
အကြမ်းဖက်စစ်တပ်၏ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာအရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက် ဗိုလ်ကြီးဟောင်းရဲတေဇ ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ယနေ့ တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။
ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် လှိုင်မြို့နယ် ၁၂ရပ်ကွက်အတွင်းရှိ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၊ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ကို ပစ်ခတ်စဉ် သားမက်ဖြစ်သူ ဗိုလ်ကြီး ဟောင်းရဲတေဇပါ ကျည်ထိသေဆုံးသွားခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
“သားမက်ဖြစ်သူ( ဗိုလ်ကြီးဟောင်း) ရဲတေဇပါ ဆုံးသွားပါတယ်။ (ဗိုလ်ချုပ်ငြိမ်း) ဦးအုန်းသွင်ရော (ဗိုလ် ကြီးဟောင်း)ရဲတေဇပါ ဆုံးပါတယ်” ဟု ရဲသတင်းရင်းမြစ်က အတည်ပြုပြော ဆိုသည်။
“ဒီနေ့ပစ်ခတ်မှုက သူ့ကိုပဲ ရည်ရွယ်တဲ့ရှင်းလင်းမှုဖြစ်ပေမယ့် သူ့ရဲ့သားမက် ( အငြိမ်းစားဗိုလ်ကြီးရဲတေဇ) က မြို့ပြပြောက်ကျားရဲဘော်တွေကိုရန်ပြုဖို့ကြိုးစားခဲ့လို့သူ့ကိုပါတခါတည်းရှင်းလင်းခဲ့ရပါတယ်။ သူတို့အိမ်မှာ တခြားမိသားစုဝင်တွေအများကြီးရှိပေမယ့် ဘာမှ မလုပ်ခဲ့ပါဘူး” ဟု မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြော သည်။
အဆိုပါမြို့ပြ စစ်ဆင်ရေးကို အမည်မဖော်လိုသည့် မြို့ပြတပ်ဖွဲ့တစ်ခုနှင့် Inya Urban Force အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အုန်းသွင်သည် DSA စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်း ဆင်းဖြစ်ပြီး ဗိုလ်မှုးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှအငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာ သံအမတ်ကြီး ၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော်လ်ဒိုက် သံ အ မတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်ပါ တာဝန်ယူခဲ့သူလည်းဖြစ်သည်။
စစ်တပ်အာဏာမသိမ်းမီ ၁ နှစ်ခန့် အလို ၂၀၀၈ ဖွဲ့စ ည်းပုံ အခြေခံဥပဒေအတွင်းမှပင်အာဏာ သိမ်းစရာမလိုဘဲ အာဏာထိန်း၍ ရကြောင်းစာတမ်းတစ်ခု ရေး သားကာ အကြမ်း ဖက်စစ်တပ်ဒုခေါင်းဆောင်စိုးဝင်းထံပေးပို့ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
ဗိုလ်ချုပ်အုန်းသွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားဆဲဆိုဖူးသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းဆန္ဒပြလူငယ်များသတ်ဖြတ်ခံရချိန်လူမှု ကွန်ရက် ပေါ်တွင်အောင်ပွဲခံခဲ့သူလည်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ အရန်လက်ကိုင်တုတ်ဖြစ်သည့် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့တွင်လည်း နာယက အဖွဲ့ဝင်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အုန်းသွင်သည် နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် National Defense College (NDC) တွင်လည်းသင်တန်းပို့ချနေသူဖြစ်ပြီး ၎င်း၏သားမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျ နေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်အုန်းသွင်တွင် သားသမီး ၃ ဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုးဖြစ်ပြီး သမီးအငယ်ဆုံးမှာလင်းနန္ဒာသွင်ဖြစ်ကြောင်း၊ လင်း နန္ဒာသွင် ၏ ယောက်ျားမှာ စစ်အရာရှိ ဗိုလ်ကြီးဟောင်း ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်ကအငြိမ်းစားယူထားသူဖြစ်ကြောင်း သိရှိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ၏ ဆရာအရင္း ဗိုလ္ခ်ဳပ္အုန္းသြင္(ၿငိမ္း) ႏွင့္ သားမက္ျဖစ္သူ ဗိုလ္ႀကီးေဟာင္း ရဲေတဇတို႔ ပစ္ခတ္ခံရၿပီး ေသဆုံး
အၾကမ္းဖက္စစ္တပ္၏ ဒုစစ္ေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၏ ဆရာအရင္းျဖစ္သူ ဗိုလ္ခ်ဳပ္အုန္းသြင္(ၿငိမ္း)ႏွင့္ သားမက္ ဗိုလ္ႀကီးေဟာင္းရဲေတဇ ကို ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္မ်ားက ယေန႕ တြင္ ပစ္ခတ္ရွင္းလင္းလိုက္ေၾကာင္း သိရွိရသည္။
ယေန႕ မြန္းလြဲ ၃ နာရီဝန္းက်င္အခ်ိန္ လွိုင္ၿမိဳ႕နယ္ ၁၂ရပ္ကြက္အတြင္းရွိ ၎၏ ေနအိမ္အတြင္း ဝင္ေရာက္ပစ္ခတ္ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း ၊ ဗိုလ္ခ်ဳပ္အုန္းသြင္(ၿငိမ္း) ကို ပစ္ခတ္စဥ္ သားမက္ျဖစ္သူ ဗိုလ္ႀကီး ေဟာင္းရဲေတဇပါ က်ည္ထိေသဆုံးသြားျခင္းျဖစ္ေၾကာင္း ရဲသတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာဆိုသည္။
“သားမက္ျဖစ္သူ( ဗိုလ္ႀကီးေဟာင္း) ရဲေတဇပါ ဆုံးသြားပါတယ္။ (ဗိုလ္ခ်ဳပ္ၿငိမ္း) ဦးအုန္းသြင္ေရာ (ဗိုလ္ ႀကီးေဟာင္း)ရဲေတဇပါ ဆုံးပါတယ္” ဟု ရဲသတင္းရင္းျမစ္က အတည္ျပဳေျပာ ဆိုသည္။
“ဒီေန႕ပစ္ခတ္မႈက သူ႕ကိုပဲ ရည္႐ြယ္တဲ့ရွင္းလင္းမႈျဖစ္ေပမယ့္ သူ႕ရဲ႕သားမက္ ( အၿငိမ္းစားဗိုလ္ႀကီးရဲေတဇ) က ၿမိဳ႕ျပေျပာက္က်ားရဲေဘာ္ေတြကိုရန္ျပဳဖို႔ႀကိဳးစားခဲ့လို႔သူ႕ကိုပါတခါတည္းရွင္းလင္းခဲ့ရပါတယ္။ သူတို႔အိမ္မွာ တျခားမိသားစုဝင္ေတြအမ်ားႀကီးရွိေပမယ့္ ဘာမွ မလုပ္ခဲ့ပါဘူး” ဟု ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕က ေျပာ သည္။
အဆိုပါၿမိဳ႕ျပ စစ္ဆင္ေရးကို အမည္မေဖာ္လိုသည့္ ၿမိဳ႕ျပတပ္ဖြဲ႕တစ္ခုႏွင့္ Inya Urban Force အဖြဲ႕က ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ဗိုလ္ခ်ဳပ္အုန္းသြင္သည္ DSA စစ္တကၠသိုလ္အပတ္စဥ္ ၁၅ ေက်ာင္း ဆင္းျဖစ္ၿပီး ဗိုလ္မႈးခ်ဳပ္/ဗိုလ္ခ်ဳပ္ ဘဝျဖင့္စစ္တပ္မွအၿငိမ္းစားယူကာ ျမန္မာနိုင္ငံဆိုင္ ရာ သီရိလကၤာ သံအမတ္ႀကီး ၊ ဘဂ္လားေဒ့ရွ္ သံအမတ္၊ ေမာ္လ္ဒိုက္ သံ အ မတ္ ႏွင့္ေတာင္အာဖရိကသံအမတ္ အျဖစ္ပါ တာဝန္ယူခဲ့သူလည္းျဖစ္သည္။
စစ္တပ္အာဏာမသိမ္းမီ ၁ ႏွစ္ခန့္ အလို ၂၀၀၈ ဖြဲ႕စ ည္းပုံ အေျခခံဥပေဒအတြင္းမွပင္အာဏာ သိမ္းစရာမလိုဘဲ အာဏာထိန္း၍ ရေၾကာင္းစာတမ္းတစ္ခု ေရး သားကာ အၾကမ္း ဖက္စစ္တပ္ဒုေခါင္းေဆာင္စိုးဝင္းထံေပးပို႔ခဲ့ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္မ်ားက ဆိုသည္။
ဗိုလ္ခ်ဳပ္အုန္းသြင္သည္ ေဒၚေအာင္ဆန္းစုၾကည္ကို လူသိရွင္ၾကားဆဲဆိုဖူးသူျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႕ေနာက္ပိုင္းဆႏၵျပလူငယ္မ်ားသတ္ျဖတ္ခံရခ်ိန္လူမႈ ကြန္ရက္ ေပၚတြင္ေအာင္ပြဲခံခဲ့သူလည္းျဖစ္သည္။
အၾကမ္းဖက္စစ္တပ္၏ အရန္လက္ကိုင္တုတ္ျဖစ္သည့္ ျမန္မာနိုင္ငံစစ္မႈ ထမ္းေဟာင္းအဖြဲ႕တြင္လည္း နာယက အဖြဲ႕ဝင္ျဖစ္ေၾကာင္း၊ ဗိုလ္ခ်ဳပ္အုန္းသြင္သည္ နိုင္ငံ ေတာ္ကာကြယ္ေရးတကၠသိုလ္ National Defense College (NDC) တြင္လည္းသင္တန္းပို႔ခ်ေနသူျဖစ္ၿပီး ၎၏သားမွာ လက္ရွိရခိုင္ျပည္နယ္တြင္ တာဝန္က် ေနသည့္ဗိုလ္မႉး ေက်ာ္ဇင္စိုးျဖစ္ေၾကာင္း သိရွိရသည္။
ဗိုလ္ခ်ဳပ္အုန္းသြင္တြင္ သားသမီး ၃ ဦးရွိၿပီး အႀကီးဆုံးမွာ ေက်ာ္ေဇစိုး၊ အလတ္မွာ ဗိုလ္မႉးေက်ာ္ဇင္စိုးျဖစ္ၿပီး သမီးအငယ္ဆုံးမွာလင္းနႏၵာသြင္ျဖစ္ေၾကာင္း၊ လင္း နႏၵာသြင္ ၏ ေယာက္်ားမွာ စစ္အရာရွိ ဗိုလ္ႀကီးေဟာင္း ရဲေတဇျဖစ္ၿပီး အာဏာမသိမ္းခင္ကအၿငိမ္းစားယူထားသူျဖစ္ေၾကာင္း သိရွိရသည္။
Leave a Reply