တော်လှန်ရေးရဲ့တစ်နှစ်ကျော်ကာလမှာအရင်ကလို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်ဖို့ အထမြောက်ခဲ့ပါပြီဆိုတဲ့ အကြောင်း သတင်းကောင်းပါးလာတဲ့ ကိုပေါက်

ကျနော်”မသောက်မိသော မိုးခါးရေ”

တော်လှန်ရေးရဲ့တစ်နှစ်ကျော်ကာလမှာအရင်ကလို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်ဖို့ အထမြောက်ခဲ့ပါပြီ။၂၀၂၁-ဝါခေါင်လပြည့်နေ့ (ကရင်ရိုးရာလက်ချည်ပွဲနေ့)မှာ လွတ်မြောက်နယ်မြေကိုရောက်ခဲ့ပါတယ်။လွတ်မြောက်နယ်မြေကိုထွက်လာခဲ့တာဟာတော်လှန်ရေးအတွက် အလုပ်တွေမလုပ်ရဘဲအာဏာရှင်လက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်း၊

ထောင်သွင်းအကျဉ်းချခြင်းတွေကို မခံချင်လို့ မခံနိုင်လို့ ရန်ကုန်ကို စွန့်ခွါပြီး တောထဲတိုးဝင်ခဲ့တာဖြစ်ပါတယ်။တောထဲရောက်ရင် တော်လှန်ရေးရဲဘော်တွေအကြောင်း၊လူ့အခွင့်အရေးချိုးဖောက်ခံ တိုင်းရင်း သားတွေအကြောင်း documentaryတွေရိုက်မယ်၊ဇာတ် လမ်းတိုတွေရိုက်မယ် ဆိုပြီး မောင်းတင်ခဲ့တယ်။

တကယ်တမ်းလွတ်မြောက်နယ်မြေကိုရောက်လာတော့ စိတ်ကူးနဲ့လက်တွေ့က တခြားစီဖြစ်ကုန်တယ်။များပြားလှတဲ့မြေပြင်လိုအပ်ချက်တွေ၊ကူညီရ ကယ်ဆယ်ရတဲ့ မိတ်ဆွေရဲဘော်တွေ၊ဒေသခံတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရတာတွေ၊နောက်ကျောဓားနဲ့ထိုးတဲ့သူတွေ၊ကျေးဇူးကန်းစော်ကားကြသူတွေ၊အထင်အမြင်လွဲအောင်သွေးခွဲသူတွေ၊နေရေးထိုင်ရေးစားရေးသောက်ရေးအတွက် ပြန်လည်အစပျိုးရတာတွေ အစရှိတဲ့ တော်လှန်ရေးနယ်မြေတွေမှာ တွေ့ရ ကြုံရ ရင်ဆိုင်ရတဲ့ ပြသနာတွေကြား ရုပ်ရှင်ဒါရိုက်တာစိတ်မွေးဖို့ ဆိုတာဘယ်လိုမှအဆင်မပြေခဲ့ပါဘူး။

ဒါပေမယ့်အခုအချိန်မှာတော့ဒီအခက်အခဲအတိုက် အခိုက်တွေကြားက ရုန်းထွက်နိုင်ခဲ့ပါပြီလို့ ပြောလို့ရပါပြီ။အရင်က အမည်မဖော်ဘဲချပြခဲ့သော တစ်ချို့အနုပညာတွေကိုခဏဘေးဖယ်လို့ “ဒါရိုက်တာကိုပေါက်”ဆိုတဲ့နာမည်ကိုသုံးပြီးကျနော့ရဲ့ တော်လှန်ရေးအနုပညာတစ်ခု ချပြဖို့အချိန်ရောက်လာပါပြီ။

“မသောက်မိသော မိုးခါးရေ”ဒီဇာတ်လမ်းတိုရုပ်ရှင်ကို သရုပ်ဆောင်မဟုတ်သော လွတ်မြောက်နယ်မြေရောက်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးရဲဘော်များ တိုင်းရင်းသားများနှင့် ရိုက်ကူးထားပါသည်။(ဒီရုပ်ရှင်မှာ pro သရုပ်ဆောင် တစ်ယောက်မှမပါဝင်ထားပါဘူး)

ဒီဇာတ်လမ်းသည် CDMဗိုလ်ကြီးတစ်ဦး၏အဖြစ်အ ပျက်အမှန်ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။PDF နှင့် တိုင်းရင်းသားအဖွဲ့တွေက စစ်မြေပြင်မှာရင်ဆိုင်တိုက်ပွဲတွေတိုက်ရင်း ရန်သူစစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးအောင် အမှည့်ချွေခြွေနေပါတယ်။

ကျနော်ကတော့အနုပညာလက်နက်နဲ့ စစ်သားနဲ့ရဲတွေတစ်ယောက်ပြီးတစ်ယောက် ပြည်သူနဲ့ပူးပေါင်းဖို့ဒီရုပ်ရှင်နဲ့ ဖိတ်ခေါ်နေပါတယ်။CDM စစ်သားတစ်ယောက် တိုးလာခြင်းဟာရှေ့တန်းသွားမယ့်စစ်သားတစ်ယောက် ကျဆုံးခြင်းပါပဲ။

ဒီဇာတ်ကားကိုရိုက်ရတဲ့ရည်ရွယ်ချက်ကပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသော စစ်သားနှင့်ရဲ များကိုလေးစားဂုဏ်ပြုသောအားဖြင့် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့ပါသည်။ဆက်လက်၍ပြည်သူနဲ့အတူပူးပေါင်းဖို့လည်း ဖိတ်ခေါ်ခြင်းအနေနဲ့ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့ပါသည်။ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူတွေအများကြီးရှိပါတယ်။

ဇာတ်ကားတွေပြန်ရိုက်ဖြစ်အောင်ရိုက်ဖို့ အမြဲတန်းခဏခဏလှုံ့ဆော်ပေးခဲ့သလို လိုအပ်တဲ့ ရိုက်ကွင်းပစ္စည်းများကို ကျနော်ဆီမရောက်ရောက်အောင်ပို့ပေးတဲ့ ကိုအောင်သူရနှင့်အမည်မဖော်လိုသူ အစ်ကိုကြီးတစ်ဦး၊ပစ္စည်များကို အခေါက်ခေါက်အခါခါ စိတ်မကွက်တန်းသယ်ယူပေးတဲ့ အဖွဲ့အစည်းမှ လူကြီးများ၊ကျနော်မကျွမ်းကျင်သောစစ်ဘက်ဆိုင်ရာကိစ္စတွေကိုအကြံပေးခဲ့သော CDMဗိုလ်ကြီးခန့်ကိုနှင့်CDM စစ်သားများ၊

ရိုက်ကူးခွင့်ပေးခဲ့သော သက်ဆိုင်ရာ တပ်မဟာမှဗျူဟာမှူး၊ရုံးအထိုင်မှူးနှင့်တပ်ရင်းမှူးများ၊လိုအပ် တာတွေကူညီပေးသော ဗိုလ်ရန်နိုင်၊ကော်ဘရာသူရဲကောင်းကြီးဗိုလ်တာဘော၊နေစကြာနိုင်၊နောက်ကွယ်က ရိုက် ကွင်းဖြစ်မြောက်ရေးအတွက်ကူညီပေးကြသော အကျော၊အနော၊အတီး၊ညီ၊ညီမများ၊တစ်ခါမှသရုပ် ဆောင်မလုပ်ဖူးကြသောရဲဘော်များ၊PDFရဲဘော်များနှင့်ကျေးဇူးတင်ထိုက်သူအားလုံးကို လှိုက်လှိုက်လှဲလှဲအထူးကျေးဇူးတင်ပါသည်။

မသောက်မိသော မိုးခါးရေ မှရရှိမည့်ဝင်ငွေများကို
သက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည် သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀%လှူဒါန်း ပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော၃၀% ကို အရေးပေါ်လိုအပ် ချက်များသို့ ကူညီပေးသွားမည်ဖြစ်ပါသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသမည့် နိုင်ငံများ

***UK(London)

~~~~~~~~~~~

Date: 2nd October 2022

Time : 12:00 pm to 4:00 pm

Place : The Comedy Store, 1A Oxendon St, London, SW1Y 4EE

***Australia(Sydney)

~~~~~~~~~~~~~~~

Date: 6 Oct 2022 (6-8 pm) Place: Bryan Brown Theatre, Bankstown, Sydney, Australia

***Japan (Tokyo)

~~~~~~~~~~~~~~

Date: 9th October 2022

Time : 11:00 pm to 19:00 pm

Place : 〒151-0053 2-12-3,Yoyogi,Shibuya-ku,Tokyo Japan ပွဲစဉ်(၆)ပွဲပြသမည်။

USA (New York City)

~~~~~~~~~~~~~~~~~

Date : 22 October 2022

Time : 10 am to 4 pm (multiple shows)

Venue : TBD

#မသောက်မိသောမိုးခါးရေ#ဒါရိုက်တာကိုပေါက်#shortfilm

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

က်ေနာ္”မေသာက္မိေသာ မိုးခါးေရ”

ေတာ္လွန္ေရးရဲ႕တစ္ႏွစ္ေက်ာ္ကာလမွာအရင္ကလို ႐ုပ္ရွင္ဒါရိုက္တာတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္ဖို႔ အထေျမာက္ခဲ့ပါၿပီ။၂၀၂၁-ဝါေခါင္လျပည့္ေန႕ (ကရင္ရိုးရာလက္ခ်ည္ပြဲေန႕)မွာ လြတ္ေျမာက္နယ္ေျမကိုေရာက္ခဲ့ပါတယ္။လြတ္ေျမာက္နယ္ေျမကိုထြက္လာခဲ့တာဟာေတာ္လွန္ေရးအတြက္ အလုပ္ေတြမလုပ္ရဘဲအာဏာရွင္လက္ပါးေစေတြရဲ႕ ဖမ္းဆီးျခင္း၊

ေထာင္သြင္းအက်ဥ္းခ်ျခင္းေတြကို မခံခ်င္လို႔ မခံနိုင္လို႔ ရန္ကုန္ကို စြန့္ခြါၿပီး ေတာထဲတိုးဝင္ခဲ့တာျဖစ္ပါတယ္။ေတာထဲေရာက္ရင္ ေတာ္လွန္ေရးရဲေဘာ္ေတြအေၾကာင္း၊လူ႕အခြင့္အေရးခ်ိဳးေဖာက္ခံ တိုင္းရင္းသားေတြအေၾကာင္း documentaryေတြရိုက္မယ္၊ဇာတ္ လမ္းတိုေတြရိုက္မယ္ ဆိုၿပီး ေမာင္းတင္ခဲ့တယ္။

တကယ္တမ္းလြတ္ေျမာက္နယ္ေျမကိုေရာက္လာေတာ့ စိတ္ကူးနဲ႕လက္ေတြ႕က တျခားစီျဖစ္ကုန္တယ္။မ်ားျပားလွတဲ့ေျမျပင္လိုအပ္ခ်က္ေတြ၊ကူညီရ ကယ္ဆယ္ရတဲ့ မိတ္ေဆြရဲေဘာ္ေတြ၊ေဒသခံေတြရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းရတာေတြ၊ေနာက္ေက်ာဓားနဲ႕ထိုးတဲ့သူေတြ၊ေက်းဇူးကန္းေစာ္ကားၾကသူေတြ၊အထင္အျမင္လြဲေအာင္ေသြးခြဲသူေတြ၊ေနေရးထိုင္ေရးစားေရးေသာက္ေရးအတြက္ ျပန္လည္အစပ်ိဳးရတာေတြ အစရွိတဲ့ ေတာ္လွန္ေရးနယ္ေျမေတြမွာ ေတြ႕ရ ႀကဳံရ ရင္ဆိုင္ရတဲ့ ျပသနာေတြၾကား ႐ုပ္ရွင္ဒါရိုက္တာစိတ္ေမြးဖို႔ ဆိုတာဘယ္လိုမွအဆင္မေျပခဲ့ပါဘူး။

ဒါေပမယ့္အခုအခ်ိန္မွာေတာ့ဒီအခက္အခဲအတိုက္ အခိုက္ေတြၾကားက ႐ုန္းထြက္နိုင္ခဲ့ပါၿပီလို႔ ေျပာလို႔ရပါၿပီ။အရင္က အမည္မေဖာ္ဘဲခ်ျပခဲ့ေသာ တစ္ခ်ိဳ႕အႏုပညာေတြကိုခဏေဘးဖယ္လို႔ “ဒါရိုက္တာကိုေပါက္”ဆိုတဲ့နာမည္ကိုသုံးၿပီးက်ေနာ့ရဲ႕ ေတာ္လွန္ေရးအႏုပညာတစ္ခု ခ်ျပဖို႔အခ်ိန္ေရာက္လာပါၿပီ။

“မေသာက္မိေသာ မိုးခါးေရ”ဒီဇာတ္လမ္းတို႐ုပ္ရွင္ကို သ႐ုပ္ေဆာင္မဟုတ္ေသာ လြတ္ေျမာက္နယ္ေျမေရာက္အာဏာရွင္ကိုဆန့္က်င္ေသာ ေတာ္လွန္ေရးရဲေဘာ္မ်ား တိုင္းရင္းသားမ်ားႏွင့္ ရိုက္ကူးထားပါသည္။(ဒီ႐ုပ္ရွင္မွာ pro သ႐ုပ္ေဆာင္ တစ္ေယာက္မွမပါဝင္ထားပါဘူး)

ဒီဇာတ္လမ္းသည္ CDMဗိုလ္ႀကီးတစ္ဦး၏အျဖစ္အ ပ်က္အမွန္ကို အေျခခံၿပီး ရိုက္ကူးခဲ့ျခင္းျဖစ္ပါသည္။PDF ႏွင့္ တိုင္းရင္းသားအဖြဲ႕ေတြက စစ္ေျမျပင္မွာရင္ဆိုင္တိုက္ပြဲေတြတ္ိုက္ရင္း ရန္သူစစ္သားေတြတစ္ေယာက္ၿပီးတစ္ေယာက္က်ဆဳံးေအာင္ အမွည့္ေခြၽေႁခြေနပါတယ္။

က်ေနာ္ကေတာ့အႏုပညာလက္နက္နဲ႕ စစ္သားနဲ႕ရဲေတြတစ္ေယာက္ၿပီးတစ္ေယာက္ ျပည္သူနဲ႕ပူးေပါင္းဖို႔ဒီ႐ုပ္ရွင္နဲ႕ ဖိတ္ေခၚေနပါတယ္။CDM စစ္သားတစ္ေယာက္ တိုးလာျခင္းဟာေရွ႕တန္းသြားမယ့္စစ္သားတစ္ေယာက္ က်ဆဳံးျခင္းပါပဲ။

ဒီဇာတ္ကားကိုရိုက္ရတဲ့ရည္႐ြယ္ခ်က္ကျပည္သူ႕ရင္ခြင္ခိုလႈံခဲ့ၾကေသာ စစ္သားႏွင့္ရဲ မ်ားကိုေလးစားဂုဏ္ျပဳေသာအားျဖင့္ ဒီဇာတ္လမ္းကိုရိုက္ကူးခဲ့ပါသည္။ဆက္လက္၍ျပည္သူနဲ႕အတူပူးေပါင္းဖို႔လည္း ဖိတ္ေခၚျခင္းအေနနဲ႕ ဒီ႐ုပ္ရွင္ကိုရိုက္ကူးခဲ့ပါသည္။ဒီဇာတ္ကားျဖစ္ေျမာက္ေရးအတြက္ ေက်းဇူးတင္ထိုက္သူေတြအမ်ားႀကီးရွိပါတယ္။

ဇာတ္ကားေတြျပန္ရိုက္ျဖစ္ေအာင္ရိုက္ဖို႔ အၿမဲတန္းခဏခဏလႈံ႕ေဆာ္ေပးခဲ့သလို လိုအပ္တဲ့ ရိုက္ကြင္းပစၥည္းမ်ားကို က်ေနာ္ဆီမေရာက္ေရာက္ေအာင္ပို႔ေပးတဲ့ ကိုေအာင္သူရႏွင့္အမည္မေဖာ္လိုသူ အစ္ကိုႀကီးတစ္ဦး၊ပစၥည္မ်ားကို အေခါက္ေခါက္အခါခါ စိတ္မကြက္တန္းသယ္ယူေပးတဲ့ အဖြဲ႕အစည္းမွ လူႀကီးမ်ား၊က်ေနာ္မကြၽမ္းက်င္ေသာစစ္ဘက္ဆိုင္ရာကိစၥေတြကိုအႀကံေပးခဲ့ေသာ CDMဗိုလ္ႀကီးခန့္ကိုႏွင့္CDM စစ္သားမ်ား၊

ရိုက္ကူးခြင့္ေပးခဲ့ေသာ သက္ဆိုင္ရာ တပ္မဟာမွဗ်ဴဟာမႉး၊႐ုံးအထိုင္မႉးႏွင့္တပ္ရင္းမႉးမ်ား၊လိုအပ္ တာေတြကူညီေပးေသာ ဗိုလ္ရန္နိုင္၊ေကာ္ဘရာသူရဲေကာင္းႀကီးဗိုလ္တာေဘာ၊ေနစၾကာနိုင္၊ေနာက္ကြယ္က ရိုက္ ကြင္းျဖစ္ေျမာက္ေရးအတြက္ကူညီေပးၾကေသာ အေက်ာ၊အေနာ၊အတီး၊ညီ၊ညီမမ်ား၊တစ္ခါမွသ႐ုပ္ ေဆာင္မလုပ္ဖူးၾကေသာရဲေဘာ္မ်ား၊PDFရဲေဘာ္မ်ားႏွင့္ေက်းဇူးတင္ထိုက္သူအားလုံးက္ို လွိုက္လွိုက္လွဲလွဲအထူးေက်းဇူးတင္ပါသည္။

မေသာက္မိေသာ မိုးခါးေရ မွရရွိမည့္ဝင္ေငြမ်ားကို
သက္ဆိုင္ရာေငြစာရင္းစစ္ေဆးမႈမ်ားခံယူၿပီးျပည္ သူ႕ေတာ္လွန္ေရး၏ Drone တပ္မ်ားသို႔ ၇၀%လႉဒါန္း ပံ့ပိုးမည္ျဖစ္ၿပီး က်န္ရွိေသာ၃၀% ကို အေရးေပၚလိုအပ္ ခ်က္မ်ားသို႔ ကူညီေပးသြားမည္ျဖစ္ပါသည္။

“မေသာက္မိေသာမိုးခါးေရ” ႐ုပ္ရွင္ဇာတ္လမ္းတိုကို ျပသမည့္ နိုင္ငံမ်ား

***UK(London)

~~~~~~~~~~~

Date: 2nd October 2022

Time : 12:00 pm to 4:00 pm

Place : The Comedy Store, 1A Oxendon St, London, SW1Y 4EE

***Australia(Sydney)

~~~~~~~~~~~~~~~

Date: 6 Oct 2022 (6-8 pm) Place: Bryan Brown Theatre, Bankstown, Sydney, Australia

***Japan (Tokyo)

~~~~~~~~~~~~~~

Date: 9th October 2022

Time : 11:00 pm to 19:00 pm

Place : 〒151-0053 2-12-3,Yoyogi,Shibuya-ku,Tokyo Japan ပြဲစဥ္(၆)ပြဲျပသမည္။

USA (New York City)

~~~~~~~~~~~~~~~~~

Date : 22 October 2022

Time : 10 am to 4 pm (multiple shows)

Venue : TBD

#မေသာက္မိေသာမိုးခါးေရ#ဒါရိုက္တာကိုေပါက္#shortfilm

Be the first to comment

Leave a Reply

Your email address will not be published.


*