Kpay အကောင့်များ ဆက်တိုက်ပိတ်ခံရသဖြင့် ပြည်သူများ ငွေကြေးဆုံးရှုံးလာ

မိုဘိုင်းလူမှုကွန်ရက်ကို အသုံးပြုပြီး ငွေသွင်းငွေထုတ်ပြုလုပ်နေရတဲ့ KBZ Pay Acc တွေ အခုရက်ပိုင်းအတွင်း အပိတ်ခံရတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Kpay နဲ့ ပတ် သက်ပြီး ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းတွေအရ ပိတ်လာတာလို့ Kpay သုံးစွဲသူတဦးက ပြောပါတယ်။

“အခုက KPZ Pay ဖွင့်ထားတဲ့ မှတ်ပုံတင်ရယ်၊ ဆင်းကတ် မှတ်ပုံတင်ရယ် တူမှ သုံးခွင့်ပေးတာ၊ level 1 ပိတ်ပစ်တာ။ အရင်က ၁၉ ရက်နေ့ ကြေညာထားတာ၊ ၁၈ ရက်လောက်ကတည်းက ပိတ်ပစ်တာ။ ကျနော်တောင် ခြောက်သောင်းပါသွားတယ်” လို့ ပြောပါတယ်။

ဒီလို KBZ Pay အကောင့်မှာ level 1 သမားတွေ အကောင့်အပိတ်ခံရတာထက် level 2 အကောင့်များပါ အပိတ်ခံလာရတာကလည်း စဉ်းစားမရနိုင်အောင် ဖြစ်ရတယ်လို့ KPay အကောင့်ပိတ်ခံရသူတဦး ဒီဗွီဘီကို ပြောပါတယ်။

“ညီမဆို ဖုန်းမှတ်ပုံတင်ရော၊ Kpay မှတ်ပုံတင်ပါတူတယ်။ ဒါပေမဲ့ အကောင့်အပိတ်ခံရတယ်၊ ၁၇ သိန်းကျော်ပါသွားတယ်၊ KPay ဖုန်းဆက်တယ်၊ ဗဟိုဘဏ်ကို စာပို့ပါတဲ့၊ မှားဖျက်မိတာ ဖြစ်နိုင်တယ်တဲ့။ ဗဟိုဘဏ်ကို gmail က စာပို့ ရမှာတဲ့၊ ပြန်ရမှာလားမေးတော့ အဲ့ဒါတော့ မသိဘူးလို့ ပြောတယ်။ အကောင့်ပြန်ရတာ မရတာ နောက်မှ၊ ကိုယ့်ပိုက်ဆံပြန်ရဖို့ ကျိန်းသေမပြောနိုင်ဘူး။”

KBZ Pay မှ အကောင့်ပိတ်သိမ်းလိုက်စဉ် ပါသွားတဲ့ငွေ ပြန်ရဖို့ ဗဟိုဘဏ်ကို ဆက်သွယ်ခဲ့ပေမဲ့ အခုထိပြန်မရဘူးလို့ KPZ Pay အသုံးပြုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗဟိုဘဏ်ကို Gmail ကနေ စာပို့ထားတယ်။ အကောင့်ပိတ်သိမ်းတဲ့အထဲ ပါသွားတယ်။ ဗဟိုဘဏ် သတ်မှတ်တဲ့ စည်းကမ်းချက်နဲ့ညီတယ်။ ဘာကြောင့် ပိတ်သိမ်းတဲ့ထဲ ပါရတာလဲပေါ့။ ၂၁ ရက်က စာပို့ထားတယ်။ အခုထိ အကြောင်းမပြန်ဘူး။”

အခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်ကို ညွှန်ကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူတွေ လှူဒါန်းလို့မရအောင် လုပ်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတဦးက သူရဲ့အမြင်ကို ပြောပါတယ်။

“အရင်ဆုံး Wave Money ကို အရင်လုပ်တယ်။ အဲဒီမှာတင် အခြေခံလူတန်းစားတွေက ဒုက္ခရောက်နေပြီ။ Wave လွှဲရင် နှစ်ဖက်လုံး မှတ်ပုံတင်ပြရတယ်။ မျက် နှာပျက်နေလို့တောင် မရဘူး။ အခုက တချက်ခုတ် သုံးချက်ပြတ် လုပ်လိုက်တာ။ ဖုန်းနံပါတ်ကနေ လိုက်လို့ရအောင် မှတ်ပုံတင်ကိစ္စလည်း မလွတ်အောင်၊ ဒါမှ ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြီးသားဖြစ်အောင်၊ နောက်ဆုံး NUG CRPH PDF ပါ လှူလို့မရအောင် လုပ်တာ” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေး (NUG) အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ပြည်သူက ယုံကြည်အားကိုးမှုနဲ့ လှူဒါန်းပေးမှာကို မလိုလားတဲ့အတွက် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို ခက်ခဲသွားအောင် စစ်ကောင်စီက ပြုလုပ်နေတာလို့ ဆိုပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မိုဘိုင္းလူမႈကြန္ရက္ကို အသုံးျပဳၿပီး ေငြသြင္းေငြထုတ္ျပဳလုပ္ေနရတဲ့ KBZ Pay Acc ေတြ အခုရက္ပိုင္းအတြင္း အပိတ္ခံရတာေၾကာင့္ ေငြေၾကးဆုံးရႈံးမႈေတြ ရွိတယ္လို႔ သုံးစြဲသူေတြက ေျပာပါတယ္။

ဗဟိုဘဏ္က ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း Kpay နဲ႕ ပတ္ သက္ၿပီး ထုတ္ျပန္ခဲ့တဲ့ စည္းကမ္းေတြအရ ပိတ္လာတာလို႔ Kpay သုံးစြဲသူတဦးက ေျပာပါတယ္။

“အခုက KPZ Pay ဖြင့္ထားတဲ့ မွတ္ပုံတင္ရယ္၊ ဆင္းကတ္ မွတ္ပုံတင္ရယ္ တူမွ သုံးခြင့္ေပးတာ၊ level 1 ပိတ္ပစ္တာ။ အရင္က ၁၉ ရက္ေန႕ ေၾကညာထားတာ၊ ၁၈ ရက္ေလာက္ကတည္းက ပိတ္ပစ္တာ။ က်ေနာ္ေတာင္ ေျခာက္ေသာင္းပါသြားတယ္” လို႔ ေျပာပါတယ္။

ဒီလို KBZ Pay အေကာင့္မွာ level 1 သမားေတြ အေကာင့္အပိတ္ခံရတာထက္ level 2 အေကာင့္မ်ားပါ အပိတ္ခံလာရတာကလည္း စဥ္းစားမရနိုင္ေအာင္ ျဖစ္ရတယ္လို႔ KPay အေကာင့္ပိတ္ခံရသူတဦး ဒီဗြီဘီကို ေျပာပါတယ္။

“ညီမဆို ဖုန္းမွတ္ပုံတင္ေရာ၊ Kpay မွတ္ပုံတင္ပါတူတယ္။ ဒါေပမဲ့ အေကာင့္အပိတ္ခံရတယ္၊ ၁၇ သိန္းေက်ာ္ပါသြားတယ္၊ KPay ဖုန္းဆက္တယ္၊ ဗဟိုဘဏ္ကို စာပို႔ပါတဲ့၊ မွားဖ်က္မိတာ ျဖစ္နိုင္တယ္တဲ့။ ဗဟိုဘဏ္ကို gmail က စာပို႔ ရမွာတဲ့၊ ျပန္ရမွာလားေမးေတာ့ အဲ့ဒါေတာ့ မသိဘူးလို႔ ေျပာတယ္။ အေကာင့္ျပန္ရတာ မရတာ ေနာက္မွ၊ ကိုယ့္ပိုက္ဆံျပန္ရဖို႔ က်ိန္းေသမေျပာနိုင္ဘူး။”

KBZ Pay မွ အေကာင့္ပိတ္သိမ္းလိုက္စဥ္ ပါသြားတဲ့ေငြ ျပန္ရဖို႔ ဗဟိုဘဏ္ကို ဆက္သြယ္ခဲ့ေပမဲ့ အခုထိျပန္မရဘူးလို႔ KPZ Pay အသုံးျပဳသူတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“ဗဟိုဘဏ္ကို Gmail ကေန စာပို႔ထားတယ္။ အေကာင့္ပိတ္သိမ္းတဲ့အထဲ ပါသြားတယ္။ ဗဟိုဘဏ္ သတ္မွတ္တဲ့ စည္းကမ္းခ်က္နဲ႕ညီတယ္။ ဘာေၾကာင့္ ပိတ္သိမ္းတဲ့ထဲ ပါရတာလဲေပါ့။ ၂၁ ရက္က စာပို႔ထားတယ္။ အခုထိ အေၾကာင္းမျပန္ဘူး။”

အခုလို လုပ္ေဆာင္တာဟာ စစ္ေကာင္စီအေနနဲ႕ ဗဟိုဘဏ္ကို ၫႊန္ၾကားၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ျပည္သူေတြ လႉဒါန္းလို႔မရေအာင္ လုပ္တာျဖစ္နိုင္တယ္လို႔ နိုင္ငံေရးသမားတဦးက သူရဲ႕အျမင္ကို ေျပာပါတယ္။

“အရင္ဆုံး Wave Money ကို အရင္လုပ္တယ္။ အဲဒီမွာတင္ အေျခခံလူတန္းစားေတြက ဒုကၡေရာက္ေနၿပီ။ Wave လႊဲရင္ ႏွစ္ဖက္လုံး မွတ္ပုံတင္ျပရတယ္။ မ်က္ ႏွာပ်က္ေနလို႔ေတာင္ မရဘူး။ အခုက တခ်က္ခုတ္ သုံးခ်က္ျပတ္ လုပ္လိုက္တာ။ ဖုန္းနံပါတ္ကေန လိုက္လို႔ရေအာင္ မွတ္ပုံတင္ကိစၥလည္း မလြတ္ေအာင္၊ ဒါမွ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ၿပီးသားျဖစ္ေအာင္၊ ေနာက္ဆုံး NUG CRPH PDF ပါ လႉလို႔မရေအာင္ လုပ္တာ” လို႔ ေျပာပါတယ္။

အမ်ိဳးသားညီၫြတ္ေရး (NUG) အစိုးရနဲ႕ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ (PDF) ေတြကို ျပည္သူက ယုံၾကည္အားကိုးမႈနဲ႕ လႉဒါန္းေပးမွာကို မလိုလားတဲ့အတြက္ ေငြသြင္း၊ ေငြထုတ္လုပ္ငန္းေတြကို ခက္ခဲသြားေအာင္ စစ္ေကာင္စီက ျပဳလုပ္ေနတာလို႔ ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*