန်းမှာပါပဲနော်။လမင်းကဗျာ ဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ရုံတင်မကပဲ ဂီတလောကထဲကို ဝင်ရောက်ဖို့လဲ ကြိုးစားခဲ့ပါသေးတယ်။ သူမရဲ့သီချင်းတွေကို
နယ်ပရိသတ်တွေကို အဓိကနားထောင်စေချင်တဲ့အတွက် သီချင်းခွေတစ်ခွေကို ထုတ်ခဲ့ပါသေးတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လမင်းကဗျာ ဟာ
အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှု့တွေ နည်းပါးသွားခဲ့ပါတယ်။ ဒါကြောင့်လဲ ရုပ်ရှင်မရိုက်ကူးဖြစ်တော့ပေမယ့် စီးပွားရေးအနေနဲ့ ဘီယာဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားတာပါ။ အခုတစ်ခါမှာတော့ လမင်းကဗျာ ဟာ
လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ပြီးတော့ DJ လောကထဲကို ဝင်ရောက်သွားခဲ့ပြန်ပါပြီ။ လမင်းကဗျာ ဟာ အသက် ၃၃ နှစ်ပြည့်မွေးနေ့မှာ Dj လောကထဲကို စတင်ဝင်ရောက်တော့မယ့်အကြောင်း
ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။သူမကတော့ ပထမဆုံးပွဲဦးထွက်ပွဲအတွက် ရင်တွေအရမ်းခုန်နေပြီးတော့ သူမကိုအားပေးချင်တဲ့ပရိသတ်တွေကို ဝိုင်းလေးတွေကြိုဝယ်ပေးဖို့
သူမရဲ့လူမှု့ကွန်ယက်ပေါ်ကနေ“28 ရက်နေ့အတွက်ပွဲလေးပါရှင့် ဝိုင်းလေးတွေ ကြိုဝယ်ထားလို့ရပါပီနော် ပွဲအတွေ့အကြုံတွေ မရှိသေးလို့ ရင်ခုန်ပီး စိတ်ပူနေပါတယ်လို့စ်” လို့
တောင်းဆိုထားပါတယ်။ ပရိသတ်ကြီးရေ လမင်းကဗျာ သွားရောက်တီးခတ်မယ့် Bar ကတော့ Divine Bar မှာတီးမယ်လို့သိရပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply