ပြည်ပသို့ လူငယ်များ ထွက်ခွာမှု များပြားနေ၍တားဆီး ကြပ်မတ်ရန်၊ ပြည်ပထွက်မည်ဆိုပါက လစာ၏ ရာခိုင် နှုန်း မည်မျှကို ပြည်တွင်းထံ ပြန် လည်ပေးပို့ရမည်ဆိုသော စာချုပ် တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင် ညွှန်ကြား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ်များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက်ခွာသွားသော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ် စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မင်းအောင်လှိုင်က ညွှန်ကြား ချက် ၁၀ ချက်ပေးခဲ့ပြီး ယင်းတို့အနက်တွင် အချက် ၂ ချက်မှာ ပြည်ပသို့ လူငယ်များ ထွက်ခွာနေမှုများနှင့်ပတ်သက်၍ တင်းကျပ်ရန် အမိန့်ပေးခြင်းဖြစ် သည်။ (အစည်းအဝေးတွင် မင်းအောင်လှိုင် ညွှန်ကြားသည့် လျှို့ဝှက် အမိန့် အချက် ၈ ချက်ကိုလည်း ထပ်မံ သတင်းဖော်ပြပါမည်။)

ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုသည်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင် နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာ ချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတ ည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က အမိန့်ပေးကြောင်း သိရှိရသည်။

လတ်တလော ပြည်တွင်းတွင် ပြည်ပ ထွက်ခွာနိုင်ရေး နိုင်ငံကူးလက်မှတ်လုပ်ရန် အလွန်ခက်ခဲနေပြီး လာဘ်ပေးလာဘ်ယူမှုများမှာလည်း အလွန်ကြီးထွားနေကြောင်း ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် လူငယ်များထံမှ သိရှိရသည်။

“ပြည်ပထွက် အလုပ်လုပ်ဖို့က နိုင်ငံကူးလက်မှတ် လုပ်ဖို့တင် အတော်ကိုခက်ခက်ခဲခဲလုပ်နေရပါတယ်။ ပတ်စ်ပို့ အမြန်လုပ်ချင်ရင် ၅ သိန်းလောက်ကို ပေးနေရတာတွေလည်းရှိနေပါတယ်” ဟု မအူပင်မှ လူငယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် အာဏာသိမ်းချိန်မှစတင်ပြီး လူငယ်များ အလုံးအရင်းဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေခြင်းဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျပည္ပသို႔ လူငယ္မ်ား ထြက္ခြာမႈ မ်ားျပားေန၍တားဆီး ၾကပ္မတ္ရန္၊ ျပည္ပထြက္မည္ဆိုပါက လစာ၏ ရာခိုင္ ႏႈန္း မည္မွ်ကို ျပည္တြင္းထံ ျပန္ လည္ေပးပို႔ရမည္ဆိုေသာ စာခ်ဳပ္ တစ္ပါတည္း လက္မွတ္ေရးထိုးခိုင္းရန္ မင္းေအာင္လွိုင္ ၫႊန္ၾကား

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ျပည္ပ နိုင္ငံမ်ားသို႔ လူငယ္မ်ား ထြက္ခြာေနမႈ မ်ားျပားေန၍ တင္းက်ပ္ ၾကပ္မတ္ရန္ႏွင့္ ျပည္ပထြက္ခြာသြားေသာ အလုပ္သမားမ်ားအေနျဖင့္ လစာ၏ ရာခိုင္ႏႈန္း မည္မွ်ကို ျပည္တြင္း ျပန္လည္ေပးပို႔ရမည္ ဆိုေသာ စာခ်ဳပ္ကို လက္မွတ္ေရးထိုးခိုင္းရန္ ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။

၂၀၂၂ ခုႏွစ္ ဩဂုတ္လ ၁၈ ရက္ေန႕ ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ေသာ လုံၿခဳံ ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေကာ္မတီ အစည္းအေဝးအမွတ္ စဥ္ ၅/၂၀၂၂ တြင္ မင္းေအာင္လွိုင္က အထက္ပါအတိုင္း ၫႊန္ၾကားလိုက္ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးတြင္ မင္းေအာင္လွိုင္က ၫႊန္ၾကား ခ်က္ ၁၀ ခ်က္ေပးခဲ့ၿပီး ယင္းတို႔အနက္တြင္ အခ်က္ ၂ ခ်က္မွာ ျပည္ပသို႔ လူငယ္မ်ား ထြက္ခြာေနမႈမ်ားႏွင့္ပတ္သက္၍ တင္းက်ပ္ရန္ အမိန႔္ေပးျခင္းျဖစ္ သည္။ (အစည္းအေဝးတြင္ မင္းေအာင္လွိုင္ ၫႊန္ၾကားသည့္ လွ်ို႔ဝွက္ အမိန႔္ အခ်က္ ၈ ခ်က္ကိုလည္း ထပ္မံ သတင္းေဖာ္ျပပါမည္။)

ျပည္ပနိုင္ငံမ်ားသို႔ လူငယ္မ်ား ဆက္တိုက္ထြက္ခြာေနမႈေၾကာင့္ ေနာင္တြင္ ျပည္တြင္းတြင္ အလုပ္သမားရွားပါးမႈ ျပႆနာ မျဖစ္ေပၚေစေရးအတြက္ ျပည္ပ ထြက္ခြာမႈမ်ားႏွင့္ပတ္သက္၍ ၾကပ္ၾကပ္မတ္မတ္ေဆာင္႐ြက္ရန္ႏွင့္ ျပည္တြင္းတြင္ အလုပ္အကိုင္အခြင့္ အလမ္းမ်ား ရရွိေရး ေဆာင္႐ြက္ရန္ မင္းေအာင္လွိုင္က ၫႊန္ၾကားေျပာဆိုသည္။

ထို႔ျပင္ ျပည္ပသို႔ သြားေရာက္ အလုပ္လုပ္ကိုင္သူ လူငယ္မ်ား အေနျဖင့္ ျပည္တြင္းသို႔ လစာ၏ ရာခိုင္ ႏႈန္း မည္မွ် ေပးပို႔ရန္ ဆိုေသာ အခ်က္ကိုလည္း စာ ခ်ဳပ္အျဖစ္ ထည့္သြင္းကာ ျပည္ပမထြက္ခင္ကတ ည္းက တစ္ပါတည္း လက္မွတ္ေရးထိုးခိုင္းရန္ မင္းေအာင္လွိုင္က အမိန႔္ေပးေၾကာင္း သိရွိရသည္။

လတ္တေလာ ျပည္တြင္းတြင္ ျပည္ပ ထြက္ခြာနိုင္ေရး နိုင္ငံကူးလက္မွတ္လုပ္ရန္ အလြန္ခက္ခဲေနၿပီး လာဘ္ေပးလာဘ္ယူမႈမ်ားမွာလည္း အလြန္ႀကီးထြားေနေၾကာင္း ျပည္ပထြက္ခြာရန္ ႀကိဳးစားေနသည့္ လူငယ္မ်ားထံမွ သိရွိရသည္။

“ျပည္ပထြက္ အလုပ္လုပ္ဖို႔က နိုင္ငံကူးလက္မွတ္ လုပ္ဖို႔တင္ အေတာ္ကိုခက္ခက္ခဲခဲလုပ္ေနရပါတယ္။ ပတ္စ္ပို႔ အျမန္လုပ္ခ်င္ရင္ ၅ သိန္းေလာက္ကို ေပးေနရတာေတြလည္းရွိေနပါတယ္” ဟု မအူပင္မွ လူငယ္တစ္ဦးက ဆိုသည္။

ျမန္မာနိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ အၾကမ္းဖက္ စစ္ေခါင္း ေဆာင္ မင္းေအာင္လွိုင္ အာဏာသိမ္းခ်ိန္မွစတင္ၿပီး လူငယ္မ်ား အလုံးအရင္းျဖင့္ ျပည္ပနိုင္ငံမ်ားသို႔ ထြက္ခြာေနျခင္းျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*